အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 3, 2009

အလီဂျာ....

အလီဂျာ ရယ်တဲ့ အလာဂျီ ။ ဟိုဟာနဲ့ မတည့် ဒီဟာနဲ့ မတည့် ၊ ကြံကြံဖန်ဖန် မတည့် တာတွေ လည်းရှိသတဲ့ လေ ။အို ဘာတဲ့ တုန်း အလာဂျီဆို တာ ထော်လာဂျီနဲ့ ဘာတော်ပါလိမ့်နော် ။ သားအမိ သားအဖ များတော် နေသလားလို့  ။ ဘာမှ မတော်ပါဘူး ။ အလာဂျီ( Allergy ) ဆိုတာ ဓါတ်မတည့် တာ လို့ အလွယ်တကူ ပြောရမယ် ထင်ပါတယ် ။ ဘာလို့ မတည့် တာလည်း ။ ဘာတွေ မတည့် တတ်တာ များလည်း ။မတည့်ရင် တည့်အောင် ဘာလုပ်ပေးရမလည်း ။ထူးထူးခြားခြား မတည့် တာများ ဘာတွေ ရှိသေးလည်း ။ စာသံပေသံတွေ ရေးတာ များရင် ပျင်းနေမစိုးလို့  ပေါ့ပေါ့ပါးပါးပဲ ရေးလိုက်ပါ တယ် ။ ဒီစာကို အလာဂျီ ရှိသူများ ကျော်ခွ ၍ သွားကြပါ ကုန် ။

Allergy ခေါ် Atopy ဆိုတာ ကိုယ်ခံစွမ်းအားစနစ်တခု နဲ့ ပတ်သက်ပြီး ပုံမမှန်ခြင်း( Immune System Disorder ) ကြောင့်ဖြစ်ရတဲ့ တုန့်ပြန်မှု ပါ ။သွေးဖြူဥ(White Blood Cell ) အမျိုးအစား ထဲမှာ ပါဝင်တဲ့ mast cell နဲ့ basophil အစရှိတဲ့ ဆဲလ်တွေမှ Immunoglobulin တမျိုး ဖြစ်တဲ့ IgE antibody က မတည့်တဲ့ အရာကို တိုက်ခိုက်ခြင်းကြောင့် ယောင်ရမ်းမှုတွေ ဖြစ်လာရတယ် ။ အဲ့သလို အစပျိုးဖြစ်စေတဲ့ အရာကို Allergen လို့ ခေါ်ပါတယ် ။ မှတ်ရလွယ်အောင် ပြောရရင် Allergen ဆိုတဲ့ သောင်းကျန်းသူတွေ ဝင်လာတဲ့အခါ ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေးတပ်မတော်ကြီးက Antibody IgE ရှေ့ တန်းစစ်သားတွေကို တပ်မကြီး သွေးဖြူဥ(White Blood Cell) ရဲ့ တပ်ခွဲ Mast cell နဲ့  Basophil တို့မှ ရွေးချယ်စေလွှတ်ပြီး စစ်တိုက်ကြရာမှာ တိုက်ပွဲ ပြင်းထန်လာတဲ့အခါကျတော့ Histamine လက်နက်ကြီးတွေ ထုတ်ပြီး ဆော်ပလော် တီးကြရာမှ ဖြစ်ပေါ်လာရတဲ့ ယောင်ယမ်းမှု ရလာဒ် (Inflammatory Reaction ) တွေ ပါဘဲ ။

ရိုးရိုးပုံမှန်လူတွေမှာတော့ ဒီလိုသောင်းကျန်းသူတွေ ဝင်လာပေမဲ့ အင်အားရှိတဲ့ တပ်မတော်မှ IgM, IgG, IgA, IgD အစရှိတဲ့ ခုခံရေးတပ်တွေ နဲ့  အောင်မြင်စွာ ခုခံတိုက်ထုတ်ပစ်လိုက်လို့  ဘာမှ အပျက်အစီး ထိခိုက်မှု မရှိပေဘူးပေါ့ ။ ဒါကြောင့် လူတိုင်းမှာ ခုခံရေးတပ်တွေ အားကောင်းဖို့ လိုတယ် နော် ။ (တပ်မတော်ကြီးအင်အားရှိမှ ဆိုတာ အဲ့ဒါပြောတာ နေမှာ.....း) ။

။တယောက် နဲ့ တယောက် မှာ မတည့်စေတတ်သော အကြောင်းအရာတွေ မတူကြပါဘုး ။ တချို့ က ဆေးမတဲ့ တာ(Drug allergy) ။ တချို့ က အစားအသောက်နဲ့ မတဲ့တာ(Food allergy) ပင်လယ်စာ ၊ မြေပဲ ၊ ဥ ၊ နို့  စသဖြင့် ။တချို့ က ဖုန်မှုန့် (house dust mite - Dermatophagoides pteronyssinus ဆိုတဲ့ အကောင်ငယ်လေး ပါတတ်တယ် ) ၊ပန်းဝတ်ဆံ(Pollen) ၊ အမွှေးရနံ့ (Perfume Odour) ၊တိရစ္ဆာန် အမွှေးအမျှင် (ဥပမာ dog , cat dander ) အစရှိတာတွေနဲ့ မတဲ့တာ ။ တချို့ က အင်းဆက်ပိုး အကိုက်ခံရပြီး အဆိပ်ဓါတ်မတဲ့ တာ(Insect venom )။ တချို့ က နှာပြွန်ယောင်ပြီး နှာစေးနှာပိတ်တာ( Allergic Rhinitis ခေါ် Hay Fever) ၊ တချို့ ကျတော့ ရင်ကြပ်ပန်းနာ ( Asthma) ၊ပွေးယားနာ(Eczema) အစရှိသဖြင့် အမျိုးပေါင်းစုံလင်လှပါတယ် ။




(သေချာ မမြင်ရရင် ပုံတွေ ကို ကလစ်လုပ်ကြည့်နိုင်ပါတယ် )
အဲ့ဒီထဲမှာပါတဲ့ အရာတွေ က ဒီနိုင်ငံမှာ အများဆုံးတွေ့ ရတဲ့ Allergen တွေပါ ။ အားလုံးပေါင်း ၃၆ မျိုးရှိပါတယ် ။ ဒါတွေ ထဲကမှ ဘာကို မတည့် ဖြစ်နေတာလည်းဆိုတာ သိချင်ရင် သွေးဖေါက်ပြီး စစ်ဆေးလို့ရပါတယ် ။ ဆေးရုံကြီးတွေ မှာ လိုအပ်တဲ့ လူနာတွေကို အခမဲ့ စမ်းသပ် စစ်ဆေး ပေးပါတယ် ။ ဘာလို့လည်းဆိုတော့ ဒီနိုင်ငံမှာ ကလေးငယ် လေးတွေ အတော်များများ ရင်ကြပ်ပန်းနာ ဖြစ်ရတဲ့ အကြောင်းထဲမှာ ဒါတွေဟာ အဓိက ဖြစ်နေလို့ ပါ၊ လေထု ညစ်ညမ်းတာဟာလည်း အဓိက တရားခံ ပါပဲ ။ဒါမှ မတည့်တာ တွေကို ကြိုတင်ရှောင်ရှားနိုင်မှာပါ ။

အဲ့ လို မတဲ့ သော အရာဝတ္ထု ဓါတ်တွေ ကို ထိတွေ့  စားသုံး ရှုရှိုက် မိတာ နဲ့  ဓါတ်မတဲ့ တဲ့ ဓါတ်ပြုမှု တွေ ခံစားကြရတယ် ။ အင်ပြင်လို အနီအကွက် အဖု အပိန့် တွေထတယ် ။ ယားယံတယ် ။အရေပြားယောင်ရမ်းနာကျင်တယ် ။ လေပြွန်ထဲထိ ယောင်ယမ်း ဆိုးဝါးရင် အသက်ရှု ကြပ်လာတယ် ။ တချို့ များ ဆေးမတဲ့တာ စားမိ ထိုးမိလို့  shock ရတဲ့အထိ ၊ အသက်ဆုံးတဲ့ အထိ ဆိုးသွားနိုင်ပါတယ် ။

မျိုးရိုးလိုက်ပြီး မတည့်တာတွေလည်းရှိပါတယ် ။ မိဘမျိုးရိုးထဲမှာ မတည့်နာမရှိပဲ သူ့ဟာသူဓါတ်မတည့်တာက ၁၅% မျှ ရှိတတ်တယ် ။ တကယ်လို့ မိဘ တဦးဦးမှာ မတည့်နာ ရှိနေရင် သူ့ ကို မျိုးလိုက်ဖို့  ၃၀% နဲ့  ။ မိဘ ၂ပါးစလုံးမှာ မတည့်နာ ရှိရင် သူ့ ဆီမျိုးလိုက်ဖို့  ၆၀% ထိ ရှိတတ်တယ်တဲ့ ။

အဲ့သလို ခံစားလာရပြီဆိုရင် ဘယ်လိုလုပ်ရမလဲ ။ ဖြေဆေးတွေ တိုက်ရ ၊ ထိုးရတော့ မှာပေါ့ ။ဒါတွေ ကတော့
anti-histamines ( မြန်မာပြည်မှာတော့ ဘာမီတွန် နဲ့ အလားတူ ဆေးများ) , steroids or prednisolone ၊ epinephrine ခေါ် Adrenaline ဓါတ်တွေ ပါတဲ့ဆေးများ ထိုးခြင်း၊ စားခြင်း တို့ နဲ့ကုသခြင်း ၊ မတည့် ဖြစ်နေတဲ့ ဓါတ်တွေကို ကျင့်သားရအောင် တဖြေးဖြေး ထိတွေ့ ပေးခြင်း ( immunotherapy to desensitize the response to allergen, and targeted therapy ) အစရှိတဲ့ နည်းလမ်းတွေ သုံးကြရတယ် ။

ဒီနေရာ များ မှ ကိုးကား ရေးသားပါတယ် ။

ဒါ့အပြင် ထူးထူးခြားခြား နဲ့ ရှားရှားပါးပါး မတည့်တတ်တာတွေလည်းရှိသေးတယ် ။ဆက်လက် ဖတ်ရှုနိုင်ပါတယ် ။
ရေနဲ့ မတဲ့ ခြင်း (Aquagenic Urticaria )

ဆယ်ကျော်သက်မလေး Ashleigh Morris (၁၉ နှစ်) ဟာရေနဲ့မတဲ့သူလေးပါ ။လူ ၂၃ သန်းမှာ တဦးလောက်သာ ဖြစ်နိုင်တဲ့  ရှားရှားပါးပါး ပေါ့ ။ ဒါကြောင့် ရေနဲ့ထိရင် ယားတယ် ။ အနီကွက်တွေ အပိန့် တွေထွက်ပြီး နာလို့ ရိုးရိုးရေ ဆို မထိနိုင် ။ရေချိုးတာ ။ ရေကူးတာတွေ မလုပ်နိုင် ရှာဘူး ။ ပေါင်းတင်ပြီးသား၊သတ္တုဓါတ် ( ions) တွေဖယ်ပြီးသား ရေသန့် လို့ ခေါ်တဲ့ distilled water ကိုပဲ ထိနိုင် သုံးနိုင်တယ်တဲ့။ အင်း... ရေချိုးရမှာ ပျင်းတဲ့သူတွေ အတွက်တော့ အတော်ပါပဲလေ ။ ဒီအကြောင်းက ဒီနေရာမှာ အစုံအလင်ရှိတယ်နော် ။

လေ့ကျင့်ခဏ်း နဲ့ မတည့်ခြင်း ( Allergic to exercises)
သူ့ကိုတော့ Exercise-induced anaphylaxis (EIA) လို့ ခေါ်တယ်၊ သူ့ မှာ နဂို မတည့်တဲ့ ဓါတ်ခံ တခုခု ( အစားအစာ ၊ သို့မဟုတ် ဆေးတမျိုးမျိုး) ရှိနေမှာပါ ။ လေ့ကျင့်ခဏ်းတခုခု လုပ်မိရုံနဲ့ ပြင်းထန်တဲ့  ဓါတ်ပြုခြင်း လက္ခဏာ တွေ ပေါ်လာတတ်တယ် ။ အသက်အန္တရာယ်ပေးတဲ့ အထိတောင် ဆိုးဝါးနိုင်ပါတယ် ။
( လေ့ကျင့်ခဏ်းမလုပ်နိုင်ပဲ ဒီလို သာ နေရရင် အဝလွန်ရောဂါများဖြစ်လာမလား လို့  နော် ။)

နေရောင်ခြည် နဲ့ မတည့်ခြင်း ( Solar urticaria ခေါ် Sun Allergy ခေါ်Photosensitivity ) ။
နေရောင်ထဲမှာပါတဲ့ ultraviolet or UV radiation နဲ့ ထိတွေ့ လို့ ဖြစ်ရတာ တဲ့လေ ။
Polymorphous light eruption (PMLE) – PMLE လို့ ခေါ်တဲ့ အရေပြား လောင်ကြွမ်း တာမျိုး ရှိတတ်တယ် အမေရိကန် လူမျိုးတွေရဲ့ ၁၀ မှ ၁၅% ထိ ဖြစ်တတ်ပါတယ် ။ ဆောင်းတွင်းမှာတော့ အဖြစ်နဲ တယ်ပေါ့ ။ Sun Burn နဲ့ မတူဘူးနော် ။ဒီနေရာ မှ ရတဲ့ သတင်းပါ ။

ခေတ်မှီနည်းပညာ နဲ့ လူနေမှု အသုံးအဆောင်များကို မတည့်ခြင်း(Allergic to modern living) ။
။ Debbie Bird(၃၉ နှစ်) ဆိုသူ အမျိုးသမီး တဦးက modern technology နဲ့  မတည့် ပါဘုးတဲ့လေ ။ ကွန်ပြူတာ ၊ မိုဘိုင်း ဟန်းဖုံး ။ မိုက်ခရိုဝေ့ မီးဖို (microwave ovens )၊ တချို့ ကားတွေ ထဲမှ ထွက်လာတဲ့ electromagnetic field (emf) နဲ့ထိတွေ့ ရင် သူမ အရေပြား နဲ့  မျက်ခွံတွေ မှာ နာကျင်နီရဲယောင်ယမ်း လာတတ်ပါတယ်တဲ့ ။သူ့ အတွက် အိမ်ကို အထူးတလည် ပြင်ဆင်ဆောက်လုပ်ပေးထားရ ပါတယ် တဲ့ ။
အယ် ။ ဒီလိုဆိုရင်တော့ လူဖြစ်ရှုံးပြီ ဆိုရမလားပဲ ။ အွန်လိုင်းမတက်နိုင် ။ ဘလောဂ် မလည် နိုင်တဲ့ ဘဝမျိုး တော့ မလိုချင်ပါဘူး။ ဒီနေရာမှာ သူမ အကြောင်းလေး ရှိပါတယ်

အနမ်းနဲ့  မတည့်ခြင်း ( Allergic to Kissing ) တဲ့ ။ ဒါလည်းလူဖြစ်ရကျိုးမနပ်ပါဘူး ။း))။ ဘလောဂါ မအနမ်း ကို တမင်မရည်ရွယ်ပဲ တိုက်ဆိုင်သွားတာပါ ။း)
ချာတိတ်လေး Jamie Stewart, ၁၇ နှစ်,ဟာ ၂၀၀၃ ခုနှစ် ခရစ်စမတ် ပါတီတခုမှာ ဒန့်စ် ကြရင်းနဲ့  သူ့ ရဲ့  အလုပ်ထဲမှ အဖေါ်မလေး Liza Macfarquharn ဆိုသူကို နမ်းမိလိုက်ရာမှ အလာဂျီ ဖြစ်ကာ နှုတ်ခမ်းတခုလုံး ပြာနှမ်းပြီး ရှော့ခ် ရသွားပါသတဲ့ ၊ anaphylactic shock ဆိုတာ အတော်လေးဆိုးတဲ့ အမျိုးပါ ။ အဆင်မသင့်ရင် အသက်ပါသေစေတတ်တယ် ။ နောက်မှသိတာက ဒီချာတိတ်မှာ မြေပဲ နဲ့ ဓါတ်မတည့် တာရှိပါသတဲ့  ၊ သူ့ ရဲ့ အဖေါ်မလေး Liza ဟာ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ။ အဲ့ဒီည ပါတီမှာ မြေပဲစေ့ တထုတ်လုံးကုန်အောင် စားထားမိပါတယ်တဲ့ ။ သြော် ။ ကံကြီးပေလို့ ပဲ အနမ်း တပွင့် အတွက် အသက်ထွက်ရခါနီးပါလား ။ ဒီနေရာမှာ အဲ့ဒီအကြောင်းလေး ရှိပါတယ်။


အတွင်းခံ အဝတ်အစား နဲ့  မတည့်ခြင်း ။( Allergic to underwear)
သူ့ ကျ တမျိုးပါလား ။ မတည့်တော့ မဝတ်ဖူးပေါ့ ။ထူးထူးဆန်းဆန်း ပါပဲ ။ အပြင်ဝတ်တာပါ မတည့်ဖြစ်နေရင် ဘယ်လိုလုပ်ကြမှာလည်း လို့  ။
နာမည်ကြီးအဆိုတော် Britney Spears မှာ အတွင်းခံ အဝတ်အစား underwear နဲ့ မတည့်တဲ့ ရောဂါရှိနေတယ် ဆိုရင် ရော ... ယုံကြမှာလား ။ တကယ်ပါ ။ ဒါကြောင့် ချွေးတွေထွက်အောင် ဆိုရ ကရတဲ့ စတိတ်ရှိုးတွေမှာ သူမ........ အဲ့ဒါတွေ မဝတ်တာ ပေါ့ ။ ပိုပြီးသိချင်ရင် ဒီနေရာမှာ သွားကြည့် နော် ။ အို... ဆုံးအောင်ဖတ်ပြီးမှ သွားကြည့်ပါဆို လောမနေပါ နဲ့  ။
အဲ့တာလေးတွေက အများအားဖြင့် မတည့်တတ်တာများ နဲ့ထူးထူးဆန်းဆန်းမတည့်တတ်တာတွေ အကြောင်း ပါပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ ။ အရာအားလုံး နဲ့ သဟဇာတ ဖြစ်နေမှပဲ အန္တရာယ် ကင်းမှာပါ ။စာဖတ်သူတို့ ရော ။ ထူးဆန်းဖွယ်ရာ ဘာတွေ နဲ့  မတည့်တာများရှိပါသေးလည်း ။

22 comments:

ဝက်ဝံလေး Tuesday, November 03, 2009 12:59:00 AM  

ဝေးးးဟေးးးးးးးးးးဟေးးးးးးးးးး ၁ကွ ငါ ၁ ရတယ် ပျော် ထှာ ပလိုဂျိ ဟိဟိ ဘယ်မှာလဲ အိမ်ကျယ် ဘယ်မှာလဲ ဖေသားကြီး ဟေ ဘယ်မှာလဲ အကုန်ထွက်ခဲ့ကြလေ ငါ လာပြီကွ ငွားငွားးးးး

အယ် တော်နေ ငါ့ကို အားအားယားယား ၁ လာလုတယ် ထင်နေဦးမယ် မဟုတ်ဘူးနော် စာကျက်နေတာ ခဏ break မှာလာတာနော် မကိ

ဝက်ဝံလေး Tuesday, November 03, 2009 12:59:00 AM  

ခဏနော် စာဖတ်ဦးမယ် အခုတလော သိပ်မသောင်းကျန်းတော့ဘူးနော် သိလား

ဝက်ဝံလေး Tuesday, November 03, 2009 1:17:00 AM  

အယ် ဆိတ်ဝင်စား အဲ စိတ်ဝင်စားစရာတွေပဲ ဟဲဟဲ နာကတော့ လေ့ကျင့်ခန်းလုပ်တာနဲ့ မတည့်တဲ့ အလာဂျီ ထင်ပါ့ ဟဲဟဲ အစားအသောက်နဲ့ကတော့ အားလုံးတည့်တယ် မ တည့်တာမရှိဘူး ဟိဟိ

အလိုလေး အလိုလေး britney spears က သူ့ဟာသူ အတွင်းခံ မဝတ်ချင်တာနဲ့များ အလာဂျီ ရှိသလေး ဘာလေးနဲ့ ဟိဟိ တော်တော်လေး တတ်နိုင်တယ် ပိုပြီး ကောင်းသွားအောင် အပြင်အဝတ်အစားဝတ်ရင် အလာဂျီ ဖြစ်တယ် ဆိုတာပါ လုပ်လိုက်ပါ့လား ဟဲဟဲ

နှင်းနဲ့မာယာ Tuesday, November 03, 2009 2:08:00 AM  

ဂျီးတော်ရေ
တို့က ဒူဘိုင်းငရုတ်သီးမှုန့်နဲ့ ဓါတ်မတည့်ပါ
ရန်ကုန်က ငရုတ်သီးမှုန့်ကို အော်ဒါမှာပြီး ဟင်းချက်စားရပါတယ်...

နောက်တစ်ခုကတော့ လျှပ်စစ်ပစ္စည်း...
တီဗွီ ကွန်ပျူတာ မိုဘိုင်းဖုန်း( ၃ လုံးတိတိ ဝယ်ပီးနောက်နေ့မှာ ဆိုင်ရောက်ဖူးတယ် ဘာမှတ်...)
ဘာပဲကိုင်ကိုင် ပျက်စီးသွားရော အဟိ...
ဆိုင်လားတော့မသိဘူး
ဓါတ်မတည့်တာကို ပြောပြတာ...

နှင်း

ကိုလူထွေး Tuesday, November 03, 2009 2:29:00 AM  

ဟတ်..ဟတ်...ဟတ်...ဟတ်.... ဟတ်ချီးးးးးးးးးးးးးးးးးးး

ဟောဗျာ... ပေကုန်ပြီလားမသိဘူး... ဆောရီးနော်...
ကျနော်က အလီဂျာရှိလို့...

အတွင်းခံတော့မဟုတ်ဘူး... ပိုလန်တို့ ရိုမေးနီးယားတို့...

းဝ)

သားကြီး Tuesday, November 03, 2009 2:36:00 AM  

ဘရစ်တနီရေ
တော်သေးတယ်အပြင်အဝတ်အစားနဲ့တည့်
သေးလို့ နို့မို့ဆို ထွက်သမျှအခွေအကုန်ဝယ်မိမယ် ခွိ ခွိ

သားကြီး Tuesday, November 03, 2009 2:37:00 AM  

Ashleigh Morrisအကြောင်းကိုအရင်တခါဖတ်ဖူးတယ်
ဘယ်ဘလော့မှာလည်းမသိဘူး
တော်သေးတယ်သူတို့နိုင်ငံနဲ့သူတို့အဆင်ပြေလို့
အညာမှာလူသွားဖြစ်ရင်တော့ပြဿနာပဲ :P

သားကြီး Tuesday, November 03, 2009 2:38:00 AM  

အနမ်းနဲ့မတည့်တာကြီးကတော့ဆိုးဝါးလွန်းပါတယ် သားကြီးသာအဲရောဂါရှိနေရင် ခုဆိုအသက်ပါပြီး၁၀ဘဝပြောင်းနေလောက်ပြီ အဟိ :P

Anonymous,  Tuesday, November 03, 2009 2:43:00 AM  

မအယ်တော့ ဒီရောက်မှ အချိုမှုန့် အလာဂျီသမားရယ် ပဲပင်ပေါက် အလာဂျီသမားရယ် ကြုံဖူးတယ်။

ကိုယ်တိုင်တော့ အလုပ် အလာဂျီရှိတယ် :)။

မအယ်

မငုံ,  Tuesday, November 03, 2009 3:34:00 AM  

မတည့်တာတော့ မရှိသေးဘူး။ အခုထိ.. မနှင်းကတော့ ဒူဘိုင်း ငရုတ်သီးနဲ့ တည့်ဘူးလား။ :)

thawzin Tuesday, November 03, 2009 5:11:00 AM  

ရော်........... ဆိုးလိုက်ပါလားနော်။ အဲလိုတွေ တကယ်ရှိတယ်ပေါ့နော်။ ဒါတွေကို ကြည့်ချင်းအားဖြင့် လူတွေမှာ ပြုခဲ့ဖူးသောကံတွေက မတူဘူးဆိုတာကို သိလိုက်သလိုပဲနော်။ နားလည်အောင် မပြောပြတတ်တော့ဘူး။ သူများ စံသလိုမစံရ။ မခံစားရတာဟာလဲ ၀ဋ်တစ်မျိုးပေါ့ဗျာ။

Nai ရဲ့  ရွှေရတုမှတ်တမ်း Tuesday, November 03, 2009 6:06:00 AM  

U S ရောက်ပြီး ၃ နှစ်လောက်လဲ ရှိရော ဒီကလူတွေလို
ှSpring ရာသီရောက်လို့ ပန်းတွေပွင့်ရင် အလာဂျီ ဖြစ်တတ်လာတာပဲ ။ဒါကြောင့် ကျော်ခွသွားပါလို့ အကြံပေးပေမဲ့ ကျော်ခွတဲ့နေရာမှာ အလာဂျီဖြစ်နေရင်
လူကြားထဲ မကုပ်ရဲလို့ ပြီးအောင်ဖတ်သွားပါသည်

momiji Tuesday, November 03, 2009 6:51:00 AM  

အလာဂျီလိုံပြောရင်..ယားတာ..နီရဲသွားတာ ဖြစ်မယ်ထင်တယ်။ ငယ်ငယ်က ပုံမှန်တမာ၇ွက်ပြုတ်ကို ရေချိုးရသူပါ အသားက အရမ်း ဆန်းစီတစ်ဖ် ဖြစ်ပါတယ်။

အပျိုဖော်ဝင်မှပဲ ပုံမှန် အသားအရည်ဖြစ်ပေမဲ့..
ပူတဲ့အခါ.. လက်မှာပတ်ထားတဲ့ နာရီအောက်မှာ.. နီရဲပီးအဖုတွေ ထွက်တတ်ဆဲပါပဲ။
ပီးတော့.. မနက်က နေ ည၆နာရီထိ ၀တ်ထားတဲ့ အလုပ်အ၀တ်အစားကို ဆက်တိုက်ဝတ်ထားရင်..
အတွင်းခံ တလျှောက်..အပြင် အသားနဲထိတဲ့ အ၀တ်အစား တွေရဲ့ တ၀ိုက်မှာ ယားပီး အနီဖုတွေ ထွက်တာ.. ခုချိန်ထိပါပဲ
ဒီကိုရောက်လို့ အေးတဲ့ ရာသီဆို တော်သေးပေမဲ့ တခါတခါ ဖြစ်ပါတယ်။ ပူရင်တော့ မြန်မာပြည်ထက်ပိုဆိုးလို့ အ၀တ်အစားကို အတော်လေး သတိထားရသလို .. အချိန်ကို ကျော်ပီဆိုတာနဲ့ ကြောက်စရာကောင်းအောင် ယားပီး အဖုတွေ ထပါတယ်။
အဲဒါ အလာဂျီလားဟင်..

Nge Naing Tuesday, November 03, 2009 7:35:00 AM  

ကျွန်မကတော့ လောလောဆယ် ကျောင်းက စာတွေနဲ့ မတည့်ပဲ ဖြစ်နေတယ်။ စာဖတ်ဖို့ Assignment လုပ်ဖို့ စပြီး စဉ်းစားလိုက်တာနဲ့ အလိုလို အိပ်ငိုက်ကျလာတယ်။ တခြားစာတွေတော့ ဘာမှ မဖြစ်ဘူး။ အဲဒါ တကယ်ကို ရောဂါ ဖြစ်နေတယ်။

rose of sharon Tuesday, November 03, 2009 11:54:00 AM  

ဒို့လဲ seafood နဲ့မတည့်ဘူး....

မြစ်ကျိုးအင်း Tuesday, November 03, 2009 12:11:00 PM  

မကီရေ တကယ်ပါ ဗဟုသုတ ရစေသလို ရယ်မော ပျော်ရွှင်ရတဲ့ စာဖတ်သူ အကျိုးရှိတဲ့ ပို့စ်လေးပါ

ကျနော်လည်း အခုတလော အလီဂျာ တခုဖြစ်နေတယ်

အရည်မရ အဖတ်မရ စာဖတ်သူ ဘာမှ မရတဲ့ စာတွေ ဖတ်ရရင် စိတ်တို စိတ်မကောင်းတဲ့ အလီဂျာ ဖြစ်နေတယ်ဗျာ။

အနေအထိုင်မတတ်လို့ ၀င်ပြောမိလည်း လူမုန်းများ အုံးမယ်။စာမဖတ်ဘဲ လည်း မနေနိင်ဘူး ။
ဘယ်လို လုပ်ရမတုန်း...။

(ပုဇွန်စားရင်တော့ အသားနဲနဲ ယားသလိုပဲ )

မျက်မှန်လေး Tuesday, November 03, 2009 4:50:00 PM  

ဖွားကိ ကကော ဘယ်အမျိုးအစားထဲမှာ ပါသလည်းပြောနော်။
အောက်ဆုံးကလားဟင်....

ဟီးဟီး

လသာ Tuesday, November 03, 2009 5:47:00 PM  

အင်း..ဖတ်လို့ကောင်းလိုက်တာ.. မကိရာ ဗဟုသုတကို ဟာသနှောလို့ တင်ပြတတ်တာတအားပဲ။ တော်လိုက်တာ နော် :)))ဒူ့တမီးလေးလဲ:P

တို့လည်း အခု အပေါ်ကတစ်ယောက်ပြောသလိုပဲ ကျောင်းစာနဲ့မတည့်ဘူးဖြစ်နေတယ်။ ကျောင်းစာဖတ်ရရင် ဗိုက်နာသလို ခေါင်းကိုက်သလိုဖြစ်တာလေ။ အဲဒါဆို ကျောင်းစာအလီဂျာလို့ ခေါ်လို့ရမလား.. :D

Yuya Wednesday, November 04, 2009 12:59:00 PM  

yu ya: အဟီး.. ကျွန်တော်လည်း အလီဂျာရှိတယ် ဖွားကိရေ.. လမ်းလျှောက်ရင် မတ်တပ် မတ်တပ် ဖြစ်နေလို့.. :P
အသက်ရှုရင်လည်း နှာခေါင်းထဲ လေ၀င်နေလို့..အဟီး
ဗဟုသုတတွေ အများကြီးရသွားတယ် ဖွားကိရေ..
4 Nov 09, 08:06

ကိုရေတမာ Wednesday, November 04, 2009 2:17:00 PM  

မကြီးကိရေ စိတ်ဝင်စားစရာကောင်းလိုက်တာ ဘရစ်တနီအကြောင်းကးP
ကျနော်လည်း ဘာ အလက်ဂျီရှိလဲမသိဘူး တချို့မုန့်ဟင်းခါးတို့ ရခိုင်မုန့်တီတို့သောက်ပြီးရင် မျက်နှာကြီးအမ်းလာရော.. တခါကဆို ဖူးယောင်လာတာ သနပ်ခါးလိမ်းလိုက်တာ အဆင်ပြေသွားတယ်။

မေဓာဝီ,  Sunday, January 17, 2010 12:39:00 AM  

မကိရေ ...
မကိရဲ့ စာအဟောင်းတွေ ပြန်လိုက်ဖတ်နေတယ်။ မကိပို့စ်တွေ ဗဟုသုတ အများကြီးရပါတယ်။ အလာဂျီပို့စ်လေး စိတ်ဝင်စားလို့ ကွန်မန့်ရေးလိုက်တာ။ ကျမအမေလဲ တော်တော် အလာဂျီများတယ်။ အဖေကဆို အမေ့ကို နောက်ပြီး အလာဂျီလို့ကို ခေါ်တာ။ ကျမကတော့ အလာဂျီ မရှိဘူးထင်တာပဲ။ ကြောင်မွှေးနဲ့တော့ အလာဂျီဖြစ်ဖူးတယ်။ ဘာမီတွန်သောက်၊ ကရမက်လိမ်းရတာပဲ။ တခါတုန်းကလဲ ပုရစ်ကြော်တွေ အစားများတာ ဖြစ်ဖူးလိုက်သေးတယ်။
မကိရေးမှ ထူးထူးဆန်းဆန်း အလာဂျီတွေလဲ ရှိပါလားလို့ သိရတော့တယ်။ :)

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP