အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 11, 2009

တူညီတဲ့ အတွေးတွေ..

"ဆွေမျိုးပေါက်ဖေါ် " ဆိုတဲ့ အသုံးအနှုန်းက ဘယ်ခေတ်ဘယ်အခါက စပြီးတော့ တွင်ကျယ်လာခဲ့တာလည်းတော့ မသိပါ ။ နိုင်ငံချင်း ထိစပ်နေတာ များကြောင့်လား ။ ဒီလိုဆိုရင် အနောက်ဖက်က အိန္ဒြိယ သားတွေကို " ဆွေမျိုးဘာဘူ" လို့  ဘယ်သူမှ မခေါ်ကြတာပါလိမ့် ။ အရှေ့ တောင်ဖက်ထိစပ်နေတဲ့ ထိုင်းကြီးတွေကိုလည်း " ဆွေထိုင်း" လို့  မခေါ်ကြဘူး နော် ။ ပေါက်ဖေါ်ကြီးတွေ က မျက်နှာကြီးလို့ ထင်ပါရဲ့ ။နီးရာဒါး ကြောက်ရပေတာ မို့ လား ။ ကိုယ်တိုင်ကလည်း ဘုမသိ ဘမသိနဲ့ပါပဲ ။ဘယ်လိုက ဘယ်လို ဘဝဇာတ်ဆရာက ဇာတ်ညွန်းချပေးလိုက် လို့ လည်း မသိ ။ ပေါက်ဖေါ်ကြီးတို့ ပြည်မှာ လာပြီး လုပြည်ဝပြည် ဖြစ်နေရတော့တာပါပဲလေ ။ ခင်ရာဆွေမျိုး ဆိုတာ တကယ်ဆိုတော့လည်း မှန်နေတာပါပဲ ။ ရောက်တဲ့ အရပ်မှာ ပျော်အောင်နေဖို့ ကြိုးစားရင်းနဲ့ ပျော်သလို နေတတ်လာခဲ့ပြီ ။ သူတို့ ဓလေ့ ထုံးစံတွေကို ဘာရယ် မဟုတ် ။မတ်တပ်ကြီးရပ်ပြီး ဘုရားရှစ်ခိုးတာမျိုးလည်း ရှိပါသေးရဲ့ ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း နဲ့ ကိုယ့်အိမ်မှာ ဘုရားရှစ်ခိုး တာက လွဲရင်ပေါ့ ။ဒီတော့ အပြင်က ဘုရားကျောင်းတွေမှာ ဘုရားရှစ်ခိုးရင် မိုးတိုးမတ်တပ် ကြီးကိုဖြစ်လို့ပါပဲ ။ ရောမပြည်ရောက်တော့ ရောမလိုကျင့် ။ ပေါက်ဖေါ်ပြည် ရောက်တော့လည်း အင်း......ရှဲ့ ရှဲ့ နီ တို့  ၊သွေ့ ပုချီတို့ နဲ့ ပဲ စခန်းသွားနေရတော့တယ်လေ ။

တူညီတဲ့ အတွေးတွေ...ဒီလို မတူတာတွေရော တူတာတွေရော ရှိနေကြတဲ့ အထဲမှ တူတဲ့ အတွေးအခေါ်လေး တွေ တချို့  ကို Old Master ဆိုတဲ့ ကာတွန်းထဲ မှာတွေ့ လိုက်ရလို့  ပြန်မျှဝေ ပေးလိုက်တာပါ ။ လိုရာဆွဲတွေး နေကြဆိုတော့လည်း တွေးမိတဲ့ ပုံလေး တချို့ ကိုပဲ ကော်ပီလုပ်ပေးလိုက်ပါတယ် .. ( ဆားတွေ ငံပြာရည်တွေ ငပိတွေ ချက်ရတာလည်း စုံနေပြီ ဆိုတော့ ပေါက်ဖေါ်ချက်လေး ပဲ ချက်ပေးလိုက်တယ် )း))

ဒီ old master ဆိုတဲ့ တရုပ်အဖိုးကြီး ရဲ့ ကာတွန်းဟာ နှစ်ပေါင်းဆယ်စုများစွာ တိုင်အောင် ခေတ်စားနေတုံးပါပဲ ၊။ သတင်းစာတွေရဲ့  ကာတွန်း ကဏ္ဍမှာ လည်း အမြဲတမ်း ဖေါ်ပြပေးနေကြပါ ။ ရှေးခေတ်ဟောင်းတရုပ်အဖိုးကြီး က မြန်မာပြည် က သမိန်ပေါသွပ် နဲ့ နှိုင်းပြောလို့ ရမလားမသိ ။ အိုင်ဒီယာတွေခပ်ဆင်ဆင် နဲ့ ။ တရုပ်သိုင်းကွက်တွေလည်း တတ်တယ်ပေါ့ ။ တခါတလေတော့လည်း အတော်လေး အူကြောင်ကြောင် အတွေးအခေါ်နဲ့  ဟာသ ဖြစ်စေတယ်လေ ။စာလုံးတွေ စကားတွေ သိပ်မပါပေမဲ့ လည်း ပုံကိုကြည့်တာနဲ့တင် အဓိပ္ပါယ်ကို ပေါ်စေတာမျိုးလည်း ရှိတယ် ။




ဥပမာ ဒီအပေါ်ပုံ လိုပေါ့ ။ တောင်းတယ် ။။ တောင်းတယ် ။ တစ်ခါတောင်းတယ် ။ ဟိုလူကလည်း ဂရုမစိုက်ဖူး ။ နှစ်ခါ ဖြတ်တော့ နှစ်ခါတောင်းတယ် ။ ဘာ မှ မသိသလိုနဲ့ ။ ဒီလို နဲ့  သုံးခါဖြတ် တော့ သုံးခါတောင်း ၊ အောင်မယ် ဟိုလူက ဆေးပေါ့လိပ်ကြီးတောင် ခဲလို့  ၊ ခေါင်းကိုတောင် မော့ထားလိုက်သေး ။ ကဲ ဟာ ကဲဟာ ဒီလောက်တောင်ဖြစ်လှတာ ချတယ်ကွာ .. ရရင်ရ မရရင်ချ ပဲ ။ ကဲ ပေးမလား မပေးဘူးလား ။ အနုနည်းနဲ့ မရတော့ အကြမ်းနည်းပဲ ပေါ့ ။ ...အင်း .. .. ကိုယ်တို့  ရွှေပြည်သားတွေလည်း ဒီလို လုပ်ချင်ကြတာပါပဲ ။ အများစု ရဲ့  တူညီတဲ့ အတွေးတွေ လေ။
မတူညီတဲ့ အတွေးရှိသူတွေလည်း ရှိမှာပါ ။





ဒါကတော့ ဆရာ့ ဆရာကြီး old master ဘဘဂျီး ပေါ့ ၊ လူရှေ့ သူရှေ့ မှာ ဆရာကြီးတဆူ ။ ချဲသမျှပွဲတွေ သူပဲ နိုင် တဲ့  ဆရာဘဘဂျီး ၊ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဆိုတဲ့ စကားလက်ဝယ်ထား ။ ( အင်း ..ဟိုက တပည့်တပန်းတွေကလည်း ဆရာကာပြန် အာခေါင်လှံစူး မှာ စိုးကြ လို့ လား ၊ ပြန်မချချင်လို့ လားတော့မသိ ၊ အခွင့်ကောင်း မရသေးတာလည်း ဖြစ်နိုင်တယ် ) ။ ဒီလိုနဲ့  အပြင်မှာ တကဲ့ Reality သူ့ ထက်ကဲ နဲ့ တွေ့ လိုက်တော့ ဆရာအိုကြီး ဘယ်ပြောကောင်းပါ့မလည်းနော် ။ ပုံပါအတိုင်း ပါပဲပေါ့ ။ ထိုင်သာ ကန်တော့ လိုက် ၊ ကိုယ့်အသား ပဲ့ပါသွားတာမှ မဟုတ် တာ လေ ။

ဒီနေရာမှာရော တူညီတဲ့ အတွေးတွေ ပါပဲလား ။ idiot ကတော့ ဒီပုံ ဒီနည်းပဲ တွေးကြည့် လိုက်တယ် ။ မည်သူမဆို လွတ်လပ်စွာဖြင့် ကိုယ် ကြိုက်ရာဆွဲတွေးနိုင်ပါတယ် ။
ဆက်ဖတ်ချင်ရင် ဒီနေရာမှာ အများကြီး ရှိသေးတယ် နော့ .. ဆက်လက်ရှုစား ကြပါကုန် ... ကာတွန်းဖတ်ခြင်းဖြင့် ရယ်မော အသက်ရှည် နိုင်ကြပါစေ ။ ( ကိုယ့်ဖက်ကိုယ် ကာပြီး ။ သူများကိုတော့ မတွန်း ကြစေလိုပါ )





ဒါလေးကတော့ မြန်မာပြည်သား ကာတွန်းဆရာ အကျော်အမော် ကိုဟန်လေးရဲ့ ပြောင်မြောက်လှတဲ့  အတွေးတွေနဲ့ သပ်ယပ် ထိမိစွာ ရေးဆွဲထားတဲ့ ကာတွန်းပေါင်း များစွာထဲ က တပုံ ပါ ။ သူ့ ရဲ့  အတွေးအခေါ်တွေ က ခေတ်ကြီး ရဲ့  လတ်တလော အဖြစ်အပျက်တွေ ကို လျှပ်တစ်ပြက် ထိထိမိမိ သရုပ်ဖေါ်နိုင်တယ် ။ ဒီပုံ ထဲ မှာ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်တွေ က ငြိမ်းချမ်းရေးနိုဘယ်ဆု ပူပူနွေးနွေးပိုင်ရှင်ကြီး အမေရိကန် သမ္မတ အိုဘားမား ကိုအလုအယက် နှုတ်ဆက် ချင်နေကြတယ် ။ ကိုယ်တို့  ပီအမ် ဘဘထိပ်ပြောင်ကြီး က ဘာလို့ ဟိုးအောက်ဆုံး ရောက်ပြီး သူများ ရဲ့  ဂုတ်ခွစီးခြင်း ခံနေရတာ ပါလိမ့်၊ ဝဋ်လည်တာပဲ နေမှာ ။ သူ့ ဂုတ်မှာ ခွထိုင်နေသူ ကိုကြည့်လိုက်တော့ ဆွေမျိုး ပေါက်ဖေါ်ကြီး ပါလား၊ သူကဘယ်လိုလုပ်ပြီး ဒီအုပ်စုထဲ ရောက်နေတာပါလိမ့်၊ ဪ ..စလုံး ပီအမ်ကြီး လီရှန်လုံး နဲ့တူပါတယ်( မှန်းပြီး ရွှီးလိုက်တာ ) ။ ဖိလိပိုင်သမ္မတ အာယိုယို လည်း ဒေါက်ဖိနပ်လေး တဖက်သာ ခြေချခွင့် ရှိနေတော့တာပါလား ။ ကဲ အာဆီယံ ၁၀နိုင်ငံ က ဘာတွေလည်း ၊ ခေါင်းဆောင်ကြီးတွေက ဘယ်သူလည်း သိကြလား ။ သိကြမှာပေါ့နော် ။ အဲ... မသိသေးသူတွေ ဒီနေရာလေး တချက်ပြေးကြည့်လိုက်ပါအုံး ။ ခေါင်းဆောင်တွေက ဘယ်သူတွေလည်း ။ဘာတွေဆောင်ရွက်ပေးနေကြလည်း ဆိုတာ ပါသိရအောင်လို့ ပါ ။ ၁၀ နိုင်ငံ ကတော့ ဘရူနိုင်း၊ ကမ္မဘောဒီးယား၊အင်ဒိုနီးရှား ၊လာအို ၊ ထိုင်း ၊ မလေးရှား ၊ မြန်မာ ၊ ဖိလိပိုင် ၊စင်္ကာပူ နှင့် ဗီယက်နမ် နိုင်ငံ တို့ ပါ ။ သူတို့  ၁၀ ဦး ဘာတွေ တွေး နေကြသလည်းတော့ မသိပါဘူး ။ မကြာမီ ရက်ပိုင်းအတွင်းမှာ ကျင်းပ မဲ့ အစည်းအဝေးကြီးမှာ ဘာတွေ တိုးတက် ပြောင်းလဲ လာမလည်း မသိပါ ဘူး ။ ထူးမခြားနား ဇာတ်ကြီးပဲ ဆက်က နေကြ မှာလား ။ ကိုယ့်အတွေးကတော့ ကာတွန်း ဟန်လေး တော်လိုက်တာ .. လို့  ။ သူ့ လို ကာတွန်း ဆွဲတတ် ။ တွေးတတ်တဲ့ ဦးနှောက် ရှိသူကို ထောက်ခံ အားပေး ဖို့ ပဲ တွေးနေ မိတယ် ။

ဒီကာတွန်းလေး ကို ဒီနေရာ မှ ရယူထားပါတယ်

24 comments:

သုဒြေ္န,  Wednesday, November 11, 2009 12:23:00 AM  

မကိမကိတစ်ရပြီထင်တယ်

သုဒြေ္န,  Wednesday, November 11, 2009 12:37:00 AM  

တူညီတဲ့ အတွေးလို့ ပြောရမလားမသိ ပထမပုံ သူကကော်ဖီလိုက်တိုက်တာ ဟိုလူက မသိချင်ယောင်ဆောင်နေတော့  ၁ခါ ၂ခါ ၃ခါ သီးညည်းမခံနိုင်တဲ့ အဆုံး ခေါင်း၇ိုက်သတိပေး တာလေ ပြီးတော့ မှအနီးကပ်မေးလိုက်ပုံက ငါကော်ဖီတိုက်နေတာမင်းမသိလေရော့ သလားတဲ့  ဒုတိယပုံကတော့  စဉ်ပေါ် မှာအစွမ်းပြတဲ့ သိုင်းသမား အပြင်မှာဓါးပြတွေ့ လို့ ထိုင်တောင်းပန်နေတဲ့ ပုံလို့ ထင်တယ် တတိယ ပုံကတော့  အိုဘားမားကပြောတယ် အရှေ့ ဆုံးရောက်တဲ့ သူ အမေရိကားမှာနေထိုင် ခွင့် ပေးမယ်ဆိုလို့  အလုအယက် သူ့ ထက်ငါ အရင်ရောက်အောင်သွားနေပုံလို့ ထင်ပါတယ် ဟုတ်ပါသလားခင်ည

ညရဲ့ကောင်းကင် Wednesday, November 11, 2009 1:39:00 AM  

ကာတွန်းပုံတွေကြည့်ပြီး ရီရတာ အူတက်တယ်ဗျ..
တော်တော်ကောင်းတဲ့ ကာတွန်းတွေ...
ဒါနဲ့ စကားမစပ်ပါ...ပေါက်ဖော်ချက်ဆိုတာ ဘာလဲသိဘူးဗျ... အဟီး မသိလို့နော် :P

ခြေလှမ်းသစ် Wednesday, November 11, 2009 2:00:00 AM  

ဖွားကိရေ တရုတ်ကာတွန်းဆရာကြီးရဲ့  ကာတွန်းတွေ ကလည်း အရမ်းကောင်းပါတယ်ဗျာ ... ကျနော်တို့ ကာတွန်း ဟန်လေးကတော့ လန်နေတာပဲဗျာ .. လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လုံးဝ ထင်စပ်စေပါတယ်ဗျာ

ဝက်ဝံလေး Wednesday, November 11, 2009 2:12:00 AM  

မကိရေ old master ကြည့်နေတာနဲ့ပဲ မန့်တာ နောက်ကျသွားတယ် ဟဲဟဲ အဘိုးကြီးက ရီရတယ်နော် ဟိဟိ

Angel Shaper Wednesday, November 11, 2009 3:42:00 AM  

ဟဟဟဟားးးးးးးးးးးးးးးးးးးး
သမီးကြီး လာရယ်သွားတယ် မယ်မယ်ကိရေ...

လသာည Wednesday, November 11, 2009 7:18:00 AM  

ကောင်းလိုက်တဲ့ ကာတွန်းလေးတွေ။ ကိရဲ့ ရှင်းလင်းချက်နဲ့ တွဲလိုက်တော့ မိုက်သလားမမေးနဲ့ မိုက်မှမိုက်ပဲ :D

ahphyulay Wednesday, November 11, 2009 7:19:00 AM  

အလု အယက်နူတ်ဆက်တယ်ဆိုတဲ့ နေရာမှာ ဒီမိုကရေစီလို့ သာ
အမည်ခံထားကြပေမဲ့  တကယ်မသိမသာရော၊သိသိသာသာရော
သွားနေကြတာက အာဏာရှင်စံစံ ဘိုးဘွားပိုင်စနစ်ပုံစံမျိုး
တွေပဲသွားနေကြတဲ့ နေရာယူထား နေရာလု ထားတဲ့ သူတွေ
က တကယ့် ဂွတ်ရှယ်စံပြဒီမိုကရေစီ နိုင်ငံကြီးက ခေါင်းဆောင်
ကို အလုအယက် နူတ်ဆက်ခြင်းဖြင့်  သူတို့  အမြီးတွေ ဂျိုတွေ
ကို ဖုံးအောင်ကွယ်အောင် လုပ်နေတာပါလို့  အမတင်တဲ့ 
ကာတွန်းကို ကြည့် ပြီး လိုရာပဲဆွဲတွေးလိုက်ပါတယ်။

ဧပရယ်လ်ပူး@ပူးတေ Wednesday, November 11, 2009 9:01:00 AM  

မမကိ တွေးသလိုပဲ အတူတူပဲ လိုက်တွေး တော့မယ်။ :)
ကိုယ်လိုရာမတွေးတော့ဘူး။

ရေတမာ Wednesday, November 11, 2009 9:31:00 AM  

အင်းးးးး စာမဲ့ကာတွန်းတွေကို သဘောကျတယ်ဗျ။ တိုက်ပွဲတွေ မြန်မြန်ပြီးဆုံးပါစေလို့ ဆုတောင်းပါတယ်

Anonymous,  Wednesday, November 11, 2009 3:04:00 PM  

( ဆားတွေ ငံပြာရည်တွေ ငပိတွေ ချက်ရတာလည်း စုံနေပြီ ဆိုတော့ ပေါက်ဖေါ်ချက်လေး ပဲ ချက်ပေးလိုက်တယ် )း))

even u did, ..i like ur idea.
whatever u wrote,.. almost ur post r valuable.


momingyi

သားကြီး Wednesday, November 11, 2009 3:46:00 PM  

အဲဒီကာတွန်းသတင်းစာမှာအမြဲပါတယ်ဗျ
အဆိုလေးတွေပေါ့ ကျနော့်ဘော်ဒါတရုတ်တွေ
ကတော့အဲဒါကိုကြည့်ပြီးရယ်ကြတာပဲ
ကျနော်ကသိပ်မပေါက်တော့ မကြည့်တာများတယ်
ပေါသွပ်ဆိုရင်တော့ လာလေရော့လဟယ်ပေါ့
မွေးကတည်းကကြိုက်တာ ခုထိပဲ ဟဲဟဲ

သားကြီး Wednesday, November 11, 2009 3:48:00 PM  

ကာတွန်းဟန်လေးရဲ့အတွေးတွေကိုသဘော
ကျတယ် သူ့တစ်ကွက်စာဟာသတွေက
ခေတ်တွေအဖြစ်တွေကို သရော်ပြီး ကြည့်သူကိုပြုံးစေတယ်
ဘဘကြီးသနားပါဒယ် :P
ဆားတွေ ငံပြာရည်တွေပြီးရင် ငပိထောင်းသုပ်လုပ်လေဗျာ ဟီးးး

peter kyaw Wednesday, November 11, 2009 4:19:00 PM  

ကိကီကျဲကျဲ...
နောက်တစ်ခါဆို တရုတ်ပဲငပိပါ ချက်ဗျာ....

ချက်နိုင်လွန်းပါတယ်ဗျာ....

မျက်မှန်လေး Wednesday, November 11, 2009 4:49:00 PM  

ဟဟ
ပေါက်ဖော်ကြီး ကိ....

ရိုက်ချက်တွေက ပြင်းလှချည်လား
ရေးချက်တွေက ထိမိတယ်။

အားပေးတယ် ရဲဘော်...ဆက်လုပ်...

ရရင်ရ မရရင်ချ....ထိတယ်

rose of sharon Wednesday, November 11, 2009 7:01:00 PM  

ကာတွန်းလေးတွေ သဘောကျတယ်

ဂျပန်ကောင်လေး Wednesday, November 11, 2009 7:37:00 PM  

တယ်ထိပါလား မကိရေ... မိုက်စ် မိုက်စ် မိုက်စ်

မမသီရိ Wednesday, November 11, 2009 7:41:00 PM  

ဟန်လေး ရဲ့ ကာတွန်း ကြိုက်လိုက်တာ
အတွေးလေး ကောင်းပါဘိ
ရှာရှာဖွေဖွေ ပြန်မျှပေးတာ ကျေးဇူး ကိ

ဆွေမျိုးပေါက်ဖော်အကြောင်းလေး မမ မှတ်သားမိသလောက်ပြောရရင်တော့
အဲဒါ တရုတ်တွေ ရယ် လို့ ပြောတာ မဟုတ်ပါဘူး
နီးစပ်တဲ့ဆွေမျိုးသားချင်း
သွေးနီးသူ ဖွားဖေါ် ဖွားဖက် လို့ပြောချင်တဲ့ခါ
စသဖြင့် သုံးခဲ့ကြတာ

နောက်ပိုင်းတော့ တရုတ်တွေကို ပေါက်ဖေါ်ခေါ်တာ အစွဲပြု ပြီး မြန်မာတွေက တရုတ်တွေအကြောင်း ငေါ့ပြောချင်လာတဲ့အခါ သုံးရင် သုံးရင်း တွင်တွင် ကျယ်ကျယ် သုံးခဲ့ကြတာ

မမ တို့ ကိကိ တို့ဘကြီး တွေရဲ့ မီဒီယာ တွေနဲ့ ဘဘကြီးတွေ ကိုယ်တိုင်က တရုတ်တွေ ကိုဖားချင်တဲ့ အခါတွေမှာ. .အဲဒီ စကားလုံး မရှက်မကြော်က ဆွဲဆွဲ သုံးနေတော့.. လူတွေ အမှတ်မှားတာ ဘာဆန်းမလဲ ကိကိ ရေ

မြစ်ကျိုးအင်း,  Wednesday, November 11, 2009 8:32:00 PM  

ကာတွန်းပဲ ကြည့်ရင် ရယ်မိမှာ ခုတော့ မကီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကိုပါကြည့်ပြီး မော သွားရတယ်။

ရယ်မောတယ်ဆိုတာဒါနဲ့ တူပါရဲ့။

ပေါက်ပေါက်ရှာရှာ တွေ့လည်းတွေ့တတ်တယ် :)

Anonymous,  Wednesday, November 11, 2009 9:29:00 PM  

တူညီတဲ့ အတွေးတွေလေ မအယ်သိတယ် ဥပမာ
ကိကိidiot ဟဲဟဲ။

ဟန်လေး ကာတွန်း ကြိုက်တယ်။ အမြဲ ထိထိ မိမိ ဆွဲတတ်တယ်။

ကိကိ ရေးတာလည်း မိုက်တယ် ကာ... တွန်း...။


မအယ်

busymozzee Wednesday, November 11, 2009 11:24:00 PM  

တို့တော့ တွတ်ပီ မှ တွတ်ပီ..... ပြာလောင်မှ ပြာလောင်.... လေးမွန်ထွေးမွန် မောင်မောင်ဇာ.... ပေါသွပ်.... ညောင်ရမ်းဂွတို.... အာတာလွတ်မြို့စားကြီး..... ဆေးဆရာ ဦးတုတ်ကြီး... အစဉ်... အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ....

busymozzee Wednesday, November 11, 2009 11:25:00 PM  

ရှိသေးတယ်.... အလကားကျော်စွာ.... စုံထောက်ကျော်ကြီး အာဖျံကွီး....

thawzin Thursday, November 12, 2009 2:09:00 AM  

ထူးခြားမယ့် ဇတ်ကြီးကို စောင့်မျှော်ကြတာပေါ့ဗျာ။မမတို့ အတွက် ထူးခြားမှုလေးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မငုံ,  Sunday, November 15, 2009 3:21:00 PM  

ကာတွန်းတွေ ကြည့်ဖတ်ပြီး သဘောကျသွာ.တယ်။

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP