A/H1N1 တုတ်ကွေး အတွက် ဆေးသစ် တွေ့ ပြီ ။
ယခုအခါ ကမ္ဘာတစ်ဝန်းလုံးက ကပ်ရောဂါအဖြစ် စိုးရိမ်ထိပ်လန့် နေကြသော ၀က်တုတ်ကွေး ရောဂါမှာ မြန်မာပြည်သို့ပါ
စတင် ကူးစက်လာပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများအရ သိရပါတယ်။ အဆိုပါ တုတ်ကွေးရောဂါကို
ကြောက်လန့်ကြသော မြန်မာ ပြည်သူများမှာ ရောဂါ ကူးစက် မခံရစေရန်အတွက် မျက်နှာဖုံးအကာများ အများအပြား
ဝယ်ယူနေမှုကြောင့် ယခင်က မျက်နှာဖုံးတစ်ခုလျှင် ကျပ် ၅၀ သာ ရှိနေရာမှ ဈေးများ အဆမတန်ထိုးတက်သွားပြီး
ယခုအခါ ၀ယ်ယူ၍ပင် မရနိုင်တော့လောက်အောင် ပစ္စည်းများ ပြတ်လတ်သွားပြီ ဖြစ်ကြောင်း မင်္ဂလာဈေးတွင်
စုံစမ်းသိရှိရပါတယ် ။
ယခင်က နှင့် လတ်တလော အသုံးပြုနေကြသော ဆေး များ oseltamivir [Tamiflu(R)] , zanamivir
[Relenza(R)] နှင့် peramivir တို့ အထဲမှ တမျိုး ဖြစ်တဲ့  Tamiflu ဟာ H1N1 တုပ်ကွေး ကုသမှုမှာ
ဆေးယဉ်ပါးမှုများ ပေါ်ပေါက်လာတဲ့ အတွက် ( ဆေးမတိုးတော့ခြင်း) အခက်အခဲ တွေ ရှိလာရပါတယ်။
ယခု လွန်ခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ် က သတင်းကောင်း တခု ထွက်လာတာမို့  ဖြန့် ဝေပေးလိုက် ပါတယ် ။
ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်သောကြောင့်
အမေရိကန် ကုမ္မဏီငယ်လေး ဒေါ်လာသန်း ၃၅ သန်း ဆုချီးမြင့်ခြင်း ခံရကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌါနက
ထုတ်ပြန်လိုက်ပါတယ်။
"အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ယနေ့ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ်တဲ့
Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ WHO က သတ်မှတ်ထား
တဲ့  ၀က်တုတ်ကွေးရောဂါ လို့ အများခေါ်ဆိုနေကြတဲ့ A/ H1N1 တုတ်ကွေးရောဂါကို ကာကွယ်နိုင်သည့် ဆေးဝါး
FluBlok® ( thimerosal )ကို ထုတ်လုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံ
ရကြောင်း သိရပါတယ်။ ဆေးဝါး ကုသမှု ပထမအပတ်စဉ် အဖြစ် လူဦးရေ တစ်သိန်းအား လွန်ခဲ့သော သီတင်းပတ်က
အဆိုပါ ကာကွယ်ဆေးကို ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ Protein Sciences Corporation, ၏ စီးပွါးရေး
အခြေအနေမှာ အထူးကောင်းမွန်လျက်ရှိနေပြီး လာမည့်နှစ်များအတွင်း အမှာစာပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိ
ရှိလာမည် ဖြစ် ပါတယ်။
ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော ၀က်တုတ်ကွေးရောဂါ A/H1N1
influenza or ( "swine flu")ကာကွယ်ဆေး ကို လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က ထုတ်ဖေါ် နိုင်ခဲ့ပြီး
တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာမှာ အန္တရာယ်ကင်းမှုနှင့် စမ်းရည်ထက်မြက်မှုတို့တွင် ယုံကြည့်စိတ်ချရသော အနေအထား
သို့ ရောက်ရှိခဲ့ပြီ ဖြစ်တဲ့ အတွက် အဆိုပါဆေးကို ယခုအခါ လူသားတို့အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ် ။
ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့် ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး
တို့အတွက်မူ အနည်းငယ်သော ချွင်းချက်များ ရှိနေပါသေးတယ်။
ဥပမာ - ရင်ကြပ်ပန်းနာ ရောဂါ ရှိသော ကလေးငယ်များ မှာ ဆေးမတည့် သော ဘေးထွက် ဆိုးကျိုး များ ရှိနိုင်
ပါတယ်။ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သော ကြက်ဥ အမျိုးအစား ဖြစ်ရမည်
ဖြစ်တဲ့အတွက်ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်ပါတယ်။
H1N1 ၀က်တုတ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ ကောင်ကဲ့သို့
ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား လာစေတတ်သော
ရောဂါမျိုး ဖြစ်ပြီး ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း
လည်း သိရပါတယ်။
တင်ပြပေးတာ ဖြစ်ပါတယ် ။
လူသားအားလုံး ကပ်ဘေး အမျိုးမျိုးမှ ကင်းဝေး ပြီး ကျန်းမာ ပျော်ရွှင် နေနိုင်ကြပါစေ ။





9 comments:
ဝေး ပျော်စရာကြီး ဆေးရှာလို့ တွေ့ ပြီပေါ့လေ
ကြိုတင်သောက်မှတော်ခါကျမယ်
အမားရေ ဆေးကို နင့်မောင်ဆီပို့ ပေးလိုက်နော် သိလား
မဟုတ်ရင် မတွေ့ မမြင်လိုက်ရပဲဖြစ်နေမယ် နင့်မောင်အကောင်းစားလေးကို
ဒီသတင်းလေး ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ မရယ်... နို့် မို့  တပြည်တရွာမှာ လန့် နေရတာ။
မမရေ
သတင်းကောင်းလေး အတွက် ကျေးဇူးပါနော်။
မမကိုအားကျမိတယ်။ မေလေးလုပ်ချင်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ တွေ့တိုင်း အားကျငေးမောမိတယ်။
ဆေးတွေ့ ပြီ ဆိုတော့..ဝမ်းသာတယ်.
မဟုတ်ရင်..လူတွေ..ဘယ်လောက်တောင်.
ဆုံးရူံး.အုံးမလဲ မသိဖူးနော်..
အားပေးနေပါတယ်..ရှင်
အင်း သတင်းကောင်းပေါ့....
ဝမ်းသာပါတယ်
ဆေးဖော်ထုတ်နိုင်သော ပညာရှင်များကို ကျေးဇူးအထူးတင်ရမှာပဲ...........
အစ်မကြီးကိုလဲ တင်ပါသည် သတင်းလေး ဖြန့်ဝေပေးလို့
ကမ္ဘာကြီးသာယာအေးချမ်းပါစေ
တွေ့သွားပြီး
တွေ့သွားပြီး
သူတို့တွေ့ရှိသွားပြီး
ပြောပါတယ်
သူတို့ဒီလောက်မညံ့ပါဘူးဗျားး
ဖိုးစိန်သင်ကြားပြသထားတာအများကြီး
ခုတော့ ဥာဏ်ကိုလွှာပြီး သုံးတတ်ကြတဲ့အ တွက်
ပီတိဖြစ်ရပါတယ်
အင်းး...အဟီးးးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဆေးတွေ့တာက တကယ့်သတင်းကောင်းပါဗျာ...
မျက်နာဖုံးတောင် ၀ယ်လို့မရနိင်လောက်အောင် ပစ္စည်း ပြတ်နေတဲ့ နိင်ငံဆီကိုရော အဲဒီဆေးရောက်တန် ကောင်းပါရဲ့နော်...။
ဆေးရှိရဲ့နဲ့သေကြရမှာ စိုးလို့ပါ...။
...ခင်မင်စေသောအားဖြင့်....
ဆေးတွေ့ပြီ ဆိုတော့ လူသားတိုင်း မျှတစွာ လက်ဝယ်ရရှိရေးကိုပဲ ဆုတောင်းရတော့မှာပေါ့နော် ...
ဝေးးးးးးး ပျော်စရာကြီးဟေ့
ကျေးဇူးမကြီးကိ
ရှိသေးရင် နည်းနည်းပေးပါ
Post a Comment