အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 14, 2009

ကုရာနတ္တိ ဆေးမရှိပြီ ( ၂ )...

မိုးတွင်း အခါသမယ ၊အောင်နက်ကြီး နဲ့  ဂုတ်ကျားမ တို့ မိသားစု အနေခက် ၊ အရှာခက် လို့  စိတ်အပျက်ဆုံး ရာသီကာလ ပေါ့ ။ခေါင်မိုး ကမလုံလို့  မိုးယိုနေတာ ကမှ မိုးမယိုတဲ့ နေရာလေး ရှာပြီးကွေးလို့ ရအုံးမယ် ။ခိုလှုံစရာ ခေါင်မိုး တောင် မရှိတဲ့  ဘဝ ၊ သူများတံစက်မြိတ်မှာ ခိုနား နေရတဲ့ ဘဝ ။ ခြင်တွေကကိုက် ၊ ယင်တွေ တလောင်းလောင်းနဲ့  အမှိုက်ပုံ မှာမှ တိုးခွေ့ မရှာစားလို့ လဲမရ ။ ဩော် ခွေးဖြစ်ရတဲ့  ဒုက္ခ ၊တခါတလေလည်း ကိုအောင်နက်ကြီး တွေးမိပါသည် ။ ဆီဥထောပတ်စား ၊ရွှေပြည်နန်းက ရွှေပလ္လင်ပေါ် မတော်တရော်ပင် ဝင်ထိုင်လိုက် ရလို့  ခွေးသက်ဝိဥာဉ် ချုပ်ပါမယ်ဆိုလျှင်လည်း တခဏလောက်ဖြစ်ဖြစ် စည်းစိမ်တွေ ခံစားရင်း ခုဘဝကို စွန့် လွှတ်ပါရစေ ...လို့  ။ချစ်လှစွာသော မဟေသီ သက်ထား မယ်ဂုတ်ကျား နှင့် သားရွှေဥ ၊ သမီး ငွေဥ တို့ အတွက်ပင် နောက်ဆံ မငင်ချင်တော့ပဲ လွတ်ရာ ကျွတ်ရာ ဆီသို့ သာ သွားလိုက်ချင် ပါတော့သည် ။ရှေးဘဝတွေက ကုသိုလ်နဲခဲ့ပေလို့ခုဘဝမှာ ခွေးဖြစ်ရလေခြင်းလို့  မှတ်ယူ ပြီး ၊နောင်ဘဝအဆက်ဆက် အတွက် သံသရာ မရှည်စေချင်တော့တာမို့  ခွေးသူခိုး အလုပ်တောင် မလုပ်ဖြစ်တာ ကြာပြီပေါ့ ။


ခွေးဖြစ်နေရပေမဲ့  မနက်ဖြန် အတွက် ၊ မကုန်ဆုံးနိုင်လှသော များပြားလှစွာ မနက်ဖြန်တွေ ရဲ့  မနက်ဖြန်တွေ အတွက် ပူပင်နေရသေးတာ သိပ်တော့ သဘာဝ မကျပေဘူး ။ ခွေးဝင်စားတဲ့  လူတွေ ရှိကြသလို ၊ သူ့ ကိုလည်း လူဝင်စားတဲ့  ခွေးလို့ ပင် ပြောရလေမလား ။ သူ့မှာ ရွှေပြည်ကြီးက လူတွေ လိုပဲ အမြဲ ပူပင်သောက ရှိနေရသည် မှာ ခွေးဖြစ်ရကျိုး မနပ် ။နိစ္စ ဒူဝ ၊ လူ့ အရေး ၃ ပါး မှာ နေရေး ၊ စားရေး၊ သေရေး အားလုံး အတွက် ပူပင်နေရသလို ခွေးတွေလည်းပဲ ပူပင်နေကြရလေပြီ ။
"ကိုအောင်နက်ရေ.. အမလေး ကိုအောင်နက်ရဲ့  .. ထပါအုံး မြန်မြန် .. လာကြပါအုံး တော် ။ ဒီမှာ ငရွှေသွေးလေး ဘာဖြစ်နေမှန်းမသိ ၊ ခေါ်လို့ လည်း မရတော့ ဘူး ရှင့် ။ မြန်မြန်လာကြည့်ပါအုံး ဆိုနေ .."
မဟေသီကြီးရဲ့  ပြာပြာသလဲ အူလိုက် အဲ .. အော်လိုက်သံကြောင့် အောင်နက်တကောင် အတွေးမြှင် ပြတ်သွားပြီး အသံလာရာဆီသို့  တရှိန်ထိုး ခုန်ပြေးသွားလိုက်မိသည် ။ အနားရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှု ရပ်မတတ် ဖြစ်သွားရသည်လေ ။ရင်နှစ်သည်းခြာ သားခွေးလေး ငရွှေသွေး တကောင် မျက်ဖြူဆိုက်နေတဲ့ ပုံကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ။
"ဟေ ။ ဘယ်လို ဖြစ်တာတုံးဟ ။ ညနေခင်းကတောင် ငါတို့ အတူတူ အမှိုက်ပုံမှာ စားလာခဲ့ ကြတာ ။ သူစားပါစေတော့ဆိုပြီး ငါ့ရှယ်ယာတောင် သူ့ ခွဲပေးလိုက်သေးတာ ဟာ ။ မင့် နို့ ပိန်ခြောက်ကြီးကလည်း စို့ လို့  မလောက်တော့ ၊သူအဟာရ မပြည့်မှာ စိုးလို့ ငါတောင် ချွေတာ စားပါတယ် ။"
"အဲဒါကြောင့်နေမှာပေါ့တော် ။ ကျုပ်သားလေး မသန့်ရှင်းတဲ့ အစာတွေ သွားစားမိလို့ နေမှာ ။ အထက်လှန်အောက်လျှော နေတာ တော်ရေ့ ။ ညနေပိုင်း ဟို အိမ်မှာ ပေါက်တတ်ကရ သတင်းတွေ စပြတဲ့အချိန်ကတည်းက ၊ ခုကိုရီးယားကားပြီးတဲ့ အချိန်ထိ ဆိုရင် ဝမ်းတွေသွားနေတာ ၁၀ ခါ ကျော်ပြီ ။ အန်တာလဲ ၄ -၅ ခါ ။ နောက်ဆုံးတကြိမ် ထိုးအန်ပြီးကတည်းက ဒီလို မြော့သွားတော့ တာပါပဲတော် ။ အန်တာလဲ ကော်ဖီနှစ်ရောင် ညိုညစ်ညစ်တွေ ပါသေးတယ် ။ ကျုပ်ထင်တာက ရှင်တို့ ၂ကောင် ဒီနေ့  ပွဲတော် တွေ့ လာတယ် မှတ်နေတာတော့် ။"
" အာ ..ဘယ်ကလာ ပွဲတော်တွေ့ ရမှာလဲ ။ဗိုက်တောင် မဝလို့  စိတ်ပိန်နေတာ ။ နေပါအုံးအရေးကြီးတာ အရင်ပြော ။"
"ဒီမှာ ရှင်မြင်တဲ့ အတိုင်းပဲ ။'
'ဟာ ။ ဒီလောက်တောင် ဖြစ်နေတာ ခုမှ တွေ့ တာလား ။ မဖြစ်ဖူး ။ ဆေးရုံ မြန်မြန်သွားမှ ပဲ ။'
အောင်နက်တကောင် အူရားဖားရား ဖြင့် သားတော်မောင်ကို ဂုတ်မှ ဆွဲကာ ဆေးရုံ ရှိရာသို့ အမြန် ဆုံး သုတ်ချေတင် တော့သည် ။နောက်မှ ဂုတ်ကျားမကလည်း သမီးတော်လေး ငွေဥ ကို ဒရွတ်တိုက်ဆွဲချလာသည် ။ အိမ်မှာ .အဲလေ . နေရတဲ့ နေရာက အိမ်လို့ တောင် မခေါ်နိုငိ ။အိပ်နေတဲ့  ကပြင်စုတ် လှုပ်တုတ်တုတ်မှာ ငွေဥလေးကို တကောင်ထဲ ချန်မထားရဲ ။ လက်ရဲဇက်ရဲ ကြံ့ ဖွတ်ပဒပ်တို့ ရဲ့ ရန်ကို ကြောက်ရ သေးတာမို့  မျက်စိအောက်မှ အပျောက်မခံနိုင်ပါ ။သူတို့ ၎ကောင်သား ခွေးဆေးရုံကြီးသို့  ပေါက်ချလာတဲ့ အချိန်မတော့ ဟောဟဲဆိုက်နေကြပြီ ။အရေးပေါ်ရောက်တော့ ပိုပြီး အမောဆို့ ကြရပါပြီ ။အဝ မှ အပေါက်စောင့်ခွေးက လှမ်းဟောင်လိုက်သေးသည် ။ရှိသမျှ ပါဝါ ပြကြတာပေါ့ ။ အရော် မပေးတဲ့  အရေးပေါ်ခန်းထဲမှာ အလုပ်သင် ခွေးဆရာဝန်လေး နဲ့ ဆရာမ နီနီလေး တို့  ၂ကောင်ပဲ ရှိသည် ။ခွေးနာ တွေကတော့ ကုတင်တွေပေါ်မှာရော ၊ ကွပ်ပြစ်တွေပေါ်မှာပါ အပြည့် ။အတော်များများမှာ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ အသက်ထွက်ဖို့ အရေးကို တန်းစီစောင့်နေကြရရှာသည် ။ အိုး .. သန်းခေါင်ထက် ညဥ့်မနက်တော့ ပါဘူး ။ ဘာပဲ ဖြစိဖြစ် အားမလျှော့ နိုင်တော့ ၊ ကုန်ချင်သလောက် ကုန်ပါစေ ။သား မောင်ရွှေသွေးကို တော့ အဆုံးရှူံးမခံနိုင်ပါ ။ဘာပဲ လုပ်ရ လုပ်ရ ၊ ခွေးထီးတို့  လုံ့ လ သေခါမှ လျှော့ရမတဲ့ ။
အခန်းဝမှ ဆရာမ က ခရီးဦးကြို ပြုသည် ၊ ပိုက်ဆံဘယ်လောက်တတ်နိုင်သလဲ တဲ့ ၊မချစ်သော်လည်း အောင့်ကာ နမ်း ရတော့မယ် ။
"ရှိပါတယ် ဆရာမခွေးရယ် ။ ကျုပ်သားလေးကိုသာ ဂရုစိုက်ပေးပါ ။ မရှိ ရှိတာ ရှာကြံပေးပါ့မယ် ဗျာ ။"
ပြောမဲ့သာပြောရတယ် ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပေတာကိုး ။ခွေးဖြစ်မှ မစင်ကြောက်နေလို့  မဖြစ်ဖူးလေ ။ ဒီတော့ မှ ပြာပြာသလဲ ဆေးစာရွက်လေးရေးပေးပြီး မျက်စောင်ထိုး က ၂၄ နာရီ ဖွင့်တဲ့ဆိုင်မှာ သွားဝယ်ခိုင်းတယ် ။ ဩော် .. ခွေးနာအတွက် သေရေးရှင်ရေးတမျှ အရေးကြီး နေတဲ့ ဒီအချိန် စက္ကန့်တွေ မှာ ဆေးဝယ်ရင်းနဲ့  အသက်မမှီ လိုက်ရသူတွေ ဘယ်လောက်များ ရှိနေမှာလည်း ။ဒါနဲ့ ကိုအောင်နက်တကောင် ဆေးရုံနဲ့ မနီးမဝေး လမ်းတဖက် မျက်စောင်းထိုးမှာ ၂၄ နာရီ ဖွင့်ထားတဲ့ မီးစက်သံတဂျိမ်းဂျိမ်းနဲ့  ဆေးအစုံရောင်းတဲ့  ဆေးရောင်းဆိုင်လေးသို့  မတိမ်းမစောင်း ဗိန်းဗောင်းတီးပြီး ပြေးရသည် ၊ အချိုရည် အငံရည် ပုလင်းများ ၊အသက်ကယ်ဆေး၊ ဆေးထိုးအပ် ။ ပလာစတာ ၊ အရက်ပျံ နှင့် ဂွမ်းက အစ စုံအောင်ဝယ်ရတော့သည်ပေါ့ ။ ဒါနဲ့ တင် ဆင်ဖြူ ၄ ကောင် လျှောသွားတယ် ။ စားရိတ်မျှပေး ကျန်းမာရေး လို့ ဆိုပေသကိုး ။

တချို့ တချို့ ကလည်း နာနာကျင်ကျင်ပြောကြတယ် ။ ခွေးဘုရင် ဘဏ္ဍာရေး ဘတ်ဒဂျက်တွေ လိုငွေပြနေတာ ၊ဘယ်သူ့ ပြောင်းပြောင်း ဒီလိုပဲ နေမှာတဲ့။ ဟုတ်မှာပေါ့ နော် ။ ကိုအောင်နက်တကောင် အကောင်းမြင် ဝါဒလေးကို မြင်ကြည့်တယ် ၊ သြော် ဒီလို ဆေးရောင်းဆိုင်လေးတွေ ၂၄ နာရီရောင်းချ ပေးနေလို့ သာ ငါ့သားရွှေသွေးလေး ရေတိမ် မနစ်ရတာ ၊ ကျေးဇူးတင်ထိုက်ပါတယ် လို့ ကြံဖန် တွေးလိုက်မိသေး ။ ရှည်ရှည်ဝေးဝေး သိပ်မတွေးအားတော့ ၊ နောင်ခါလာ နောင်ခါဈေး ပဲ ပေါ့ ။အရော်ပေးရမဲ့ အရေး ပေါ်ထံ အပြေးကလေး ပြန်အလာ ၊ ခွေးမသားလေး ခုထိ ခွေးနေရာမရသေး ။ အဲလေ ကုတင်နေရာ မရှိသေးလို့ ကော်ရစ်.ဒါ ဘေးက ခုံတန်းလေးမှာ မြော့မြော့လေးရယ် ။တခုတော့ တော်သေးတယ်ပေါ့ ။သူတို့  ရှိတဲ့ ဆေးလေးတွေ နဲ့  အရင် ဆေးပုလင်းချိတ်ထားပေးလို့  ။ အစားပြန်ပေးရတာတော့ ထုံးစံမို့  ပြန်ပေးလိုက်ပါတယ် ။ အရည်ဓါတ်ခန်းလို့ ရှောခ့်ရခါနီး နေတဲ့ သားကလေး အလာနှောင်းဖို့ နဲနဲလေးသာ လို တော့တယ်လို့  ခွေးဆရာဝန်လေးက ရှင်းပြနေတာ ၊ အောင်နက်ကြီး ကြားတချက် မကြားတချက် ပါ။ဓါတ်ဆားရည်တောင် ဝယ်မတိုက်နိုင်လို့  ပိုဆိုးသွားရတယ် ဆိုတာ ပြောမထွက် ။မင်းလည်းသိ ကိုယ်လည်းသိ အားလုံးအသိ ။

ဒီအချိန်မှာ ဘေးမှအရေးတကြီး ပြေးသွားကြတဲ့ ခွေးတအုပ်၊ စိုးရိမ်ထိတ်လန့် မှုတွေ အတိုင်းသား နဲ့ ခွေးအမေ တကောင် ၊ သွေးလန့်ပြီးရှောခ့် ရနေတဲ့ သားကလေး ကို ထော်လီပေါ်မှာတင်လို့  ။ အောက်စီဂျင်ဗူးရှည်လေးမှ ပိုက်တန်းလန်းက လျှော့ရဲရဲ ။ခွေးဟောက်ဆာဂျင်လေး တယောက်က ပလာစမာ သွေးရည်ကြည်ပုလင်းလေးဆွဲကာ ပင်မဆေးရုံဆောင်ကြီးဖက်သို့  ပြေးလွှား သွားနေကြတဲ့ မြင်ကွင်းလေးကို အငေးသားနဲ့ မို့ ပါ ။အခြေအနေမဟန်လို့  အသည်းအသန်ခန်း ထဲ မှာနေရမှာ ။သားသမီးချင်းကိုယ်ချင်းစာတတ်တဲ့ အောင်နက်တကောင် စိတ်မကောင်းဖြစ်ရုံမှ လွဲလို့ ဘာမှ မတတ်နိုင် ။ဘေးက ခွေးနာရှင်တကောင်ကို စပ်စုမိတော့ သွေးသွင်းဖို့  အရေးတကြီး လိုနေတာမို့တဲ့ ။ ဘာသွေးပါလိမ့် လို့  မေးကြည့်တော့ အေ သွေး ။ ခက်ပါပြီ ကိုအောင်နက်ကြီးက ဘီ မို့ လှူချင်တာတောင် မလှူနိုင် ။ နောက်တော့ ဘေးက တကောင်ဆက်ပြောပြတော့ မှ အောင်နက်တကောင် သာဓု အကြိမ်ကြိမ်ခေါ်မိပါတော့သည် ။ မောင်မင်းကြီးသားလေး ကျန်းမာချမ်းသာ ပါစေ ဗျား ။နောင်တချိန်မှာ နာမည်ကြီး ဆရာဝန်ကြီး အဖြစ်နဲ့ ဆင်းရဲသား ခွေးနာတွေကို ခုလို ဆက်လက် ကုသ ပြီး ကုသိုလ်တွေ ရပါစေဗျား လို့  ဆုတွေ တလှေကြီး ပေးလိုက်မိသည် ။အကြောင်းမှာတော့ ခုန ခွေးဟောက်ဆာဂျင်လေး က အသည်းအသန် ခွေးနာလေး လိုနေတဲ့ သွေးကို လှူပေးလိုက်လို့ ပါတဲ့လေ။ ဒီလို အကြင်နာ မေတ္တာတရားတွေ နဲ့ ဆရာဝန်တွေလည်း ရှိပါသေးလား လို့ ကြည်နူးမိရပါသေးတယ် ။

သာဓုပါဗျာ သာဓု သာဓု သာဓု .. ဪ ...ခင်ဗျားတို့ က ခွေးပါးစပ်က နတ်စကားထွက်တယ်လို့ များ ဆိုချင်နေကြသေးသလား ။ဘဝအကျိုးပေးမကောင်းလို့ ဒီဘဝမှာ ခုလို ခွေးလာဖြစ်နေရပေမဲ့ ကျုပ်က ခွေးကျင့်ခွေးကြံ မကြံတာ ကြာပြီဗျ ။

ဟော... တဝုန်းဝုန်းနဲ့ ပြေးဝင်လာကြပြန်ပြီ ။ ပြာနှမ်းနှမ်း ခွေးမသားလေး တကောင် သတိလစ်နေတာ ၊သူ့  မိဘများ က စိုးရိမ်တကြီး ပွေ့ ချီလာတယ် ။ တာဝန်ကျ ဆရာဝန်လေး ခမျာ မနိုင်မနင်း နဲ့ ၊လိုအပ်တာတွေ လုပ်ပေးရပြန်တာပေါ့ ။ သူတို့ မေးကြ ပြောကြတာတွေ အရ ဒီခွေးသူငယ်လေး အိမ်ရှေ့ မီးမှောင်မှာ ထွက်ဆော့ ရင်း နဲ့  ဘာအမျိုးအစား မှန်းမသိတဲ့  မြွေတကောင် ကိုက်ခံလိုက်ရတာ ရှေးဦးသူနာပြု နည်း နဲ့ ပြုစုပြီး ဆေးရုံ ကို အချိန်မှီ ပို့ ဖို့  အသိတရားတွေ မရှိကြလေတော့ အတော်လေး နောက်ကျပြီးမှ အသက်လုရတော့တာပေါ့ ။ ဒီထက်ခက်တာ က မနှစ်က ဒီလိုအချိန်မှာပဲ သူတက်နေတဲ့ တက္ကသီလာ ကျောင်းတော်ကြီးရဲ့  စားသောက်ဆိုင်မှာ ထိုင်နေရင်း အကုသိုလ် ဂြိုလ်မွှေလို့  နေ့ ခင်းကြောင်တောင် မြွေကိုက်ခံလိုက်ရတာ၊ ဆေးရုံကို အချိန်မှီရောက်ပေမဲ့  မြွေဆိပ်ဖြေဆေးမရှိလို့  အသက်ဆုံးရရှာတဲ့  တက္ကသိုလ်ကျောင်းသူလေး အကြောင်းတောင် ပြန်သတိရမိသေးလို့ ကိုအောင်နက် ပိုပြီး စိတ်ညစ်သွားရပြန်သည် ။
ကဲ လေ.. သတ္တဝါ တခု ကံတခု လို့ ပဲ သဘောထားမှ ။နို့ မို့ ဆို ငါပဲရောဂါတိုးနေမယ် လို့ ဆိုပြီး စိတ်ပြန်ထိန်းမှ နေသာထိုင်သာ ရှိသွားရသည် ။ တော်ပါသေးရဲ့ လေ ။ ငါ့သား မောင်ရွှေသွေး ရွှေဥလေး တကောင် ခွေးနေရာရ ..အဲလေ.. ဆေးရုံမှာ ကုတင်(ခုံတန်းး) တနေရာစာလေး ကံကောင်းထောက်မစွာ ရလိုက်တာ ကိုပဲ တွေးပြီး ကြံဖန်ဖြေသိမ့် နေရပါတော့သည် ။ ဒါပေမဲ့ မနက်ဖြန်တွေ ရဲ့  မနက်ဖြန်တွေ မှာ ကုန်ကျမဲ့  ဆေးဖိုး နဲ့  ဝါးခ တွေ အတွက် ဆက်ပြီးစဉ်းစားမိပြန်တော့ ....ကိုအောင်နက်ကြီး တကောင် မျက်နှာ ညှိုး ကျသွား ပြီး ၊ ဂိန် .. ဂိန် ... ဂိန် ..လို့ တောင် မအော်နိုင်တော့ပါကလား လေ ....

ဒီနေရာမှ သတင်းဆောင်းပါးလေးကို ဇာတ်လိုက်ကြီး ခွေးအောင်နက်မှ ခံစားပြီး ရေးသားပါသည် ။


ဘောနပ်စ် အပိုသတင်းတွေ ဒီမှာ ရှိသေးတယ် ။
(၁) မြွေဆိပ်ဖြေဆေးအတုများ ကြီးကြပ်ရန် အခက်တွေ့ ......အသေးစိပ်ကို အဲ့မှာ ကြည့်တော့ ၊
ဆေးရုံမှာ အသက်ကယ်ဆေးမရှိလို့  အသက်ဆုံးရရှာသူတွေ ဘယ်လောက်များ ရှိနေပြီလည်း ။ ဆေးမရှိလို့  အပြင်ကဝယ်သုံး တော့လည်း ငွေကုန်ပြီး ဆေးတု မိကြရတာတွေ ရော ။ဘယ်လောက်များ ရှိနေကြလည်း ။
ဆေးအတု ထုတ်သူများကို ထိရောက်စွာ ဖေါ်ထုတ် အရေးယူဖို့  လိုအပ်နေတာ ကြာပါပြီ သက်ဆိုင်သူတို့ ရေ ။

(၂) ၂၀၀၈ခုနှစ် သြဂုတ်လ (၄)ရက်နေ့ မှာ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန် ကျောင်းတက်ချိန်အတွင်း ကျောင်းစားသောက်ဆိုင်မှာ ထိုင်နေရင်း မြွေကိုက် ခံခဲ့ရတဲ့ မမြတ်ဆုမွန်ကို မြွေဆိပ်ဖြေဆေး အချိန်မှီ ထိုးနိုင်ခြင်း မရှိတဲ့အတွက် ဆေးရုံတစ်ရုံမှ တစ်ရုံကို ပြောင်းရွေ့ ရင်း လမ်းမှာတင် သေဆုံးသွားရသည် .....အစရှိသဖြင့်


ကုရာနတ္တိ ဆေးမရှိ ၊ ရှိတဲ့ ဆေးများလည်း ဆေးအတုများ ၊ ဆေးရှိသော်လည်း ငွေအသပြာ မရှိ ။ အဟောသိကံ မောလေစွ .. မောလေစွ ။

15 comments:

ahphyulay Saturday, November 14, 2009 2:19:00 PM  

သယ်...ငါကိုယ်တော်မြတ့်ီး ထိပ်ဆုံးရောက်နေပါပေါ့ လား
အောက်ငုံ့ တောင်မကြည့် ရဲတဲ့ ထိပ်ဆုံးပါပဲလား။ဒီတခါတော့ ။
ဟဲဟဲ...ဖတ်လိုက်ဥဏီးမယ်မမကီရေ့ ...။နေမကောင်းဘူး
ထင်တယ်အွန်လိုင်းမှာမတွေ့ ဘူးနော်...။

ahphyulay Saturday, November 14, 2009 2:39:00 PM  

မမကီ..အမြဲတန်း မရိုးနိုင်လွန်းတဲ့ ကမောက်ကမဖြစ်နေတဲ့ 
အဖြစ်လေးတွေကို ခွေးနဲ့ နိုင်းပြီးရေးဖွဲ့ ထားလို့ ရုတ်တရက်ဖတ်
ရင် ရယ်စရာကောင်းနေပေမဲ့  မရယ်ရပဲ ဒေါသောတွေနဲ့ 
နာကြီးနေတဲ့ စိတ်တွေနဲ့ ပဲ ဗမာပြည်မှာကျန်နေခဲ့ တဲ့ လူတွေ
ဟာ ခွေးတွေလို၊ခွေးဘဝကို ရောက်နေတာပါဆိုတာကို
ရေးဖွဲ့ ထားတဲ့ မမကီ ရဲ့ ခံစားချက်ကို ကျွန်တော်မြင်မိတယ်။

ahphyulay Saturday, November 14, 2009 2:50:00 PM  

အမော တွေကို ကျွန်တော် တန်းစီ ရေးခဲ့ တုံးက မကီလိုပဲ
သတိရတိုင်းနာကြီးမိပါတယ်လို့ ။ အဖေ့ ကို စရိတ်မျှပေးကျန်း
မာရေး ဆိုတဲ့  ပိုက်ဆံခန်းလေးယူပြီး တင်ဖြစ်တော့  တာဝန်ကျ
ဆရာဝန်ကြီးက နာ့ (စ)မလေးကို လူနာရှင်တွေက ငွေကို
သုံးနိုင်သလား၊အသင့် အတင့် လား၊လုံးဝ မသုံးနိုင်ဘူးလား ဆိုတဲ့ 
ကျန်းမာရေးဌာနရဲ့  သမိုင်းဝင်မေးခွန်းကြီးကို မေးခဲ့ ပြီး
သူ့ မေးခွန်းအလိုက် အဖြေတွေကိုကြည့် ပြီး တရုတ်ဆေး၊
ယိုးဒယားဆေး၊ အင်္ဂလိပ်ဆေး ဆိုပြီး ဆေးစာတွေကို အဆင့့် ဆင့် ခွဲရေးပေးခဲ့ တယ်ဗျာ။ထူးခြားတာက ဘယ်ဆိုင်ကို
ပဲသွားဆိုပြီး သူ့ လက်မှတ်နဲ့  တဆိပ်တုံးကြီးကို ဒုံးကနဲ
ထုပေးလိုက်ခြင်းပါပဲ။ အမောတွေ အားလုံး အမြန်ပဲ ပြီးဆုံးပါစေ

Welcome Saturday, November 14, 2009 3:28:00 PM  

အမှန်တရားတွေမို့ တရားအမှန် ရသွားပါတယ်

ဆက်လက်ရေးသားနိုင်ပါစေ

မမသီရိ Saturday, November 14, 2009 3:42:00 PM  

ွှသူတို့ပြောသလောက် ငွေ မတတ်နိုင်ပုံ ပေါ်တဲံ လူနာတွေ ဆို ပြန်ကိုလှည့် မကြည့်တော့ဘူး

မြန်မာပြည် က လူ့ အသက်တွေ ကတော့
ဘုရားသခင် အလိုတော် အတိုင်းပါပဲ အဲ..
ကံ စီမံ ရာ အတိုင်းပါပဲ ကိကီ ရေ...

ရေတမာ Saturday, November 14, 2009 3:56:00 PM  

ရေးထားတာ ကောင်းလိုက်တာအမရေ။ အောင်နက်ကြီးအပူတောင် ကိုယ့်ဆီဟပ်တယ်။ ဘောနပ်သတင်းတွေအတွက်တော့ စိတ်မကောင်းပါဘူး။

လသာည Saturday, November 14, 2009 6:17:00 PM  

အင်း.. ရင်မောသွားတယ် ကိရယ်..

thawzin Saturday, November 14, 2009 6:59:00 PM  

ခွေးဇတ်တော့ အစ်မကြီးကီကတော့ တော်တော် သဘောကျတယ်နော်။ ခွေးဇတ်လိုက်လုပ်ထားတယ်။ ဒါပေမယ့် ခွေးတွေက သစ္စာအရှိဆုံးလိုပြောရမယ်။ ကြားဖူးပါတယ် စကားပုံလားဘာလားမသိဘူး။ မောင်ပေါ်ဦးလားမသိပါဘူး။ မင်းကြီးက သစ္စာအရှိဆုံးနဲ့ သစ္စာအမဲ့ဆုံး နှစ်ဦးကို ခေါ်ခဲ့လိုပြောတော့။ ခွေးနဲ့ သမက်ကိုခေါ်လာတယ်လေ။ လူတွေ ခွေးလောက်သစ္စာမရှိကြပါဘူး။ တိရစ္ဆာန်ထဲမှာ ခွေးမွေးရတာ ကောင်းမယ်ထင်ပါတယ်။ မိန်းကလေးတွေ ခွေး မမွေးခိုင်းသင့်ပါဘူး။ မွေးရင်လဲ တေလီယာ ခွေး အသေးလေးတွေ မွေးသင့်တာ။ အခုခေတ်ခွေးတွေက လူလို့သူလိုနေတတ်နေကြပြီလေ။ ဆင်းရဲတဲ့နိုင်ငံတွေကတော့ အဲလိုကြုံနေအုံးမှာပဲ အစ်မရေ...။ ခွေးဇတ်လိုက်ဆိုပေမယ့် ၀င်ခံစားမိပါတယ်။ ရင်မောရပါတယ်။ တိုးတတ်နေတဲ့ခေတ်မှီ ဆေးပညာတွေရှိပေမယ့် ဓနအင်အားမဲ့သူတွေအတွက်တော့ တိုးတတ်နေတဲ့ ရောဂါကို ကာကွယ်ဖို့ မလွယ်ကူနိုင်ပါဘူး။ အနာရောဂါ ကင်းရှင်းဖို့ သူများ အသက်ကို မသတ်ကြဖို့ပဲ မှာချင်တာပါ။ စစ်သားဆိုပေမယ့် မိမိရန်သူကို မသတ်ချင်ပါဘူး။ ဒါကြောင့် ရှေးတန်းထွက်တဲ့ ခါ မင်းလဲ မင်းလမ်းသွား ငါလဲ ငါ့လမ်းသွားမယ် ဆိုပြီးတော့ မေတ္တာပို့လျောက်ရတဲ့ ကျွန်တော်တို့ စစ်သားတွေရဲ့ ဆင်းရဲကို စာနာကြည့်ပါအုံးဗျာ။ အစ်မအနေနဲ့ အခုလို့ မြန်မာပြည်မြေပုံကြီး တချမ်းလျော့သွားမှာ မလိုလားဘူးထင်ပါတယ်။ လိုလားတဲ့သူမှန်သမျှတော့ မလိုလားတဲ့ ကျွန်တော်တို့က ပယ်ရှင်းရမှာပဲလေ။ ကျွန်တော်တို့ နိုင်ငံမြေပုံလေးက တခြားနိုင်ငံတွေထက် ပိုလှတယ်လို့ ထင်မိပါတယ်။ တချမ်းပဲ့သွားမှာကို စိုးရိမ်ပါတယ်။ အာသံတို့ မဏီပူရတို့မှာ မြန်မာတွေ ရှိသေးတယ် မြန်မာလိုပဲပြောတယ်။ ဘာသာအယူကြတော့ မတူကြတော့ဘူး။ တကယ်ဆိုသူတို့က မြန်မာပြည်ထဲမှာရှိရမှာ။ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ မဟာဂန္ဓီ တို့ကြောင့်တဲ့ သီတဂူဆရာတော် တရားမှာ နာဖူးလို့ပါ။ ဘာကြောင့်မြန်မာတွေ အဲဒီမှာ ရှိနေတာလဲဆိုတော့ အလောင်းမင်းတရားတို့ ခေတ်တုန်းက စစ်တိုက်လို့ နိုင်ရင် စစ်သားတွေ အဲဒီမှာ ထားခဲ့တာလေ။ အဲဒါကြောင့်တဲ့။ ဘုန်းဘုန်းက ဟာသနှောပြီး ဟောပေမယ့် မြန်မာလူမျိုးဆိုတဲ့ အသိနဲ့ နှမြောမိတယ် အဲဒီဒေသကို။ တကယ်ဆိုမြန်မာပြည်ဖြစ်ရမှာ။ လောဘကြီးတယ်နော်။ ကြီးကြီးပဲ။ ပို့စ်နဲ့တော့ဆိုင်ဘူး။ သိပြီးသားဆိုလဲ ဆေားရီးပါ။ အမျိုးချစ်မမကီသိအောင် ပြောပြတာ။
ဒါတွေ ဒီလိုရှိနေရင် ဘယ်လိုကူညီမလဲ စဉ်းစားပေါ့အစ်မရယ်။ တိုက်ရိုက်ကူညီနိုင်ရင် ကူညီပြီး၊ သွယ်ဝိုက်ကူညီနိုင်ရင်လဲ ကူညီပေါ့။ အစ်မကြိးပို့စ် ဘာကိုဆိုလိုနေမှန်း စာဖတ်သူ သိပါတယ်။

မြစ်ကျိုးအင်း Saturday, November 14, 2009 8:50:00 PM  

တပုဒ်ဆို ဆိုသလောက် မော တယ်နော်

ရယ်စရာ ရှာရေးပေးအုံး။

busymozzee Saturday, November 14, 2009 10:54:00 PM  

အမှန်တရား ဆိုတာ... အမှားတရံပေါ့ကွယ်...
(ဆိုင်မှာ သွားပြန်လဲအူးမှ)

Taw Luu Sunday, November 15, 2009 3:18:00 AM  
This post has been removed by the author.
Anonymous,  Sunday, November 15, 2009 3:23:00 AM  

မကိကိရယ်.အဲ့လိုဖြစ်နေတာကြာပါပြီ..
ခွေးတိုင်းပြည်ကြီးမှာ..
ခွေးဘုရင်ကြီးနဲ့
မူးတော်မတ်တော်တွေကတော့ ခွေပြည်ကြီးမှာတောင် ဆေးမကုကြဘူးဗျ.သေမှာစိုးတယ်. စလုံးဆိုလား ဘာဆိုလား အဲ့ဒီတိုင်းပြည်လေးမှာ ဆေးကုသတဲ့ ခွေးပြည်သူပြည်သားတွေကတော့ ဘာဖြစ်ဖြစ်ပေါ့ဗျာ..ခွေးစစ်သားတွေအတွက်လည်း အဲ့ စစ်သားခွေးတွေအတွက်လည်း ခွေးစစ်ဆေးရုံကြီးရှိတော့ မပူရဘူးလေ.ရှေ့တန်းမှာ နင့်လမ်းနင့်သွား ငါ့လမ်းငါ့လမ်းသွားနေကြရတဲ့ အရာရှိခွေးငယ်လေးတွေလည်း ကိုယ်ချင်းစာနာပါတယ်.
ခွေးပြည်မြေပုံကြီးကတော့ ဒီခေတ်ထဲမှာ မပဲ့ပါဘူးစိတ်ချ အခြားအိမ်နီးချင်းတိုင်းပြည်တွေမှာ ခွေးကျွန်သွားလုပ်နေကြရလို့..ကြာရင် မြေကြီးပဲကျန်မဲ့ပုံပါ.ပြောပြပါဦး မကိကိရယ်.
မဆီမဆိုင် ဗိုလ်ချူပ်တို့ ဦးနူတို ဂန္ဒီကြီးတို့ ပါ မကောင်းထင်တဲ့သူကလည်းထင်သေး ရှိတဲ့မြေပုံလေးကို ပဲ တိုးတက်အောင်လုပ်ပါဦး.လုပ်ကောလုပ်နိုင်ကြပါစေဦး.
နောက်တခါ..
ခွေးရွေ့ပြောင်းကျွန်ခွေးတွေအကြောင်း..အခြားသူတွေလည်းသိရအောင်..

တောခွေး.

ခြေလှမ်းသစ် Sunday, November 15, 2009 5:08:00 AM  

တရားခံကတော့ ဒီအစိုးရတွေပါပဲ ... ဒါကြောင့် ၂၀၁၀ ကို လုံးဝ လုပ်ခွင့်မပေးဖို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိနေတယ်လေ....

ကိုလူထွေး Sunday, November 15, 2009 8:28:00 PM  

အဲလိုလုပ်နေတာ "လူ" တွေလေ... ကိကီရဲ့...
တည့်တည့်ရေးပါ...

တို့များ "ခွေး" တွေ သိက္ခာကျတယ်...

းဝ)

Anonymous,  Wednesday, January 27, 2010 12:53:00 PM  

1cialis levitra viagra vs vs [url=http://fourfourtwo.com/members/price-of-arimidex.aspx]arimidex breast cancer[/url]buy tadalafil prescription drug online
2 street name for oxycodone [url=http://fourfourtwo.com/members/long-term-effects-of-arimidex.aspx]arimidex prescribing information[/url]buy tadalafil prescription pill online
20 cheap generic mg nolvadex [url=http://fourfourtwo.com/members/when-to-start-arimidex.aspx]doctors against arimidex[/url]buy tadalafil with check online
20 mg cialis dose advice [url=http://fourfourtwo.com/members/arimidex-3mg-a-day.aspx]arimidex muscle[/url]buy tadalafil with no prescription
20 mg photo of levitra [url=http://fourfourtwo.com/members/ip-arimidex.aspx]arimidex reactions with antidepressants[/url]buy tadalafil without a prescription
2001 daily feb levitra statistics [url=http://fourfourtwo.com/members/arimidex-versus-femara.aspx]arimidex and running[/url]buy tadalafil without prescription online
2003 case studies of cialis [url=http://fourfourtwo.com/members/bone-pain-and-arimidex.aspx]sideffects of arimidex[/url]buy u s tadalafil online
20mg ambien or 20mg zolpidem [url=http://fourfourtwo.com/members/generic-arimidex.aspx]treatment bone pain arimidex[/url]buy ultracet cash on delivery
20mg generic levitra order online [url=http://fourfourtwo.com/members/arimidex-anastrozole.aspx]about arimidex[/url]buy valacyclovir generic valtrex canada
20mg oxycodone extended release price [url=http://fourfourtwo.com/members/arimidex-and-lung-disease.aspx]arimidex while on deca[/url]buy valtrex online in australia

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP