အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 6, 2009

မနက်ဖြန် သို့ မဟုတ် ဘယ်သောခါ

( ပုံလေးက သေးနေလို့ သေချာမမြင်ရရင် ကလစ်လုပ်ကြည့်ကြတာပေါ့ နော် ..)
ကာတွန်း အော်ပီကျယ် ရဲ့  ဘုဂလန့်  အတွေး နဲ့ အခြစ် တွေ ကို သဘောကျ လို့  နောက်ဆက်တွဲ တွေ တွေ့တာ တင်ပြပေးလိုက်ပါတယ် ။ပညာရှိတွေ ပြောဆို မိန့်ကြားခဲ့ တဲ့  အဆို အမိန့် များဟာ မှတ်လောက်သားလောက်အောင် မှန်ကန်နေခဲ့ကြပါတယ် ။ ဒါပေမဲ့ ခေတ်စနစ်တွေ တရွေ့ ရွေ့ ပြောင်းလဲ လာကြတဲ့ အခါမှာ တချို့ အဆို အမိန့် တွေ ဟာ နေရာ တိုင်းမှာ မှန်နေတယ်လို့  ထင်မှတ်လို့  မရနိုင်လောက်အောင်ကိုပဲ ဆန့်ကျင်ဘက်သို့  ပြောင်းလဲ တဲ့ အဓိပ္ပါယ်မျိုးတွေ သက်ရောက်သွားကြရပါတယ် ။ ဒါကြောင့် ဒီအဆို အမိန့် များ ကနေ မဆိုမမိန့် များ ဖြစ်သွားကြရတာပေါ့ ။ အဆိုအမိန့် များကို ကပျက်ကချော်ပြုလုပ်ထားခြင်းတော့ မဟုတ် ပါကြောင်း ကြိုတင် အစီရင် ခံအပ်ပါတယ် ။




ပညာရှိတွေက ပြောဆို ဆုံးမခဲ့ ကြတယ် ။ " ယနေ့ ပြီးနိုင်သောအလုပ်ကို မနက်ဖြန် မရွှေ့ ပါနှင့် " တဲ့ ။
ဒါပေမဲ့ ဘုဂလန့် အော်ပီကျယ်က တမျိုး တွေးမိလိုက်တယ် ။
" ယနေ့ ပြီးနိုင်သောအလုပ်ကို မနက်ဖြန် သို့ ရွှေ့ ပါ " အကြောင်းရင်းမှာ -
(၁) အလုပ်များသူဟု အထင်ကြီး ခံရမည် ။
(၂) ဝင်ငွေ ပိုတိုးမည် ။
(၃) နှစ်ခြိုက်စွာ အိပ်ပျော်မည် ။
ဒါကြောင့် ....
(၄) မနက်ဖြန် ရောက်လျှင် ၊ မနက်ဖြန်၏ မနက်ဖြန်သို့  ထပ်ရွှေ့ ရန် မမေ့ပါနှင့် ။
ဘာလို့လဲ လို့ ဆိုတော့ ခုခေတ် ရွှေပြည်ကြီးက ရွှေပြည်သူ ရွှေပြည်သားများ မလွှဲသာ မရှောင်သာ သွားနေကြရတဲ့  ဘယ်ရုံး ဘယ်ကန္နား သွား သွား ၊ တွေ့ ကြုံနေကြရတဲ့ ၊ ရုံးဝန်ထမ်းတွေရဲ့  (ကြီးငယ် နိမ့်မြင့် အယုတ် အလတ် အမြတ် မရွေး ) ဆက်ဆံ ပြောဆို ခံရ ပုံလေးတွေ ကြောင့်ပါ ။ကြီးလေ ကုန်လေပေါ့ ၊ နောက်နေ့ မှ နောက်နေ့ မှ ပြန်လာပါ ။လဖက်ရည် ဖိုးတင် မကတော့ ၊ ရှိရှိသမျှ အဖိုး အဖွား ဘိုးစဉ်ဘောင်ဆက် ဖိုးတွေ နဲ့တောင် မလောက် မငှ တော့လည်း သူတို့ ကို အပြစ် မတင်သာ ပါဘူးလေ ။ ( အကောင်းမြင် ဝါဒ နဲ့ ပဲ တွေးလိုက်ပါတယ် )

ဒါတင်မက နောက်ထပ် ဒီလိုလေး လည်း ဆိုထားခဲ့ ကြတယ် မဟုတ်လား "There will be a better tomorrow " တဲ့လေ ။ မနက်ဖြန်ကျရင် ပိုကောင်းပါမယ် တဲ့  ပေါ့ ။ ဒီတော့ လုပ်စရာ ရှိတာတွေ မနက်ဖန်မှ လုပ်ကြတာပေါ့ နော်း)) ။( ထော်လော် ကန့် လန့် တွေးမိတာ ပါ )

အလုပ် ကို တကယ် လုပ်ကြမယ် ဆို ပါစို့  ။ဘယ်လို အဆို အမိန့် မျိုးတွေ ရှိပါသေးလည်း လို့ စဉ်းစားမိသေးတယ် ။ဒီလိုလေး တော့ ကြားဖူး ပါတယ် ။ ဟုတ် မဟုတ် ဆုံး ဖြတ်ပေးကြပါဦး ။ ခေါင်းတလုံးတည်း နဲ့ စဉ်းစားတာထက်စာရင် ခေါင်းတွေ အများကြီးနဲ့ စဉ်းစားတော့ နည်းလမ်း အယူအဆတွေ အများကြီး ရနိုင်တာပေါ့ ။ ဒီတော့ အရည်မရ ၊ အဖတ်မရ တွေးကြည့် လိုက်ရအောင် ။ ဒီလိုပါ ....
"Don't work harder, work smarter "တဲ့ ။ ဒီတော့ အလုပ်ကို အပင်ပန်းခံပြီး လုပ်နေစရာ မလိုပါဘုးလေ ။ သူများ မျက်ခုံးမွှေးပေါ် တက်ပြီး စင်္ကြန်လျှောက်ကြတာပေါ့း)) ။( ထော်လော်ကန့်လန့် စဉ်းစား ခြင်း ပါ ) ။ သင်ရော ဘယ်လိုများ အနက် အဓိပ္ပါယ်ဖေါ် တွေးမိ ပါသေးသလည်း ။

တကယ့် ဆိုလိုရင်းက ဒီလို ဖြစ်မှာပါ - အလုပ်တခုကို လုပ်တော့မယ်ဆို ရင် ဘယ်အချက်က အရေးကြီးဆုံးလဲ စဉ်းစား၊ ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ သတ်မှတ် ၊ပြီး လိုအပ်ရင် အချိန်ဇယားဆွဲ၊ နောက်ဆက်လို့ လုပ်စရာရှိတာကို ဘယ်လိုလုပ်ရမလဲ၊ အနှောင့်အယှက်တွေကို စိတ်ရှည်ရှည် နဲ့ ရင်ဆိုင်ဖြေရှင်း ၊ အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့် ခေတ်ပေါ်ပစ္စည်းကိုသုံး (ဥပမာ အဲယားဇလုံ လိုင်းကဲ့သို့  ပေါချောင်ကောင်း လေယာဉ်များကို ဆေးသုတ် အပေါ်ယံ ကြည့်ကောင်းအောင် ပြင်ဆင် )။ တခါတလေတော့လည်း လိုအပ်ရင် ဘယ်သူ့ တွေကို တာဝန်ခွဲဝေ ထမ်းဆောင်ခိုင်းမလဲ၊ ပူးတွဲ ဆောင်ရွက်မလည်း အစရှိသဖြင့် အစီအစဉ်ချ စနစ်တကျ လုပ်တဲ့ အလုပ်မျိုးပေါ့ လေ။( ရှိ ရှိ သမျှ အမျိုး အဆွေ အပေါင်းအသင်းတွေ ပါ စေရမယ် ) ။အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။ ( ပြောရတာ လွယ်သလောက် လက်တွေ့ လိုက်လုပ်ဖို့ တော့ ခက်သား ရယ် )

ဒါကြောင့် ဒါကြောင့် ဘယ်လို သမ္မာ အာဇီဝ အလုပ်မျိုး နဲ့ ဝမ်းတထွာ ကို အူမခြောက်အောင် လုပ်ရမလည်း ဆို တာ တောင် တွေးလေ ဝေးလေ ပါပဲ လေ ။ မနက်ဖန် သို့  မဟုတ် ဘယ်သော ခါမှ သမ္မာ အာဇီဝ အလုပ်ဆို တာ တွေအမှန်တကယ် ရှိလာကြမှာလည်း ။

ကာတွန်းဖတ်ပြီး ဆားချက်ရတာလဲ မောတာဘဲ ကွယ် ... :)

21 comments:

ဝက်ဝံလေး Saturday, November 07, 2009 1:27:00 AM  

ကြည့်စမ်း အခုချိန်ထိ မအိပ်သေးဘဲ စာရေးနေတယ် နာတော့မယ် မယ်ကိတို့တော့ ဟွန့် ဟွန့်

ဝက်ဝံလေး Saturday, November 07, 2009 1:28:00 AM  

သိပ်မသောင်းကျန်းချင်ဘူး လူများ တကာ မျက်စိ တံမြက်စည်း စူးမှာစိုးလို့
စာဖတ်ဦးမယ် ပြီးမှ အတည် မန့်မယ်

ဝက်ဝံလေး Saturday, November 07, 2009 1:33:00 AM  

အဲဒီအော်ပီကျယ်က ဝက်သိပ်ကြိုက်လားမသိဘူး သူဆွဲတဲ့ ကာတွန်း ဖွားကိ ပြန်တင်တာ ၂ ခါမှာ၂ ခါလုံး ဝက်ပုံတွေချည်းပဲ ဟွန့် ဟွန့်

ဘာတဲ့ အဲယား ဇလုံ ဟုတ်လား အဟေးးးအဟေးးးးးး အော် smart working ဆိုတာ အဲဒါမျိုးကို ပြောတာလား အင်း သိတွားပြီ ကျေးဂျူးးးးးးးးးးးးး အာဘွားးးးးးးရှလူးးးးးးးးး

သုဒြေ္န,  Saturday, November 07, 2009 2:00:00 AM  

တခုသတိထားရမှာက အချိန်ဆွဲတတ်တဲ့ ပါးစပ် ငတ်တတ်တယ်တဲ့  ဒါမျိုးတွေလဲရှိတယ် တခါတရံမှာစကားပုံကောင်းကောင်းတွေကို ဟိုလိုဒီိလို လိုချင်ရာဆွဲတွေး အရှေ့ နောက် အမြီး အမောက်မတည့် အောင်လည်းပြင်ဆင် တတ်ကြသေးတယ် (ဥပမာ)သီလစောင့် မှ အူမတောင့် တဲ့ စကားပုံကို အူမတောင့် မှ သီလစောင့် မယ်လို့ ပြုပြင်လိုက်ကြတော့  လူကောင်းတယောက်က လုံးလုံးလျှားလျှား သူခိုးဖြစ်ရတော့ တာဘဲမကိရေ အမှန်ကိုဝေဖန် ပိုင်းခြားတတ်ပါစေလို့ ဘဲ ဆုကောင်းကောင်း တောင်းရတော့ မဲ့  အချိန်ခါရောက်နေပြီ ခင်တဲ့ သုဒြေ္န

နှင်းနဲ့မာယာ Saturday, November 07, 2009 2:42:00 AM  

ဒေါ်ကိစ်ရေ
မနက်ဖြန်ပြီးနိုင်သော အလုပ်ကို ဒီနေ့ မလုပ်ပါနှင့်...

နှင်း

thawzin Saturday, November 07, 2009 4:46:00 AM  

လာဖတ်တယ်အစ်မရေ... အန်တီဘလော့တွေ လိုက်ဖတ်တယ်။ မြန်မာနိုင်ငံထုတ် ဂျာနယ်တွေ သွားဖတ်ပါတယ်။ လူတွေအများကြီးပါ။ လူတွေများတာကိုမပြောပါနဲ့အုံး။ လူတစ်ယောက်မှာရှိတဲ့ စိတ်လေးကိုပဲ ကြည့်အုံးမယ်။ တခြားလူကို သွားမကြည့်ပါသေးနဲ့အုံး။ မိမိစိတ်လေးကိုပဲ ပြန်ကြည့်မယ်ဗျာ။ ဘယ်လိုနေလဲလို့။ အခု ဒီပို့စ်လေးရေးရင်ကောင်းမယ်။ ကဗျာပဲရေးတာကောင်းပါတယ်။ မဟုတ်သေးပါဘူး။ အိမ်သာအရင်သွားတတ်လိုက်ပါအုံးမယ်။ စသဖြင့်ပေါ့ဗျာ။ ကိုယ့်စိတ်လေး စေရာနဲ့ ထပ်တူကျတဲ့ အလုပ်လေးကို လုပ်လိုက်ကြတယ်။ ပြောချင်တာက လူအမျိုးမျိုး အမြင်အမျိုးမျိုးနဲ့ အထင်တွေနဲ့ လုပ်ဆောင်နေကြတာ။ အလုပ်တခုလုပ်တော့မယ်ဆိုရင် အကျိုးနဲ့ အပြစ်ဆိုတာတော့ ရှိတာပဲ။ အကျိုးကြည့်သူအတွက် တော်လိုက်တာပေါ့ လို့ မြင်တယ်။ အပြစ်ကိုမြင်တဲ့သူအတွက်တော့ ဒါတော့လူတိုင်းလုပ်နိုင်တာပေါ့ လို့ မြင်ကြမယ်။ အမြင်တွေ အများကြီးရှိတယ်ဆိုတာ ပြောတာပါ။ အမြင်တွေ အမျိုးမျိုးရှိသလို လုပ်ဆောင်ချက်တွေလဲ အမျိုးမျိုးပေါ့။ လူတွေပြောနေတဲ့ ဒီမိုကရေစီ ဆိုတဲ့နိုင်ငံတွေမှာလဲ လာဘ်စားတဲ့သူ ဒုနဲ့ဒေးပါပဲ။ ကျားကြီးရင် ခြေရာကြီးတယ်တဲ့။ လုပ်ပိုင်ခွင့်တွေ များလာတဲ့အမျှ မဟုတ်တာတွေလဲ လုပ်နိုင်သလို ဟုတ်တာတွေ လုပ်နိုင်ပါတယ်။ လူတိုင်း လောဘဆိုရှိပါတယ်။ မိမိလဲ မိမိလောဘ, မိမိခြေရာအလိုက်ပေါ့လေ။ ထိုင်းနိုင်ငံဆိုရင် လူမျိုးလဲ ပျောက်တော့မယ်။ အခုဆိုရင် ဘာသာပါပျောက်တော့မယ်။ အမေရိကန်ဆိုရင် မွန်ဆလင်တွေ ဘာသာဝင်တွေ လာမှာ တအားကြောက်ကြတာ။ လူမျိုးရေးထက် ဘာသာရေးပျောက်မှာ တအားစိုးရိမ်ကြတာပဲလေ။ သူတို့ကတော့ ပြောထားတာပေါ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ လူ့အခွင့်အရေးပဲ။ သူတို့စကားနဲ့ သူခံနေရတာပဲ။ အခုဆိုရင် ကမ္ဘာလူဦးရေ ၄ပုံပုံရင် ၁ပုံက မွန်ဆလင်တွေလို့ ဖတ်ဖူးပါတယ် ဂျာနယ်တခုမှာ။ ကျွန်တော့်တို့နိုင်ငံက မွန်ဆလင်လဲ များလာပါပြီး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတာကိုး။ ဘယ်လောက် လူအခွင့်အရေးဖြစ်ပါစေ... ကျွန်တော်ဆိုရင် ဘာသာအယူအခွင့်အရေး မပေးဘူး။ အမှန်တိုင်းပြောတာပါ။ အရမ်းမုန်းတယ် ဘာသာခြားတွေကို, ဘာလို့ မုန်းလဲဆိုရင် မိမိမြန်မာကလူတွေက ကိုယ့်ဘာသာကို တန်ဖိုးမထားလို့လဲပါပါတယ်။ မြန်မာလူမျိုးတွေရဲ့ အသိထဲမှာ မိမိကိုယ့်ကိုကို ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတဲ့ အသိက အရမ်းနည်းတယ်ဗျာ။ အမည်ခံဗုဒ္ဓဘာသာအဆင့်လောက်နဲ့ဆိုတော့ လောကဓံဆိုတာကြီးကို ခါးဆီး မခံနိုင်ကြဘူး။ မခံနိုင်တော့ အားကိုးရာ ရှာပြန်တော့လဲ မဟုတ်တဲ့ အားကိုးမှုကို ရှာနေကြတယ်။ ဒါကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံကြီး ဆင်းရဲရတာလဲ အများကြီးပါပါတယ်။ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုတဲ့ အသိမရှိဘူး။ သူများပေါ် ဖျံကျလို့ရလိုက်တဲ့ပိုက်ဆံကိုမှ ပိုရတယ်ထင်နေကြတယ်။ ဒါပေမယ့် တခုရှိတာက ဗုဒ္ဓဘာသာဆိုတာ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ အထွန်းတောက်ဆုံးပါ။ ဘာသာရေးထွန်းတောက်မှုကိုကြည့်ပြီး ပိတီဖြစ်ရပါတယ်။ နိုင်ငံကြီးဆင်းရဲတာ ခေါင်းဆောင်ပိုင်းတွေနဲ့ဆိုင်သလို ပြည်သူတွေနဲ့လဲဆိုင်ပါတယ်။ ဘာသာရေးနဲ့လဲဆိုင်ပါတယ်။ အဲဒီခေါင်းဆောင်တွေဆိုတာလဲ ဒီပြည်သူတွေထဲကလူတွေပါပဲ။ ပြည်သူတွေကို သနားနေရင် ခေါင်းဆောင်တွေကိုလဲ သနားကြည့်ပေးစေချင်ပါတယ်။ တခုပြောပြချင်တယ်။ ကျွန်တော်တို့ စစ်တပ်ကလူတွေ အများစုက ဗုဒ္ဓဘာသာတွေ များပါတယ်။ ဘာသာခြားဆိုတာ တစ်ရာမှ တစ်ယောက်ပဲရှိတယ်။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်တွေဆိုတာလဲ ဗုဒ္ဓဘာသာဝင်တွေပါပဲ။

thawzin Saturday, November 07, 2009 4:49:00 AM  

ဒါကိုကြည့်ပြီး မိမိဘာသာဆက်စဉ်းစားပါတော့ အစ်မရယ်။ ပြည်သူတွေကိုချစ်ရင် , မိမိနိုင်ငံကြီးကို ချစ်ရင်ပေါ့ မှန်ကန်တဲ့ ဘာသာရေးလေးတွေ ဖြန့်ဝေပေးပါ။ သူတို့စိတ်ထဲမှာ ထမင်းချက်မှ ထမင်းစားရမယ့် အသိလေးရောက်သွားရင် ပြည်သူပြည်သားတွေကို ကြင်နာသော အနမ်းတပွင့်ပေးလိုက်တာနဲ့ ညီပါတယ်လို့ တင်စားချင်ပါတယ်။ ကျွန်တော်ကတော့ အရာရာကို အကောင်းမြင်တဲ့ သဘောနဲ့ ပြောနေတာမဟုတ်ပါဘူး။ သင့်တင့်လျောက်ပတ်စွာ မှန်ကန်စွာ နှလုံးသွင်းသော ယောနိသောမနသိကာရ ဆိုတဲ့ အမြင်လေးနဲ့ မြင်နိုင်အောင် ကြိုးစားမြင်ကြည့်တာပါ။ ဒီအမြင်ကို ပြည့်စုံပါတယ်လို့ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော့် အမြင်မိုလို့ပါ။ ကျွန်တောင်တို့ စစ်ခေါင်းဆောင်တွေ လုပ်တာ အကုန်ကောင်းတယ်လို့ ပြောလိုက်ရင် အကောင်းမြင်တယ်လို့ ပြောလိုက်တာပါ။ ခေါင်းဆောင်တွေ အားလုံးမကောင်းပါဘူး။ အဲလိုပဲ အားလုံးလဲ မဆိုး မမိုက်ကြပါဘူး။ ဘာသာရေး ထွန်းတောက်နေတာ အကျိုး လိုပဲ မြင်မိပါတယ်။ ဘုန်းဘုန်းကြီး တရားတွေထဲမှာ နာဖူးတယ်။ နိုင်ငံအာဏာလေးကို ၁ပတ်လောက်ဖြစ်ဖြစ် ရလိုက်ချင်တယ်တဲ့။ ဘာလိုလဲဆိုတော့ ဗေဒင်တွေ၊ နတ်တွေ၊ ဘိုးတော်တွေ ယုံကြည်နေတဲ့သူတွေအားလုံး ထောင်ချပြစ်ချင်လို့တဲ့။ ဘာသာရေး ချစ်စိတ်လေးပြောပြတာပါ။ နားလည်မလားမသိဘူး။ ဆက်ရေးရင် အစ်မကြီးရဲ့ ပို့စ်ထက်ရှည်သွားတော့မယ်။ အစ်မကြီးကို မကောင်းမြင်တဲ့ သဘောအနေနဲ့ ပြောနေတာမဟုတ်ပါဘူးနော်။ အစ်မကြီးလဲ အစ်မကြီးအမြင်နဲ့ မြင်နေတာပဲလေ။ ကျွန်တော်က စစ်သားမိုလိုဒီလိုပြောတယ်လို့လဲ မြင်နိုင်ပါတယ်။ စစ်သားဆိုတာလဲ ပြည်သူတွေထဲကမို့ ပြည်သူတစ်ယောက်အနေနဲ့ မြင်တယ်လို့တော့ ပြောချင်ပါတယ်။ နောက်ဆုံးပြောချင်တာ မျက်မှန်ကြီး တပ်ပြီးတော့လဲ အကုန်လုံး လျောက်ကြည့်မနေပဲ မျက်မှန်လေးချွတ်ပြီးကြည့်ရင်လဲ မြင်နိုင် တွေ့နိုင်ပါသေးတယ်လို့ အကြံပြုချင်တာပါ။ ကျေးဇူးတင်ပါတယ်။ comment ရေးတာ ရှည်သွားလို့ ၂ခုခွဲပြီး မန့်ခဲ့ပါတယ်အစ်မရေ။ ကျွန်တော် comment ကိုလဲ အစ်မကြီး မြင်ချင်သလိုမြင် ယူဆချင်သလိုသာ ယူဆပါတော့ဗျာ..... ။အမှား များသွားရင်လဲ တောင်းပန်ခဲ့ပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေလို့ ဆုမတောင်းပေးတော့ဘူး။ ဘာဖြစ်လိုလဲဆိုတော့ စိတ်သွားတိုင်းကိုယ်ပါနေလို့ အခုလို့ လောဘဒေါသမောဟတွေ မဖြစ်ချင်လဲ ဖြစ်နေရတယ်လို့ မြင်မိလိုပါ။ ကျေးဇူးတင်ပါတယ်။

rose of sharon Saturday, November 07, 2009 8:43:00 AM  

kIKIရေ....မောသွားလား....နောက်တခါရေယူခဲ့ပေးရမလား

လသာည Saturday, November 07, 2009 8:50:00 AM  

ကာတွန်းဖတ်ပြီး ဆားချက်လည်း မောရတာပါပဲကွာ။ တချက်ချင်းရိုက်ရင်း ဦးနှောက်လေးအလုပ်လုပ်လို့ ရေးရတာမဟုတ်လား။ ကဲ.. မောသွားပြီ နားဦး...:D

မကိရေးတာလေးတွေက ဖတ်လို့လည်းကောင်းတယ်။ တွေးစရာလည်းကောင်းတယ်။ လက်ခံတာမခံတာက စာဖတ်သူဆက်တွေးရမယ့်အပိုင်းလေ။ အဲလိုတွေးစရာအတွေးလေးတွေ ပေးတတ်တာကိုက မကိအရမ်းကိုတော်တယ်လို့ တို့က ချီးကျူးချင်တာ။ ဘယ်လိုပဲဖြစ်ဖြစ် မကိစာတွေက ရသစုံလို့ တို့ကတော့ တအားကြိုက်တယ် .. ;)

ညရဲ့ကောင်းကင် Saturday, November 07, 2009 9:20:00 AM  

စာလာဖတ်ပါတယ်...

အဲဒီအကြောင်းအရာတွေက တကယ်မှန်နေတော့
ခက်တယ်ဗျ...
တခြားမပြောနဲ့ ကားအခွန်သွားဆောင်တာ ပြီးခါနီးမှ
ခဏစောင့်ပါတဲ့... နောက်စားပွဲတခုရောက်ရင် ပြီးပါပြီတဲ့...ကျွန်တော်လည်း ထိုင်စောင့်နေတာ...
နောက်မှ မရသေးဘူးလားဆိုပြီး သွားကြည့်တော့မှ
နောက်စားပွဲဆိုတာ ဘေးချင်းကပ်ရက်က စားပွဲလေ...
သကောင့်သားနှစ်ကောင်က လေထိုင်ပွားနေကြတယ်..
ကျွန်တော့ စာရွက်က အောက်ကိုကျလို့ ...
အရှေ့မှာ ဘယ်နှစ်ယောက်ရှိလဲဆိုတော့လည်း တယောက်မှမရှိဘူး...
တော်တော်ပေါက်ကွဲတာ... စဉ်းစားတာကြည့်ကြပေါ့..
အဲလိုမျိုးတွေ အများကြီးအများကြီးပဲ...
တော်ပါပြီ မပြောတာပဲကောင်းပါတယ်...
တော်တော်တောင်ပြောမိနေပြီ ... :P

ahphyulay Saturday, November 07, 2009 1:19:00 PM  

မူတွေကတော့ အလွန်ကိုပဲကောင်းပါတယ်နော်
ကောင်းလွန်းတဲ့ မူတွေကိုပဲ တော်လွန်းတဲ့ လူတွေက
လုပ်စားကုန်ကြလို့ ပါ။ ကောင်းတဲ့ မူတွေက တော်လွန်းတဲ့ 
သူတွေကို မကျော်လွှားနိုင်တော့ တာပါ။အရေးကြီးတဲ့ 
ရုံးတွေ၊အများပြည်သူတို့ မလွှဲမသွေရောက်ရသွားရတဲ့ 
ရုံးတွေမှာ ဖုန်အလိမ်းလိမ်းတက်နေတဲ့ ဖိုင်တွဲစစ်စတမ်တွေကို
အခုအချိန်ထိပျော်ပျော်ပါးပါးတွင်တွင်ကျယ်ကျယ်ကျင့် သုံးနေတာသာကြည့် ၊မရှာချင်ရင်ကြာသလောက်ရှာလိုက်ရင်
မော့ (စ)လေးနဲ့ ကလစ်လုပ်တာထက်တောင်မြန်နေသေး။

ahphyulay Saturday, November 07, 2009 1:30:00 PM  

ထပ်ပြောခဲ့ ချင်တာက မောင်သော်ဇင်လို လူတွေများလာဖို့ 
နေရာတွေရလာဖို့ လိုပါတယ်လို့ ။အရှိကိုအရှိအတိုင်း အမှန်
ကိုအမှန်အတိုင်းဝန်ခံရင်ဆိုင်ရဲတဲ့ လူတွေရှေ့ ကိုထွက်လာ
ရောက်လာကြဘို့ လိုနေပါပြီ။ နောက်က အသာလေးခိုလိုက်ပြီး
တစ်ဘဝသမားဆံဆံကျင့် သုံးနေကြသူတွေများလာလို့  နှာစေး
မနေနိုင်တော့ တဲ့ ဘုန်းဘုန်းတွေနဲ့ တောင်ထိပ်တိုက်ဖြစ်ဖြစ်လာ
ကြပြီလေ။လုပ်နေတဲ့ သူတိုင်းသိဘို့ နဲ့ သိနေတဲ့ သူတိုင်းလဲ
လုပ်ကြဘို့ လိုပြီလို့ .................။

ကိုလူထွေး Saturday, November 07, 2009 9:42:00 PM  

သိပ်မလုပ်နဲ့အုံး...
ဒီနေ့ခေတ်လူကြီးတွေက သိပ်သိတာမဟုတ်ဘူး
တော်ကြာ အဟုတ်ကြီးမှတ် လိုက်လုပ်နေလို့ ငါးပါး ပက်လက်လန်ကုန်အုံးမယ်...

းဝ)

သားကြီး Sunday, November 08, 2009 2:18:00 AM  

ဆားချက်တယ်ဆိုလည်းအားပေးဖို့ဝန်မလေးပါ
ခင်ဗျ ဘီယာနဲ့သရက်ကင်းမြည်းနေတာ
အတော်ပဲ ဆားတစ်တို့လောက်ဗျိုးးးးး :P

သားကြီး Sunday, November 08, 2009 2:25:00 AM  

"Don't work harder, work smarter "ဆိုသည့်စာသားအားကျွန်ုပ်မည်သို့မှအဓိပ္ပါယ်ဖေါ်မတွေးတတ်ပါ
ရှေးဟောင်းသီချင်းတစ်ပုဒ်ကိုသာကျွန်ုပ်သည်
အပြေးအလွှားအမှတ်ရမိ၏.....
♬ သူများမျက်ခုံးမွေးများပေါ် စင်္ကြန်လျှောက်
ချင်သလားဟေ့ အန္တာရယ်တွေများလွန်းတယ်
♪..ပျားရည်ခွက်မှာအဆိပ်တွေနဲ့မို့... ♬ မင်းကိုစိုးရိမ်လို့....♪...တားမြစ်ပါရစေကွယ်... ♬♫♪ :P

သားကြီး Sunday, November 08, 2009 2:27:00 AM  

ကျနော်လည်း“ငပျင်း”စာရင်းထဲ ထည့်ရမယ့်
ကောင်တစ်ကောင်ပါ
အရာရာကိုရွေ့ဆိုင်းထားချင်ပါတယ်
ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၀ရွေးကောက်ပွဲကိုလည်း
ကမ္ဘာလဆန်း၁ရက်နေ့ကျမှ လုပ်ကြပါတော့လား...
နားလည်ပေးကြပါခင်ဗျာ..“ပျင်း..လို့..ပါ...”

ရေတမာ Sunday, November 08, 2009 8:10:00 AM  

အင်းးးးးးးးးးးးးးး ပျင်းတဲ့သူအတွက်တော့ ဆင်ခြေရသွားပြီးP

momiji Sunday, November 08, 2009 10:32:00 AM  

smart worker????

i m not.
:D

and also i m not hard worker.

:P

မငုံ,  Monday, November 09, 2009 7:16:00 PM  

ဘွားရေ.ဒီပိုစ့်ကိုဖတ်ပြီး အခုရုံးမှာ လုပ်နေတာတွေ မနက်ဖြန်မှ လုပ်တော့မယ်ဆိုပြီး ရွေ့ဆိုင်းပြီး ဘလော့ဂ်တကာလည်လိုက်ဦးမယ်နော်။

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP