တိမ်မပြာတဲ့ ဆန်းဒေး ။
ဒီတပါတ် ဆန်းဒေး ။ တိမ်တွေ မပြာပါဘူး ။တနေလုံး မိုးတွေရွာလိုက် အုံ့ လိုက် နဲ့ ။ ပျင်းပျင်းရှိလို့ သူငယ်ချင်းတယောက် နဲ့ အပြင်ထွက်တာ ။ မိုးရွာထဲ ဆိုင်ကယ်စီး တော့ စိုစိစိ ။ သွားမဲ့နေရာ က Tan Sui သန့် စွေ ။အိမ်ကနေ ၂ နာရီကြာလောက် မောင်းရမယ်ဆိုတော့ ချမ်းလာတာနဲ့  လမ်းတဝက်ရောက်တော့ MRT ပဲ တက်စီးလိုက်တယ်။တကယ်ဆို MRT ကို ဂိတ် စ မှ ဂိတ်ဆုံးထိ စီးလိုက်ရင် ရသား နဲ့ တမင် သက်သက် အပင်ပန်းခံတာ။ ပင်လယ်နားနီးပေမဲ့ ပင်လယ်ဝထိတော့ မသွားဖြစ်ပါဘူး ။ဟိုရောက်တော့ ဟိုနား ဒီနား လျှောက်ရင်း ဟိုစားဒီစားပေါ့ ။
ဇလုံလို အိုးထဲ မှာထဲ့ထားတာက ပုစွန် ကို ငြုပ်ကောင်းမှုန့် နဲ့ ဆား နဲ့ အသကုန် ဖြူးပြီး အခြောက်ချက်ထားတာ ။ စပ်လည်းစပ် ငံလည်း ငံ ၊နောက် တပန်းကန်က သံပုရာသီး နဲ့ ဆမ်းပြီး အရည်ရွှဲရွှဲ ချက်ထားတယ် ။ နောက်တခုက မျှစ်နုနု လေးထိပ်ပိုင်းကို ပြုတ်ပြီး အတုံးသေးသေးလှီး ။ပြီး mayonnaise ဆမ်းထားတာ( ဗိုက်ဆာလို့  သူ့ အရင်စားလိုက်တာ ၊ ပုံရိုက်ဖို့ တောင်မေ့ လို့ ။ ပန်းကန်လွတ်ပဲ ကျန်တား)။ စားနေတုံးက သတိမရ မိပါဘူး seafood နဲ့ vitamin C ဆိုတာလေ ။အို .. နဲနဲ ပဲ စားတာ ၊ ဘာမှ မဖြစ်လောက်ပါဘူး ။ စားရင်းနဲ့ တော့ ကုန်သွားတာပဲလေ ။ပုစွန်ပါဘဲ ။ ကောက်ညှင်းမှုန့် လူးပြီးကြော်တာနဲ့ တူပါရဲ့ ။ မယိုးနီးစ် နဲ့ နာနတ်သီးစိတ် လည်းပါသေးတယ် ။
ဒါက ပင်လယ် ခရု ကြော်တာတဲ့  ။ မြေပဲဆန်တွေရော ။ ကြက်သွန်မိတ်တွေရော ။ စားလို့ တော့ မဆိုးပါဘူး ။ ကိုယ်မှ မချက်တတ်တာ ။ ဂျီးမများပါဘူး ။ တွေ့ ရာ စားပါပဲ ။
အဲ့ဒီ တရုပ်မလေးက တမင်မှာတာ ။ ဗိုက်ဆာတာနဲ့  ဘာမှန်းမသိ မမေးမစမ်းပဲ စားလိုက်မိ ပါတယ် ။စားလို့အကောင်းသားရယ် ။ ကြွပ်ကြွပ်လေးကျော်ထားတာလေ ။ အသားကလဲ နူးသား၊ပင်စိမ်းရွက်နဲ့ ထဲ့ကျော်တာ မွှေးနေတာပဲ ။တလုပ်စား ပြီးမှ မေးကြည့်တာ ။ ဒီတော့ မှ လက်နဲ့ ထိုးပြီး ပြန်အန်ထုတ် ရတယ် ။ အတော်ဆိုးတဲ့ ကောင်မလေး ။ မှာလိုက်တာ က ဖါးသားတဲ့  ။ ဝေါ့ ကနဲ ပဲ ။ဆောရီး လို့ ပြန်ပြောမိရသေး ။း(( ။ တော်ပါသေးရဲ့  မားသား ကြီး ပါ ထဲ့ မမှာတာ ။
ဆိုင်က အထွက် လမ်းဘေးဆိုင်တွေ တောက်လျှောက်မှာ စားစရာတွေ ရောင်းတာ တန်းစီလို့  ။ တောဝက်ကင်တဲ့ ။ တောကတက်လာတဲ့ဝက် မဟုတ်ဖူးနော် ။ ဒီမှာ ရှိတဲ့ aborigiens လို့ခေါ်တဲ့ တောင်ပေါ်သားတွေ တောလိုက်ထွက်ရင် ရတာ များတယ် ။ အကောင်ကြီးကြည့်ပြီး စားရဲပါဘူး ။ ပုံပဲရိုက်လိုက်တယ် ။
တောဝက်သားမစားဘူးဆိုတော့ ဘေးကကပ်ရက်ဆိုင်က အကင် တွေပဲ စားလိုက်သေးတယ် ။ နောက်မှ သိတယ် ဒါလဲ တောဝက်သားပဲတဲ့ ။ ဒါကြောင့် ထင်တော့ ထင်မိသား ။ ညှီသလိုလို အီလည် လည် နဲ့လေ ။ ဒီသူငယ်ချင်းတရုပ်မက အတော်နောက် ပဲ ။ သူ့ ကို ဗမာပြည် တခါခေါ်လည်ဖူးသေးတာ ။ သူ့ ကို ဒန်ပေါက်ထမင်း ညာကျွေးတာ စားပြီး အန်ဖူးလို့  ဂလဲ့စားပြန်ချေတာ နဲ့ တူရဲ့ ။
စားပြီးတော့ ဟိုလျှောက်ဒီလျှောက် ။ အလယ်တလမ်းက လူတွေ တအားများလို့  လူရှင်းတဲ့ ဆိပ်ကမ်းဖက်မှာဘဲ လျှောက်ဖြစ်တယ် ။
ဒီနေရာ ကတော့ မြစ်ပါ ၊ ဒီလိုမော်တော်ဘုတ်လေးတွေ စီးပြီး ပင်လယ်ဝ ထိ သွားလို့ရတယ် ။ ဒါပေမဲ့ မစီးဖြစ်ဖူး ။ မိုးလေဝသ မကောင်းလို့လေ ။ အမေကလည်း မှာထားတယ် ။ ရေလမ်းခရီး မသွားရဘူးတဲ့ ။ သူက ဗေဒင် ယုံတယ် ။ အင်းလေ ။ လူကြီးမိဘ စကား နားထောင်ရမယ်လို့  မှတ်ထားလို့ ပါ ။ ( သတ္တိလဲ ကြောင်တတ်ပါတယ် ။ ရေနစ်မှာ ကြောက်တယ် )
မကြောက်တဲ့ သူတွေ လည်းစီးနေကြတာပါပဲ ။ကမ္ဘာကြီး ဘယ်တော့ ပျက်မလည်း တွေးပူမနေကြဘူး လေ ။ ရှင်နေတုံး ပျော်နေကြတာ ။ ကောင်းတော့ ကောင်းသားပဲ ။ဟိုးမြစ်တဖက်ကမ်းက တောင်ပေါ် တက်ဖူးသေးတယ် ။ ၂ နာရီကျော်လောက်ကြာတယ် ။ခုနေတက်ရင်တော့ ၄ နာရီကြာရင်တောင် ၊ တောင်ထိပ်ရောက်ပါ့မလားပဲ ။
အဲ့ ဒီ ဘက်ကနေ ဆက်သွားရင် ပင်လယ်ဝ ရောက်တယ် ။ မိုးအုံ့ နေလို့ သေချာ မမြင်ရပါ ။
သူတို့ မြစ်ဆိပ်ကလည်း ရန်ကုန် မြစ်လိုပါပဲ ။ လတာပြင် ညိုမဲမဲ တွေ နဲ့ ။ အဲ့ ဒီထဲမှာ ဂဏန်းပေါက်စလေးတွေ အများကြီး ဟိုပြေး ဒီပြေးနဲ့  ။ ဘယ်သူမှတော့ လိုက်မနှိုက်နေကြပါဘူး ။
နောက်ဆုံးပိတ် စက်ရပ်သတင်း ........
အစားသောင်းကျန်းမိလို့  E ပန်း နေပြီး ၊ ကျီးမနိုးပွဲ အစီအစဉ် ဖျက်သိမ်းလိုက်ရပါသည် ။ စာတွေ မရေးနိုင်လို့ ပုံတွေနဲ့ ပဲ အကြံ အဖန် လုပ်မိပါသည် ။ နားလည်ပေးတော် မူကြပါ ။




22 comments:
နာတွ..၁ .. တစ်.. ၀မ်း... 1
နာတွ.. ၂ .. နှစ်... တူး.. 2...။
အဟဲ.. ဖွားကီ... တူတော်မောင်လေး.. သုံး.. ၃ နံပါတ်... ၃ အထိပဲယူမယ်နော်..။ ရှမ်းလိုဆိုရင်တော့.. ဆမ် ပေါ့..။
ပန်းကန်ထဲက ပန်းတွေလဲစားလို့ရလား..
ကိုကြီးကျောက် ရဲ့ ပဲကြီးလှော်တွေစားပြီး..
အစုံလျှောက်စားတော့ လေနဲ့ ဝမ်းနဲ့ မကွဲတာနေမှာပေါ့..
ဒီတပါတ် ဆန်းဒေး ။ တိမ်တွေ မပြာပါဘူး ။တနေလုံး မိုးတွေရွာလိုက် အုံ့ လိုက် နဲ့ ။
same in here.
But I went to other place.
:D
momiji
အစားသောင်းကျန်းမိလို့  E ပန်း နေပြီး
:))
E pan yin
Don't tell to Ko Lu htwe naw,
He will write post.
:))
တိမ်မပြာတဲ့ ဆန်းဒေးက အပျော်တွေ ခံစားသွားပါတယ်။ မော်တော်ဘုတ်လည်း စီးခဲ့တယ်ပေါ့။ အစားအသောက်စုံပြီး အလည်စုံသွားတော့ ကျန်းမာရေးကို ထိခိုက်ပြီပေါ့ မကိရေ.....ဂရုစိုက်ပါဗျို့
တော်တော်လေးများစားတော့ မော်တော်လေးများသွားသလို ဖြစ်နေပြီပေါ့... အဟီး။
yu ya
အစားတွေစုံပြီး ပန်းကမ္ဘာလေးထဲရောက်နေပြီလား...
ထိုင်ဝမ်ဆိုတဲ့နိုင်ငံဆိုတော့ ပင်လယ်နဲ့ ဝေးတဲ့နေရာဘယ်ရှိမှာလဲ။ ဟုတ်လားမသိဘူး။ ပင်လယ်နားမှာတည်နေတာဆိုတော့လေ။ တရုတ်မျိုးတွေကတော့ တီကောင်တောင် မရှောင်ဘူးလေ။ အကုန်ကစ်တာပဲ။ သရေတော့ မကျမိတော့ဘူး ၀က်ကြီးမြင်သွားလို့ဗျာ။ ရွာဘက်ဆို ချီးဗွက်ထဲ လူးနေတဲ့ ၀က်တွေကို ပြေးမြင်ပြီး။ အခုကျတော့ အားလုံးက ဓါးပါးပါးလေးလှီးပြီးတော့ မြိန်ရေစွာ စားသုံးနေကြတာ မြင်မိပါရဲ့
တိမ်မပြာလို့ကွိုမရှိပါ
မုန်တိုင်းမပါတာပဲကျေးဇူးတင်ရမည် :P
လောကမှဝက်ဖြစ်ရတာရင်နာဖို့ကောင်းတယ်
သူများအစားကိုခံဖို့တုံးလုံးပက်လက်ကြီးနေနေရတယ် :P
အနည်းဆုံးရေကူးတော့သင်စေချင်တယ်
ကမ္ဘာလည်းပျက်ရော ကိုယ်ကအရင်သူများထက်စောပြီးမြှုပ်နေရင်
မမိုက်ဘူးလေဗျာ :P
ဟင်းပွဲလေးတွေကစားချင်စရာပဲ
EEပန်းတာလည်းမပြောနဲ့လေ ခွိ ခွိ :P
အော် ပန်းနေတာတောင် ဓါတ်ပုံတင် ပိုစ်ရေးပေးသေးတာ။ အခုရော သက်သာလား။
အိမ်ရှင်ကို ပန်းတာအရင်မေးပြီးမှ စားစရာပြန်ငေးလိုက်တာ ;)ဟာ..စားစရာတွေ တော်တော်စုံတာပဲနော်။ အများကြီးစားလာတာဆိုတော့ ပန်းကမ္ဘာထဲမှာ နည်းနည်းလျှော့လိုက်တယ်ပေါ့ ဟုတ်လား :P
အစားတွေရော ပုံတွေရော တဝကြီးကြည့်ပြီးနားလည်ပေးလိုက်ပါတယ်
ဟယ်...ဖားသားစားကောင်းတယ်လေ..
အိမ်မှာဆို ဂျင်းများများလေးနဲ့ မွှေးမွှေးလေးကြော်တာ..
အမြဲတမ်းတော့ မစားရပါဘူး
သူက ဈေးမှာတခါတလေမှ ရတာ...
အဟမ်း အဟမ်း စားပိုးနင့်အောင်စားပြီး စူဇကာ လက်သစ်တော့ မဖြစ်နိုင်ဘူး ထင်ပါ့နော် ဟီးးးးးးးးးးးးးး
တချိန်လုံးပဲ စားပြနေလိုက်တာ....
ကိုယ့် E ဇာတ်လမ်းကိုယ်နိုင်အောင်ကနော်...
E ပြီးရင်း E နေသလိုပဲ ဟိဟိ...
ဆင်ခြင်အုံး...
Elephant Mosquito Coconut...
နှင်း
:( တစ်ယောက်တည်း သွားစားတယ် မြေးကိုလဲ ခေါ်ဘူး။ အားရပါးရ စားလာလိုက်တာ။ ပုံကြည့်ပြီးပဲ သရေယိုရတယ်။
တော်သေးတာပေါ့ ဒီလောက်အစားစုံတာတောင် poison
မဖြစ်လို့ တွေ့ ရတာ။ ပန်းမမပဲဖြစ်တာ ကံကောင်းး))
ပုစွန်တွေ ကြောင့်ထင်တယ် ကိရဲ့..တခါတလေ ဖြစ်တတ်ပါတယ်.
[url=http://sapresodas.net/][img]http://vioperdosas.net/img-add/euro2.jpg[/img][/url]
[b]download filemaker pro 10 advanced, [url=http://sapresodas.net/]microsoft c++ software[/url]
[url=http://sapresodas.net/]office software downloads[/url] windows vista ultimate retail store layout software
teacher discount on software [url=http://sapresodas.net/]difference between oem software[/url] discount language software
[url=http://vioperdosas.net/]filemaker pro client management templates[/url] filemaker pro software
[url=http://vioperdosas.net/]coreldraw x3 upgrade coupons[/url] educational software for children
buy softwares online [url=http://sapresodas.net/]coreldraw 10 setup scanner[/url][/b]
It is a pity, that now I can not express - I am late for a meeting. I will be released - I will necessarily express the opinion.
Post a Comment