အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 12, 2009

သတ္တိရှိလား ?

သတ္တိရှိတာ နဲ့  မိုက်ရူးရဲဆန်တာ ။
တူသလား ။ ရှင်းပါတယ် ။ မတူပါဘူး ဆိုတာ မြန်မာစကားပြောသူတိုင်း မြန်မာစာ ဖတ်တတ်သူတိုင်း သိကြမယ် ။
မြန်မာစကားလုံးမှာ အဓိပ္ပါယ်ကြွယ်ဝတော့ ဆင်တူရိုးမှား စကားလုံးတွေ အများကြီး ၊ သူ့ နေရာနဲ့ သူ မသုံးတတ်ရင် အဓိပ္ပါယ် အတော်လေး ကွာခြား တတ်ပါတယ်။
လုပ်ရဲ ကိုင်ရဲ ၊လက်ရဲ ဇက်ရဲ လုပ်တတ်သူတွေ ကို ခေါ်ကြတဲ့ အခေါ်အဝေါ်တွေ အများသားပါလား ၊ ခွဲခြား ဥပမာ ပေးကြည့် အုံးမှ ။ ကာလသား လူငယ်တသိုက် လမ်းထိပ် အုတ်ခုံမှာ စုထိုင်ပြီး လူငယ်ဘာဝ ရယ်စရာပြောကြ စကြ ပြောင်ကြ နဲ့ ရှေ့ မှာ မိန်းကလေး တယောက် ဖြတ်သွားတော့ သူတို့ ထဲ ကတယောက်က စ ချွန်ပေးတယ် " ဟေ့ကောင် ငမောင် မင်း သတ္တိရှိရင် အဲ့ဒီကောင်မလေးကို ရည်းစားစကား လိုက်ပြော ပါလား "တဲ့ " ဒီထက်သတ္တိရှိရင် လက်ဆွဲ လိုက်ကွာတဲ့ " ငမောင်လည်း မခံချင်ဖြစ်တော့ တကယ်ပဲ အဲ့ ဒီကောင်မလေးကို ချက်ချင်း လိုက်ပြီး ရည်းစားစကားလည်းပြော ၊ လက်လည်းဆွဲ ပေါ့ ။ ဒီတော့ ကောင်မလေးက မခံမရပ်နိုင်ဖြစ်ပြီး အရပ်ကို အော်ဟစ် အကူအညီတောင်းတော့ ရပ်ကွက်လူကြီးအိမ်ထိရောက် ၊ အကျယ် အကျယ် မငြိမ်းဘွယ်တွေ ဖြစ်ရပါတော့တယ် ။
ဒီတော့ ငမောင် က သတ္တိရှိတာ မဟုတ် ။ မိုက်ရူးရဲ ဆန်တာ သာ ဖြစ်တယ် ။


သတ္တိရှိတာကြတော့ရော...ဘယ်လို ဟာမျိုးကိုခေါ်သင့်သလည်း ။ဘယ်လိုလူတွေ တကယ်သတ္တိရှိတာလည်း ။ ရှေးခေတ် မြန်မာတွေကတော့ ယောကျာင်္းမှန်ရင် ဆေးမှင်ကြောင် စုတ်ထိုးမှ ယောကျာင်္းပီသတဲ့  သတ္တိရှိတဲ့သူလို့  သတ်မှတ် တယ်ဆိုပဲလေ ။ဒါပေမဲ့  ခုခေတ်မှာတော့ အဲ့ဒီ ဆေးမှင်ကြောင် ထိုးကွင်း (Tattoo ) ထိုးနေကြတဲ့ သူတွေ အများကြီး။ ဂိုဏ်းတွေ အမျိုးမျိုးက လူဆိုးလူမိုက်ကြီးတွေဆို တကိုယ်လုံး ဆေးမှင်ကြောင် အပြည့်နဲ့  ။ သူတို့ ကျ သတ္တိ ရှိကြလို့ လား ။ စာလုံးတွေ ၊ ရုပ်ပုံသဏ္ဍန် အမျိုးစုံတွေ ကို အလှအပ ဒါမှမဟုတ် အမှတ်တရ အနေနဲ့ ထိုးကြတာတွေလည်း တပုံကြီးပါ ။ ဒီတော့ ဒါဟာလည်း သတ္တိရဲ့  ပြယုဂ်တခု လို့ ယူဆလို့ မဖြစ်တော့ပါဘူး ။ ဒီတော့ သတ္တိရှိတယ် ဆိုတာ ဘာနဲ့ တိုင်းတာ ခွဲခြား ပြကြမလည်း ။
မဟုတ် မမှန် ၊ မတရား၊ အဓိပ္ပါယ်ကင်းမဲ့ စွာနဲ့  တဖက်သတ် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့် မှု များကို မကြောက်ပဲ၊မိမိရဲ့  အသက်၊ စည်းစိမ် ဥစ္စာကို ပဓါန မထားပဲ ၊အမှန်တရားအတွက် ၊အများအတွက် ရဲဝံ့စွာ တော်လှန် ကြိုးပမ်း လုပ်ဆောင်ချက်များ နှင့် လုပ်ဆောင်သူများ၊စွန့် လွှတ်ရဲသူများ ကို သတ္တိ နဲ့ သတ္တိရှိသူ များ လို့  ခေါ်ဆို နိုင်တယ် ။ ( ဘယ်စာအုပ်ထဲ မှာမှ ရှာကြည့်မနေကြပါနဲ့  ။ ကိုယ့်ဟာကိုယ် သတ်မှတ်ထားချက် ပါ ) ။

ခုလည်း မေးကြတယ်။ ဘယ်သူက သတ္တိ အရှိဆုံးလည်း တဲ့ ....ကာတွန်းငွေကြည်ရေးဆွဲထားတဲ့ ရယ်စရာ ဟာသလေးပါ ။



ဒီပုံလေးကြည့်ပြီး တဆင့် ထပ်တွေးမိလိုက်သေး ။ အကောင်းတွေးခြင်းတော့ မဟုတ်၊ ထုံးစံအတိုင်း ပေါက်ကရ အတွေးတွေပေါ့ ၊
ကိုယ်တို့ ဘဘ သန်း ဂျီး က တော့ ခြင်္သေ့ ကို ကိုက်နိုင်ရုံတင် မဟုတ်ပါဘူး ။ ဆင်ဖြူတော်ကိုပါ ကိုက်နိုင် ပါတယ် လေ ။ခပ်မိုက်မိုက် သတ္တိခဲ ပါ ။ ဆင်ဖြူခင်းပြီးတော့လည်း နင်းရဲ ပါတယ် ။ ဆင်သွား လမ်းဖြစ် ။ သန်းသွားတော့ အရမ်း တွေ ဖြစ် ။
ခုလည်းကြည့်ပါဦး ။ ဒီနေရာက သတင်းလေး ။ အမြည်းလေးက ဒီလိုပါ။


ကမ္မ၀ါစာ ကိုင်ဆောင်မှုနှင့် နော်အုန်းလှအဖွဲ့ကို တရားစွဲ
WEDNESDAY, 11 NOVEMBER 2009 13:14 ကိုစိုး
စစ်အစိုးရက ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသည့် ဒေါ်နော်အုန်းလှ နှင့် အမျိုးသမီး ၃ ဦးကို ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိမှုဖြင့် တနင်္လာနေ့တွင် အာဏာပိုင် များက အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ဒီလိုကြားရတာ ဦပဉ္ဇင်းတို့ စိတ်မကောင်းဘူး၊ ကမ္မ၀ါစာ ကိုင်ရုံနဲ့ ဖမ်းတယ်ဆိုတာကတော့ ဘာသာရေး ရှုထောင့်က ကြည့်ရင် တကယ့်ကို အစွန်းရောက်သွားပြီ၊ ဘာသာရေး လွတ်လပ်ခွင့်မရှိတာဘဲ၊ ဘာသာရေး လွတ်လပ်ခွင့်အချိုးဖောက်ခံရတာ၊ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ဘုရားပုံတို့၊ ဘုရားစာတို့၊ ဂါထာတို့ ဆောင် တတ်ကြပါတယ်၊ အခုဟာက မလိုလားလို့ တမင်လုပ်တဲ့ သဘောပဲ၊ ဒီလို လုပ်တာ အစိုးရအနေနဲ့လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျပါတယ်”ဟု အထက်ပါ သံဃာတော်က ဆိုသည်။



ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ ဆိုတာထက်ဆိုး ။ သတ္တိရှိသူများ ကို သတ္တိမဲ့သူများက ကြောက်ရွံ့ ကြတာ သဘာဝပါပဲလို့  မှတ်သားမိလိုက်တယ် ။
ဒီတော့ ဒီ ကမ္မဝါစာ ဆိုတာနဲ့ ပတ်သက်ပြီး ဘာလို့ များပါလိမ့်လို့  သိလိုစိတ်နဲ့  ရှာဖတ်မိတဲ့  အကြောင်းလေးကို ပြန်ပြီး တင်ပြပေးလိုက်ပါတယ် ။

ကမ္မ၀ါစာ (Kammavᾱcᾱ) - ကမ္မ၀ါစာ၊ ကံပြုသောအခါ ရွတ်ဆိုအပ်သော ဘုရားဟောတရား ပါဠိတော်။
ဘုရားရှင် သာသနာတော်၌ ရဟန်းခံခြင်း၊ ကထိန်ခင်းခြင်း၊ ကထိန်နုတ်ခြင်း၊ သိမ်သမုတ်ခြင်းစသော ရဟန်းသံဃာတော်တို့ ပြုလုပ်အပ်သော ကံကြီး ကံငယ်တို့ ရှိကြ၏။ ထိုကံကြီး ကံငယ်ကိစ္စကြီးငယ်များ ပြုလုပ်ကြသောအခါ၌ ကမ္မ၀ါစာရွတ်ဖတ်၍ ပြုလုပ်ကြရ၏။

ကမ္မ၀ါစာဖတ်ခြင်းသည် ကံကြီးကံငယ်ပြီးမြောက်စေရုံမျှမက ဘေးရန် အန္တရာယ် အနှောင့်အယှက်ကိုပါ ကင်းဝေးစေသည်။
( ဒီနေရာမှ ရတဲ့ အဓိပ္ပါယ် ရှင်းလင်းချက်ပါ )

လူများ ပဗ္ဗာဇနိယကမ္မဝါ ရွတ်သင့် မရွတ်သင့် ။ ရွတ်လျှင်လည်း ကံမအောင် ဆိုတဲ့ အဆိုလေးတခုကို ဒီနေရာမှ လေ့လာ မှတ်သားမိ လို့  အကျဉ်းချုပ်လေး ပူးတွဲ ပြလိုက်ပါတယ် ။စာလုံးတွေသေးနေလို့  မမြင်ရရင် ကလစ် လိုက်ပေါ့ နော်။



သတ္တိရှိလား ? ကမ္မဝါ ကိုကြောက်လား ? ။ ဘာကိုကြောက်တာလည်း ? ။ လူတွေ ကမ္မာဝါရွတ်တာ ကံမအောင်ဘူး ဆိုတဲ့ အကြောင်း ကို မသိနားမလည်ကြတာပဲလား ? ။ သိရဲ့ နဲ့ ဆိုလည်း ဘာလို့ ကြောက်တာလည်း ? ။
တွေးလေ ဝေးလေ ဖြစ်လာလို့  ဒီမှာတင် တခန်းရပ် ပါအုံးမယ် ။ သတ္တိရှိသောသူများသို့ ဦးညွှတ်လျှက် ......

18 comments:

အနမ်း Thursday, November 12, 2009 9:19:00 PM  

သန်းက သတ္တိအရှိဆုံးကို..းဝ ခုမှသိတယ်း))
အဟီး နံပါတ် ၀မ်းးးးး

အနမ်း Thursday, November 12, 2009 9:24:00 PM  

လေသံကြားတာနဲ့ ကိုပဲကြောက်တာပါး))
အမ နော် တိုးတိုးပြော ကြောက်တယ်.. ဟီးဟီးးးး

နှင်းနဲ့မာယာ Friday, November 13, 2009 12:01:00 AM  

မီးမီးလဲကြောက်တတ်တယ် ကိရဲ့....
သတ္တိရှိဝူး... မိုက်လဲမိုက်ဝူး...

နှင်း

busymozzee Friday, November 13, 2009 12:30:00 AM  

ဒါဆိုပိုရွတ်ကြမယ်လကွယ်....ရွတ်ပါတယ်ဆိုမှ ကြောက်လို့ပါအေ...

လသာည Friday, November 13, 2009 1:36:00 AM  

.. Artis Whitmam ကပြောတယ်..သတ္တိရှိသူတို့သာ ချစ်ခင်ခြင်းခံရ၏။ သတ္တိရှိသူတို့သာ လိမ္မာကြ၏..တဲ့..

thawzin Friday, November 13, 2009 2:25:00 AM  

ပေါက်ဘူးတော့
အပေါ့သွားချင်းမဟုတ်။
သဘောမပေါက်တာပါ။ တွေးလေး ဝေးလေ.... ဝေးရင် တွေးမယ်။ တခုသိထားတာက နှင်ထုတ်တာက တရားနည်းလမ်းမကျဘူးထင်တယ်။ လူတစ်ယောက်ကို နှင်ထုတ်ရင် အဲဒီလူရဲ့ အမုန်းရန်ညိုးက ကြီးမားလွန်းလို့ ပိုတောင် ဆိုးအုံးမယ်ထင်ပါတယ်။ ကမ္မ၀ါရွတ်ရင် မနေနိုင်ကြဘူးတဲ့။ လူတွေနဲ့ နီးနီးနေရတဲ့ ကာမဘုံသားတွေပြောတာပါ။ သူတို့က ရန်ငြိုးနဲ့လုပ်ရင် ကိုယ်ပဲခံရမယ်လေ။ နှင်ထုတ်ပြီးဆိုကတည်း အဲဒီလူမှာ ဒေါသကိန်းနေပါတယ်။ ဒေါသကိန်းသူအတွက် ပြုဖွယ်ကိစ္စတို့သည် အမှားများတတ်၏။ ကမ္မ၀ါရွတ်တာထက်စာရင် မေတ္တာပို့တာ အဆင်ပြေဆုံးထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာပဲပို့သပေါ့ဗျာ။ သြော်.... ဒါနဲ့ အစ်မကီက ကစားဘူးလား ဖေ့ဘုတ်ကို ကစားနေသေးရင် အပ်ထားအုံးနော် thawzinnaing ဆိုရင် ကျွန်တော်ပဲ။ သတ္တိရှိလား လို့အမေးခံရရင် မရှိဘူးလို့ပြောပါမယ်။ ရှိစရာ အကြောင်းမှ မရှိတာ။ မှန်ကန်သော အသိတရားနဲ့ ရဲရင့်သော ဆုံးဖြတ်ချက်အတိုင်း မသွေ့မတိမ်းလုပ်ဆောင်ခြင်းသည် သတ္တိလို့ ထင်ပါတယ်။ ကျွန်တော်ထင်တာပြောတာပါ။ သတ္တိတော့ ရှိဘူး။ မိုက်လဲ မိုက်ဘူး။

ahphyulay Friday, November 13, 2009 2:34:00 AM  

ကမ္မဝါ စာလဲကြောက်တယ်၊ မေတ္တာပို့ တာလဲကြောက်တယ်
အဲါးတွေ အားလုံးထက်ကြောက်တာက သူတို့ အခုအချိန်ထိ
မနိုင်သေးတဲ့ သူပါပဲ၊ သူက လူထုခေါင်းဆောင် ပါပဲ။
ကမ္မဝါစာတို့ မေတ္တာပို့ ခြင်းတို့ ကို ဆန့် ကျင်ရင် ပစ်စယ်
ရင် ဘာအမျိုးအစား ထဲရောက်သွားပါသလဲ......။

Lucifer Friday, November 13, 2009 7:27:00 AM  

မမီးကတော့ သတ္တိရှိဘူး...
ဆိုးတယ်ပြောပြော
နေရာတိုင်းမှာကြောက်တတ်တယ်

ဂျပန်ကောင်လေး Friday, November 13, 2009 8:29:00 AM  

ငါတို့ မကိကတော့.. ဘယ်လို သတင်းတွေရသလဲတော့ မသိဘူး... ကြားရတဲ့ သတင်းကတော့ စိတ်မချမ်းသာစရာတွေပဲ... ဆက်ဖြစ်နေဦးမှာပဲ.....း(

မိုးခါး Friday, November 13, 2009 9:06:00 AM  

ဟာဟ
သူတို့က ကမ္မ၀ါကို ကြောက်တယ်
ဒါဆို သူတို့က ?????????
သာမီးလည်း တရဲဆိုကြောက်တယ် .. ဒါပေမယ့် မရွတ်ရဲတော့ဝူးးးးးးးးးးးးးးး :P

မြစ်ကျိုးအင်း Friday, November 13, 2009 2:03:00 PM  

နောက်တမျိုးလှည့်တွေးကြည့်ရအောင်

ပထမ စုစည်းညီညွတ်တဲ့ ပြည်သူကိုကြောက်တယ်
နောက် ပါတီတခုကိုကြောက်တယ်
နောက် ကျောင်းသားခေါင်းဆောင်တွေကိုကြောက်တယ်
နောက် လူသေမြေမြုပ်ပေးတဲ့သူတွေကို ကြောက်တယ်
နောက် လူရွှင်တော် တယောက်ကိုကြောက်တယ်
နောက် တကိုယ်တော် အမည်ခံတဲ့(ဦးအုန်းသန်း) လူတယောက်ကိုကြောက်တယ်
နောက် ကဗျာတပုဒ်ကိုကြောက်တယ်
နောက် မိန်မတယောက်ပြစ်ဒဏ်စေ့မှာကိုကြောက်တယ်.
နောက် လူမှုရေးအဖွဲ့အစည်းကိုကြောက်တယ်
နောက် ကမ္မ၀ါ ဖတ်တဲ့သူကိုကြောက်တယ်
နောက်
နောက်
နောက်
နောက် ..ကိုယ့်လိပ်ပြာ ကိုယ် ကြောက်တယ်။

စိတ်ထဲမှာ တခုခုကိုကြောက်နေရင်တောင် နေလို့ မကောင်းတာ လူတိုင်းသိပါတယ်။အားလုံးကို ကြောက်နေရရင်......

မကီရေ လူတိုင်းသေကြရတာပါပဲ ။အသက်ရှင်ခွင့်ရတဲ့ အချိန် လိပ်ပြာလုံလုံ နေခွင့်ရဘို့ အရေးကြီးဆုံး မဟုတ်လား။

မျက်မှန်လေး Friday, November 13, 2009 2:24:00 PM  

သြော်ဒုက္ခ ဒုက္ခ

သူတို့ကျမှ ဘဲ ဥပဒေတွေက တစ်မျိုးပြီး တစ်မျိုးမရိုးနိုင်အောင်ဘဲ။

လူတွေကြောက်တာလည်း အပြစ်လို့မဆိုသာဘူးတော့်။

သားကြီး Friday, November 13, 2009 4:11:00 PM  

မကောင်းဆိုးဝါးကောင်တွေကိုးဗျ
ကမ္မဝါစာကိုကြောက်မှာပေါ့
တရားသံ ပရိတ်ရွတ်ဖတ်သံများကြားရင်
ငသန်းတို့ဖျတ်ဖျတ်လူးပူစပ်လောင်ကျွမ်းရတယ်ဆိုပဲ
ငသန်း...ငသန်း.... ငါ့ဆီကသန်းသာဆိုရင်တော့ ဖျန်းခနဲပဲနေမယ် ငသန်းရေ.....
အဲ..အဲ.... စကားအဖြစ်ပြောတာပါ
အနော့မှာသန်းမရှိပါဘူး ခွိ ခွိ

သားကြီး Friday, November 13, 2009 4:16:00 PM  

ကာတွန်းဆရာက တော်တော်တွေးရေးတတ်တယ်
သန်းကသတ္တိချည်းကောင်းတာမဟုတ်ဘူး
ကလိန်စေ့ဥာဏ်လည်းအားကြီးပြေးပဲ
ရုပ်ကိုကကြည့်ပါလား
အယုတ်တမာကောင်မျက်နှာနဲ့

သားကြီး Friday, November 13, 2009 4:18:00 PM  

မေ့တော့မလို့
မမကိရဲ့ဘော်ဒါခြင်လေ ကျနော့ကို
တဂ်စာတွေကျွေးလွတ်လိုက်လို့ အဲဒါသွေးတိုးနေတယ်
ဆေးလေးဝါးလေးမစပါဦးဗျာ :P
တနေ့နေ့မမကိဖတ်တဲ့သတင်းတွေလည်းနည်းမှာမဟုတ်
ဘူးထင်တယ် အခုနောက်ပိုင်းပိုစ်တွေကအဲဒီသတင်းတွေကိုအခြေခံပြီး
ပေါက်ကွဲထားတာတွေဖြစ်လို့
ဆက်လုပ်ဗျာ အားပေးတယ်
ခုတော့အိပ်တော့မယ် bye zzZZZ

Anonymous,  Friday, November 13, 2009 8:22:00 PM  

http://video.google.com/videosearch?sourceid=ie7&q=than%20shwe&rls=com.microsoft:de:IE-SearchBox&oe=UTF-8&rlz=1I7ACAW&um=1&ie=UTF-8&sa=N&hl=de&tab=wv#

rose of sharon Saturday, November 14, 2009 11:36:00 AM  

ဒီကိစ္စနဲ့ပတ်သတ်ရင် စိတ်ပျက်တာကလွဲလို့ ဘာပြောရမှန်းတကယ်မသိပါဘူး Kiki ရယ်...

ရေတမာ Saturday, November 14, 2009 1:36:00 PM  

ဖလား ဖလား ဘယ်လိုတွေဖြစ်ကုန်တာပါလိမ့်။ ပြောမယုံ ကြုံဖူးမှ သိပဲ

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP