အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 10, 2009

နာတာလေးကို ခွင့်ပြုမယ်တဲ့ .....

ဒီနေ့  သတင်းကောင်းလေးတခုဖတ်လိုက်ရလို့  အနည်းငယ် ကျေနပ်သွားရသည် ။ လေးစားမိသော (ဦး) ကျော်သူရဲ့  ရဲရင့် ပြတ်သားတဲ့ ဆုံးဖြတ်ချက် နဲ့ လုပ်ဆောင်မှု အတွက် သူ့ ကို ပိုပြီး လေးစားမိပြန်သည် ။ မတရားတဲ့  အမိန့် အာဏာ ကို ခေါင်းငုံ့ မခံ တည်ကြည်စွာ တုန့်ပြန်ချက်က အတုယူဖွယ်ကောင်းလှသည် ။
ထိုးမဲ့ဆင် နောက်တလှမ်းဆုတ် သဘောများလားဟု လို့ လည်း သံသယ အနည်းငယ်ဝင်မိလိုက်သေးသည်။ ဘယ်လိုပဲ ပြောပြော ၊ အရှုံးထဲက အမြတ်လို့သာ ယူဆလိုက်တော့ ဘဝင် နဲနဲ ကျသွားရသည်ပေါ့ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ တပါတ်ခန့် က နာတာလေးတော့ ခွင့်ပြုကွယ် အမည်တပ်ပြီး ပို့ စ်လေးတခု ရေးဖြစ်ခဲ့ သည် ။ ခုတော့ သက်ဆိုင်ရာ ဘက်မှ အနည်းငယ် လျှော့ပေါ့ပေးလာတော့ ရှဉ့် လည်းလျှောက်သာ ၊ ပျားလည်းစွဲသာ အခြေအနေလေး ဖြစ်လာရပေတာမို့  အားလုံးသော အဆောက်အဦ ဆောက်လုပ်သူများ က (ဦး) ကျော်သူ အား ကျေးဇူးတင်ကြပါသည် ။
ကျေးဇူးတင်ထိုက်သောသူကို ကျေးဇူး တင်ခြင်းဖြစ်တာကြောင့် ဒါဟာလည်း မင်္ဂလာ တပါး လို့ ခေါ်ဆိုလို့ ရပါလိမ့်မည် ။

ဒီ နေရာ မှ ရတဲ့  ဒီသတင်းလေးကြောင့်ပါ ။( သတင်း အစ မှ အဆုံး ပြန်လည် ကူးယူ ပေးလိုက်ပါသည်။ )http://www.khitpyaing.org/news/Nov09/091109c.php

ထုတ်ပြန်ထားသော ရေမြောင်းအမိန့်ကို
မြို့တော်ဝန် ပြန်လည်ရုပ်သိမ်း

မျိုးချစ်သူ / ၉ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်မြို့တော်ဝန်က အဆောက်အအုံသစ် ဆောက်လုပ်သူများသည် (၅) ပေအကျယ် (၅) ပေအနက် ရေမြောင်းတူးရမည်ဟု ထုတ်ပြန်ထားသောအမိန့်ကို ကိုယ်တိုင်ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများက ပြောသည်။

ရန်ကုန်စည်ပင်ကော်မတီက ချမှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းရန် ရှိပါသဖြင့် ဟူသော ခေါင်းစဉ်ဖြင့် အဆိုပါလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများအား နိုဝင်ဘာ (၅) ရက်နေ့က အကြောင်းကြားလာပြီး နိုဝင်ဘာ (၆) ရက်နေ့ မြို့တော်ခန်းမ၏ စည်းဝေးခန်းမတွင် ညနေ (၃) နာရီ ကြွရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ကန်ထရိုက်တာတဦးက ပြောသည်။

“ကျနော်တယောက်တည်းမဟုတ်ဘူး။ လုပ်ငန်းလုပ်နေသူတွေအားလုံး။ နာရေးကူညီမှုအသင်းက ကိုကျော်သူကို ကျေးဇူးတင်တယ်။ သူပြောတာမျိုး ပြောရဲသူမရှိဘူး။ ဘယ်သူမှ အဖမ်းမခံရဲဘူး။ သူ့ကြောင့် အခု စည်ပင်က တူးခိုင်းတဲ့ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းကိစ္စ ရှင်းသွားတယ်” ဟု ယင်းကန်ထရိုက်တာက ပြောသည်။

အဆိုပါနေ့တွင် မြို့တော်ဝန်က တက်ရောက်လာသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို အချိန်နောက်ကျသည့်အတွက် တောင်းပန်ကြောင်း ပဏာမစကား ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသော နာမည်ကြီး ဆောက်လုပ်ရေးကန်ထရိုက်တာက ပြောသည်။

“အစတော့ လေသံက နည်းနည်းပျော့တယ်။ နောက်ပြောရင်းပြောရင်းနဲ့ ရေမြောင်းကိစ္စကို နိုင်ငံရေးပယောဂ ရောယှက်တယ်လို့ မထင်ရအောင် ပြန်ပြီး ပြင်ဆင်ထားတာကို ရှင်းပြချင်လို့ ခေါ်တာလို့ပြောတယ်။ သူက ကျော်သူတို့နဲ့ဖြစ်တဲ့ ပြဿနာကို မကျေလည်တဲ့ပုံပဲ။ စကားသံနည်းနည်း မာလာတယ်။ ဒါပေမယ့် ပြန်ပြင်တယ်ဆိုတဲ့အတွက်တော့ ၀မ်းသာတယ်။ အရင်အမိန့်ကို ပယ်ဖျက်လိုက်တဲ့ သဘောပဲခင်ဗျ” ဟု ၎င်းက ပြောသည်။

စည်ပင်ခန်းမကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းတို့ကို ရန်ကုန်စည်ပင်က အသင့်ရေးထားသော ရေမြောင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များဟု ရေးထားသော စာရွက်ပေးဝေကြောင်း ကန်ထရိုက်လုပ်ငန်းရှင်တဦးက ပြောသည်။

“အဲဒီအချက် လေးချက်ကတော့ဗျာ၊ အဆောက်အအုံဆောက်ရင် ကိုယ့်အနီးမှာရှိတဲ့ ရေမြောင်းအရွယ်အတိုင်းပဲလုပ်ပါ။ ပြီးတော့ မြေသားမြောင်းပဲလုပ်ပါ။ လူနဲ့ယာဉ်တွေ ကူးနိုင်ဖို့ ရေမြောင်းကို ယာယီပြုလုပ်ပေးပါ။ ဌာနက စစ်ဆေးပြီးမှ သတ်မှတ်ပေအရွယ်အတိုင်း အခိုင်အမာ အမြဲတမ်း ပြောင်းလုပ်ပါလို့ ပါတယ်ဗျ” ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

“(၅) ပေအကျယ် (၅) ပေအနက် လုပ်ရမယ်လို့ အမိန့်ထုတ်တော့ ပြီးခဲ့တဲ့ (၄) လလောက်ကလို့ ထင်တယ်ဗျ၊ ဘယ်သူမှ မလုပ်နိုင်ဘူး။ ဒါက လူတိုင်း စဉ်းစားလို့ရတယ်။ မဖြစ်နိုင်ဘူးဆိုတာ၊ အခုပြန်ပြီး သတ်မှတ်တာက အရင်ပုံစံအတိုင်းပါပဲ။ ဒါက ကိုကျော်သူကြောင့်ဗျ၊ ကျနော် ကျေးဇူးတင်တယ်၊ နာရေးကူညီမှုကို သွားလှူအုံးမယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြောက်ဒဂုံသို့ပြောင်းရွှေ့ခဲ့ရသည့် နာရေးကူညီမှုအသင်းသည် ခြံဝင်းရှေ့တွင် (၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးဘဲ အဆောက်အဦကို ဆောက်လုပ် အသုံးပြုခဲ့သည်ဟုဆိုကာ ခွင့်ပြုချက်မရဘဲ အဆောက်အဦ အသုံးပြုမှုဖြင့် မြောက်ဒဂုံစည်ပင်က နာရေးကူညီမှုအသင်းကို ပြီးခဲ့သည့်အောက်တိုဘာ (၂၉) တွင် တရားစွဲဆိုခဲ့သည်။

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက အခြားဘေးပတ်ဝန်းကျင်တွင် မည်သူမျှမတူးဘဲ ၎င်းတို့အသင်းရှေ့တွင်သာ ကွက်တူးပါက ရေစီးရေလာမရှိသဖြင့် မြောင်းတူးဖော်ရန်မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တရားစွဲလိုက စွဲနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းသို့ ဦးကျော်သူက ဖမ်းလိုကဖမ်း၊ တရားစွဲလိုကစွဲ မိမိတို့အသင်းသည် အခမဲ့ ဆေးကုပေး၊ အခမဲ့ နာရေးဝန်ဆောင်မှု ပေးနေသည့် အသင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ စည်ပင်က ရေမြောင်းတူးရန် ထုတ်ပြန်ထားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

“မြို့တော်ဝန်က (၅) ပေအကျယ် (၅) ပေအနက် ရေမြောင်းတူးပါလို့ ပြောတာဟာ ရေစီးရေလာ အတွက်ပဲဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆိုတာ တွေးရမယ်လေ။ သူက ရန်ကုန်တိုင်း ကြံ့ဖွံ့ဗဟိုအလုပ်အမှုဆောင် ဖြစ်တဲ့အတွက် အခု ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ကာလမှာ ဒီဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ကန်ထရိုက်တာတွေကို ဒီနည်းနဲ့ ပြန်လည်စည်းရုံးလိုက်တဲ့ သဘောလည်း သက်ရောက်သွားတယ်ဗျ။ လုပ်ငန်းရှင်တွေ အားလုံးကို သဘော မတူတာရှိလားလို့ သူကမေးတယ်။ အားလုံးက အခုပြန်လုပ်တဲ့ ရေမြောင်းစနစ်ကို ကြိုက်တယ်လို့ အော်ပြောကြတယ်” ဟု အစည်းအဝေးတက်ခဲ့သူ ကန်ထရိုက်တာတဦးက ပြောသည်။
.......................................................................................................
ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခုလို နှစ်ဦးနှစ်ဖက် အဆင်ပြေ ချောမွေ့ သွားရတဲ့ သတင်း ။ ဘယ်တုံးကမှ လိုက်လျှောမှု ပြေလည်မှု မရှာတတ်တဲ့ အဖွဲ့ အစည်းတခု ရဲ့  ပြေလည်စွာ လုပ်ဆောင်ဖို့  အစပျိုးပေးလိုက်ခြင်းမှ ရှေ့ ဆက်ပြီး ပြေလည် စွာ ပူးပေါင်း ဆောင်ရွက် ပေးနိုင်လိမ့်မည် ဟု မယုံရဲ ယုံရဲ ဖြင့် ယုံကြည်ထားလိုက်ရပါသည် ။
(ဦး) ကျော်သူ နှင့်တကွ နာရေးကူညီမှု အသင်းကြီး မှ တက်ကြွစွာ လုပ်ဆောင်ပေးနေကြသူများ အားလုံး ကျန်းမာရွှင်လန်းစွာ ။ စိတ်ချမ်းမြေ့ စွာဖြင့် ကုသိုလ်ဖြစ် လုပ်ငန်းများကို အနှောက် အယှက်ကင်းရှင်းစွာ ဖြင့် ဆက်လက်၍ လုပ်ဆောင်ပေးနိုင်ကြပါစေ ။ စဉ်ဆက်မပြတ် တိုးတက် အောင်မြင်နိုင်ကြပါစေ ။

14 comments:

ဝက်ဝံလေး Tuesday, November 10, 2009 3:42:00 AM  

ဘာနာနေလဲ လာခဲ့လေ နာတဲ့နေရာကို တူနဲ့ထု ပေးမယ် ဟိဟိ
ခဏ စာဖတ်ဦးမယ်

ဝက်ဝံလေး Tuesday, November 10, 2009 4:52:00 AM  

အယ် ကောင်းသတင်းပေါ့နော် ဟဲဟဲ ဒီလိုကျတော့လဲမဆိုးပါဘူး အင်းလေ သိပ်လဲချီးကျွေး အဲ ချီးကျူးလို့မရပါဘူးလေ နော့်

rose of sharon Tuesday, November 10, 2009 8:20:00 AM  

ဦးကျော်သူကိုလေးစားပါတယ်... ဘယ်သူမှမလုပ်နိုင်တာသူလုပ်တယ်... ဘယ်သူမှမပြောရဲတာတွေ သူပြောရဲတယ်

ဧပရယ်လ်ပူး@ပူးတေ Tuesday, November 10, 2009 10:08:00 AM  

ဖတ်ရတာ ကျေနပ်ဝမ်းသာသွားတယ်။
တရားကို နတ်စောင့်ပါတယ် ဆိုတဲ့ စကားကိုပြောချင်ပေမယ့် ဒီနိုင်ငံမှာ ပြောလို့မဖြစ်ဘူး။ နတ်လဲ မစောင့်နိုင်ဘူးထင်တယ်။

ahphyulay Tuesday, November 10, 2009 10:58:00 AM  

ပြောသင့် ပြောထိုက်တာကိုပြောလိုက်တာဖြစ်ပေမဲ့ ကြိုးနီစနစ်ကျင့် 
သုံးနေတဲ့ နိုင်ငံမှာဒါဟာပထမဆုံးအကြိမ်လျှော့ ပေးလိုက်
ခြင်းပါလို့ ထင်ပါတယ်။ကိုကျော်သူ ပို့ လိုက်တဲ့ သွားလေသူ
အပေါင်းရဲ့  ပို့ သလိုက်တဲ့ မေတ္တာစူးရှလို့ လဲထင်ပါတယ်။
ဘာပဲပြောပြော အပြုသဘောစောင်တဲ့  ဆုံးဖြတ်ချက် လုပ်ရပ်မှန်
သမျှတော့ ကြိုဆိုနေရမှာပါ။ မှောင်မိုက်နေတဲ့ ဂျောက်ကြီး
ထဲက လင်းကနဲ လက်လိုက်တဲ့  ပိုးစုန်းကြူးမီးလေးပါလို့ ...။

လသာည Tuesday, November 10, 2009 6:22:00 PM  

အခုလိုအဆင်ပြေသွားတာ တော်တော်ဝမ်းသာစရာပဲ..

ညရဲ့ကောင်းကင် Tuesday, November 10, 2009 6:31:00 PM  

ဝမ်းသာစရာသတင်းတခုပါပဲ...

reenoemann Tuesday, November 10, 2009 9:43:00 PM  

ဝမ်းသာစရာ သတင်းပေါ့ဗျာ

ရီနို

thawzin Wednesday, November 11, 2009 12:06:00 AM  

ရှေးကမန့်ထားတဲ့လူတွေ တော်တော်ဝမ်းသာသွားတာပါပဲလား...။ ကျွန်တော်လဲ ထပ်တူဝမ်းသာသွားပါတယ်ဗျာ

Angel Shaper Wednesday, November 11, 2009 3:43:00 AM  

ဝမ်းသာ ဂုဏ်ယူစရာပါ။ သာဓုခေါ်တယ်နော်။

သားကြီး Wednesday, November 11, 2009 3:40:00 PM  

ဦးကျော်သူရေ bravoပါပဲဗျာ
သတင်းဖေါ်ပြပေးတဲ့အစ်မခိခိကိုလည်းကျေးဇူးပါဗျာ ကျနော်ကအဲလိုသတင်းနေရာတွေသိပ်မရောက်တတ်လို့
ပေါက်တတ်ကရနေရာတွေပဲရောက်တတ်လို့ ဟီးး

Angel Shaper Wednesday, November 11, 2009 8:21:00 PM  
This post has been removed by the author.
မြစ်ကျိုးအင်း,  Wednesday, November 11, 2009 8:23:00 PM  

ဒီလိုအဖြစ်အပျက်လေးကိုတောင် ကြားရတဲ့သူ ၀မ်းသာ ပျော်ရွှင်ရတယ်ဆို ဒီ့ထက် အပြုသဘောဆောင်တာ တွေ အများကြီးကျန်နေသေးပါတယ်။

မြန်မာလူမျိုးက ဆားလေးနဲ့ စားနေရရင်တောင် ကောင်းသတင်းလေးကြားရရင် ၀မ်းသာမုဒိသာ ပွားတတ် တဲ့ လူမျိုးပါပဲ။

ပြည်သူတွေအားလုံးကို ပျော်ရွှင်စေချင်ရင် လုပ်လို့ ရနိင်တဲ့ အပြုသဘောဆောင်တာတွေ လုပ်စေချင် တာပါပဲ။

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP