အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 16, 2009

မြွေ နှင့် မြွေဆိပ် တက်ခြင်း.....

ပြီးခဲ့တဲ့ ပို့ စ် မှာဆေးမရှိလို့ ၊ အချိန်မီဆေးရုံမရောက်ကြလို့ ၊ မရှိ ၊ရှိ တဲ့ငွေ နဲ့ ဈေးကြီးပေး ဝယ်ရပေမဲ့ ဆေးအတုမိလို့ မသေသင့်ပဲ သေကြရတဲ့ လူတွေ အကြောင်း နဲ့ ဆက်စပ်ပြီး မြွေကိုက်ခြင်းနဲ့ မြွေဆိပ်ဖြေဆေး အကြောင်းလေး ပြောပြချင်လို့  ရှာဖွေ တင်ဆက်လိုက်တဲ့ မြွေဇာတ်လမ်း ပါ ။
မြွေ မြွေချင်းခြေမြင် လို့ ပြောကြတာ ရှိပါတယ်.. မြွေမှာများသောအားဖြင့် ခြေမရှိပေမဲ့လည်း အဆိပ်တော့ရှိကြပါတယ် ။(ချွင်းချက် ...တချို့ မြွေရဲ့ ဝမ်းဗိုက်မှာ ခြေထောက်တိုလေး ၂ချောင်းပါတတ်ကြတယ် ) ။ ရေမြွေဆိုတာမှာတောင် အဆိပ် မရှိပေမဲ့  ကိုက်ရင်တော့ နာတာပါပဲ ။ အဆိပ်ရှိတဲ့ မြွေကျတော့ နာရုံတင် မက အသက်ပါ သေနိုင်ပါတယ် ။
မြန်မာပြည်မှာ အဓိက အဆိပ်ပြင်းတဲ့  မြွေ ကတော့ မြွေပွေး(Viper) နဲ့  မြွေဟောက် ( Cobra)တို့ ဖြစ်ကြပါတယ် ။ ဒါ့အပြင် ငန်းတော်ကျား(Krait or King Snake) ၊ မြွေစိမ်းမြီးခြောက်(boo pit viper) ၊ ဂျပ်မြွေ အစရှိတဲ့  အဆိပ်ပြင်းမြွေ များလည်းရှိပါသေးတယ်။{ နောက်ထပ် အဆိပ်ပြင်းတဲ့  ခလောက်ဆံမြွေ (rattle snakes ) ကတော့ မြန်မာပြည်မှာ မရှိလို့ တော်ပါသေးတယ် ။ သူက အမေရိကန် နိုင်ငံသားခံယူ ထားလို့ ပါ } ။ စပါးကြီးမြွေ ( Python ) နဲ့ လင်းမြွေ(rat snake) ကတော့ အဆိပ် မပြင်း ပါဘူးတဲ့ ။ (လင်းမြွေ က မိန်းကလေးတွေ ကို လိုက်တတ်တယ် လို့ ပြောသံကြားဖူးတာပဲ ဟုတ် မဟုတ်တော့ မသိပါ )။ မြွေတွေလည်း အမှတ်သညာ ကြီးကြတယ်တဲ့ ။ ပုံပြင်ထဲ မှာ နေမှာပါ ။ ထားပါတော့ ခု အဓိက ပြောချင်တာ ကတော့ မြွေကိုက်ခံရခြင်း ၊ ရှေးဦး သူနာပြုစုခြင်း နဲ့ မြွေဆိပ်တက်ခြင်း နဲ့  ပတ်သက်တဲ့  အကြောင်းတွေပါ ။ ဘာလို့ လည်းဆိုတော့ ခု ခေတ် ခုချိန်ထိ မြန်မာပြည်မှာ မြွေကိုက်ခံရခြင်းကြောင့် သေဆုံးရတဲ့ ဦးရေ ဟာအင်မတန်မှ များပြားနေဆဲပဲ ဖြစ်လို့ ပါ ။တနှစ်ကို မြွေကိုက်ခံရလို့ သေဆုံး ရသူပေါင်းဟာ ၈၀၀၀ ကျော် ရှိနေပါတယ်တဲ့။ ဘာလို့ များ ဒီလောက်ထိ ကိန်းဂဏန်းတွေ များနေကြရသေးတာလည်းဆိုတာ စဉ်းစားစရာ ပါပဲ ။

ဒီတော့ မြွေနဲ့ပတ်သက်တာတွေ ပြောရမယ်ဆိုရင် မြွေ အမျိုးအစား ကနေ စပြီး အနည်းငယ်ပြောချင်ပါတယ်။
မျိုးကွဲပေါင်း ၂၅၀၀ - ၃၀၀၀ ခန့် ရှိတဲ့  မြွေအမျိုးအစားကို ခွဲခြားပုံတွေက လည်း နည်းမျိုးစုံရှိပါတယ်။ဒါတွေက ဗဟုသုတ အနေနဲ့ ကြားဖူးနားဝရှိယုံမျှသာ ရည်ရွယ်ပါတယ် ။ အရေးမကြီးလှပါဘူး ။
* Class - Reptiles
* Order - Squamata
* Suborder - Serpents
* Family - Viperidae
* Subfamily - Crotalinae
* Genus - Crotalus
* Species - Crotalus atrox

ဒီအထဲမှာ မှ မြန်မာပြည်မှာ အများဆုံးတွေ့ ရပြီး အဆိပ်ပြင်းတဲ့ မြွေ ၂မျိုးမှာ မြွေပွေး (Viper ) ၊ မြွေဟောက် (Cobra ) တို့ ဖြစ်ကြတယ် ။ ဒီထဲမှာမှ တနှစ်ကို မြွေကိုက်ခံရလို့ သေဆုံး ရသူပေါင်း ၈၀၀၀ ကျော်မှာ ၈၂ % က မြွေပွေး ကိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။ (ဒေါက်တာ ဒေါ်အေးအေးမြင့် (သုတေသနမှူး၊ ရောဂါ နည်းပညာ သုတေသန ဌာနခွဲ)'' ကြက်ဥမှ မြွေဆိပ်ပြေဆေး ထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသန လုပ်ငန်း''....( လျှပ်တပြက်ဂျာနယ်မှ ကောက်နှုတ်ချက် )

မြွေကိုက်ခြင်း နဲ့ မြွေဆိပ် တက်ခြင်း

မြွေတွေက လူမြင်တိုင်းလိုက်ကိုက်တတ်ကြတာမဟုတ်ပါ ။မလွဲသာ မရှောင်သာ ဖြစ်တဲ့အချိန်ကျမှသာ(သူ့ ကို တစုံတခုက အန္တရာယ် ပြုမယ်လို့ထင်တဲ့အခါကျ သူ့ ကိုယ်သူ ကာကွယ်တဲ့  အနေနဲ့ ) ကိုက်ခြင်းသာ ဖြစ်တယ်တဲ့ ။

မြွေတွေက အဆိပ်ရှိသည်ဖြစ်စေ ၊ မရှိဘူးပဲ ဖြစ်စေ အကိုက်ခံရတဲ့  နေရာမှာ တော့ နာကျင်မှု ဖြစ်စေပါတယ် ။မြွေအစွယ်ကြောင့် ဒါဏ်ရာအပေါက်မှ သွေးထွက်တယ် ။ တခါတလေ အဆင်မသင့်ရင် ဒီ ဒါဏ်ရာပေါက်မှတဆင့် မေးခိုင်ပိုးပါ အဆစ်ဝင်နိုင်ပါသေးတယ် ။ ဒါပေမဲ့  အဆိပ်ပြင်းတဲ့  မြွေ အကိုက်ခံရရင် ကိုက်ခံရတဲ့ နေရာ ပတ်ဝန်းကျင်မှာ ၅ မိနစ်အတွင်း ပြင်းထန်စွာ ယောင်ယမ်းနာကျင်မှု ဖြစ်စေတယ်။ မီးလောင် ဒါဏ်ရာ ကဲ့ သို့ သော အရည်ကြည်ဖုများ ပေါ်ထွက်စေတယ် ။ ဒါ့အပြင် ကိုက်ခံရတဲ့နေရာ တဝိုက် ကြွက်သား နဲ့  အရေပြားတွေ ပျက်စီး ခြင်း ဖြစ်ပြီး နောက်ဆုံး ပုတ်သွားတဲ့  အထိ ဆိုးဝါးနိုင်တယ်။(tissue necrosis and rhabdomyolysis ) ။ကိုက်လိုက်တဲ့မြွေရဲ့  အစွယ် အနက် ။ သူထုတ်လိုက်တဲ့  အဆိပ်ပမာဏ နဲ့  အကိုက်ခံရတဲ့  နေရာပေါ်တည်ပြီး အဆိပ်ပြန့် တာ အနှေးအမြန် ကွာပါတယ် ။ဥပမာ ဦးခေါင်းပိုင်း ၊မျက်နှာ ၊ လည်ပင်းတို့ မှာ ဆိုရင် ခြေထောက်ပိုင်းမှာနဲ့ စာရင် ၊နှလုံးသို့  သွေးပြန်တာ ပိုပြီးမြန်တာမို့  အဆိပ်ပြန့် တာလည်း ပိုမြန်တယ် ။အဆိပ်ပြန့်တဲ့  လက္ခဏာ တွေမှာ နှလုံးခုန်မြန်တယ်။ သွေးပေါင်ကျတယ် ။

မြွေပွေးဆိပ်ဆိုရင် (coagulopathy) သွေးခဲမှု ကို ထိခိုက်တယ် ၊နှလုံးနဲ့  သွေးကြော သွေးလည်ပတ်ခြင်းကို ပိုပြီးထိခိုက်စေတယ် ။ဒါကြောင့်သူ့ အဆိပ်တက်ရင် ခန္ဓာကိုယ်ထဲရှိ ဦးနှောက် ၊ အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့် သွေးထွက် စေတတ်တယ် ၊ ဆီးထဲမှာ သွေးပါပြီး ကျောက်ကပ်ကို ပျက်စီးစေတယ် ။အသက်ဆုံးတဲ့ထိ ပြင်းထန်နိုင်တယ်။

မြွေဟောက် ဆိပ်တက်တာဆိုရင်(neurotoxicity ) ဦးနှောက်အာရုံကြောကို ပိုပြီးထိခိုက်စေတယ်။အာရုံခံစားမှုမရှိတော့ပဲ ထုံကျင်တတ်တယ် ။ ပြင်းထန်ရင်တော့ အာရုံကျောတွေ ပျက်စီးလို့ ကြွက်သားလှုပ်ရှားမှု အားပျော့ပြီး အသက်ရှု ခြင်း နဲ့ အဆုပ်ကို ထိခိုက် ပြီး အသက်ဆုံးနိုင်တယ် ။

ဒီလို အဓိက ထိခိုက်စေတဲ့  အင်္ဂါအစိပ်အပိုင်းတွေ ကွာခြားတတ်ပြီး သုံးရမဲ့ မြွေဆိပ်ဖြေဆေး ဟာလည်း မတူကြတာမို့  မြွေကိုက်ခံရရင် (ဖြစ်နိုင်ပါက ) ကိုက်တဲ့ မြွေကိုပါ တပါတည်း ဆေးရုံယူသွားပြဖို့ လိုအပ်ပါတယ် ။ ဒါပေမဲ့  မြွေကလည်း ကိုက်ပြီးတာနဲ့  ပြေးတာမြန်တော့ လိုက်ရိုက်ဖို့ လည်း သိပ်တော့ မလွယ်လှပါဘူး ။ ဒီတော့ကိုယ့်ကိုကိုက်တဲ့  မြွေကို မြင်ရင် အနဲဆုံး ဘာမြွေမှန်း သိအောင်တော့ လုပ်ထားဖို့ လိုပါလိမ့်မယ် ။ အတွေ့ များတဲ့  မြွေပုံတချို့  ဖေါ်ပြပေးထားပါတယ် ။

ဒါကတော့ မြွေပွေး (Common Viper )ပါ၊ Hemotoxin သွေးနဲ့ သွေးကြောကိုပျက်စီးစေတဲ့ အဆိပ်ရှိတယ် ။ မြွေပွေး ထဲမှာလည်း အမျိုးအစားပေါင်းများစွာ ရှိပါသေးတယ် ။ Rattle Viper ၊ Copper head Viper ၊ Cotton Mouth Viper စသဖြင့် ရှိပါတယ် ။


ဒါလည်း အတွေ့ များတဲ့  မြွေပွေး တမျိုး ပါ (Russell Viper ) လို့ ခေါ်တယ် ။









သူကတော့ မြွေဟောက် ပါ ။Neurotoxin အာရုံကြောထိတဲ့  အဆိပ်ရှိတယ် ။ ကြောက်စရာကောင်းတဲ့ မိန်းကလေးကို လျှာ နှစ်ခွ နဲ့ မြွေဟောက် လို့တင်စားပြီးပြောကြတာ ဘာလို့များလည်းတော့ မသိပါ ။







ပင်လယ် ငန်းတော်ကျား( Krait - Sea Snake ) သူလည်း အဆိပ်ပြင်းတယ် ။ငန်းတော်ကျားမှာ မျိုးစိတ်အလိုက် အမဲ ၊ အဖြူ ၊အဝါ၊ အနီ စတဲ့ ရောင်စုံ အရစ်တွေ နဲ့ ရှိကြပါသေးတယ် ။








မြွေကိုက်ခံရလျှင်ခံရခြင်း ဘာလုပ်ရမလဲ ၊ ဒါမှမဟုတ် မြွေကိုက်ခံရသူအား ဆေးရုံ မရောက်မှီ ရှေးဦးသူနာ ပြုစုနည်းနဲ့ ဘယ်လို ပြုစုပေးမလည်း ။
(၁) စိတ်လှုပ်ရှားမှု ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းပါ ။ စိတ်လှုပ်ရှားမှု များပါက သွေးလည်ပါတ်နှုန်းပိုမြန်ပြီး မြွေဆိပ် လျှင်မြန်စွာ ပျံ့ နှံ့ စေတတ်သည် ။
(၂) အကိုက်ခံရသူအား နေရာတွင် လှုပ်ရှားမှု သိပ်မလုပ်ပဲ အနားယူစေရမည် ။
(၃) အကိုက်ခံရတဲ့  ဒါဏ်ရာကို ဖြစ်နိုင်ပါက သန့်စင်သော ပိတ်စ နဲ့ အုပ်ပြီး ( elastic bandage ) ကဲ့သို့ သော ရှုံ့ နိုင် ကျုံ့ နိုင်တဲ့  ပတ်တီးစည်းပေးပါ။ pressure immobilization လို့ ခေါ်ပါတယ်။ဒီလို စည်းထားပေးခြင်းဖြင့် ဒါဏ်ရာ ရတဲ့ အစိတ်အပိုင်းကို ငြိမ်အောင်ထိန်းထားနိုင်ပြီး သွေးပြန်ကြော( venous system) နဲ့  သားငံရည်ကြော( lymphatic system ) တို့ မှ တဆင့် အရေးကြီးတဲ့  အင်္ဂါအစိတ် အပိုင်းများသို့  အဆိပ်ပျံ့ ခြင်း ကို နဲပါးစေပါတယ် ။ ။ ထို့ နောက် ဒါဏ်ရာ ရှိသော နေရာ ကို လူနာရဲ့  နှလုံး မျက်နှာပြင် အမြင့်ထက် မမြင့်တဲ့  နေရာ မှာ သက်တောင့် သက်သာ အနေအထား ဖြင့်ထားပေးပါ ။အကြောင်းမှာ ဒါဏ်ရာရှိတဲ့  နေရာ က လူနာနှလုံးထက်အမြင့်မှာ ရှိနေပါက နှလုံးသို့ ပြန်သော သွေးများ ပို လျှင်မြန်စွာဖြင့် နှလုံးသို့ ရောက်ပြီး အဆိပ်ပျံ့ ဖို့ လွယ်ကူနိုင်သည် ။
(၄) လူနာအား အနာသက်သာစေရန်ဆိုပြီး အရက်တိုက်ခြင်းမျိုး မလုပ်ရပါ ။ အရက်မှာ သွေးကြောများကို ကျယ်ပြန့် စေပြီး သွေးလှည့်ပတ်နှုန်းကို ပိုမြန်စေတဲ့ အတွက် အဆိပ်ပျံ့  ဖို့  ပိုလွယ်စေပါတယ် ။
(၅) အကိုက်ခံရတဲ့ နေရာအနီးတဝိုက် ၊ ခြေ လက် တို့ မှာ လျင်မြန်စွာ ယောင်ယမ်းလာတတ်တဲ့  အတွက် လူနာ မှာ ဝတ်ဆင်ထားတဲ့  လက်စွပ် ၊ လက်ကောက် ၊ နာရီ ၊ အစရှိတဲ့  တင်းကျပ်လာနိုင်တဲ့  အရာတွေကို ဖယ်ရှားပစ်ပါ ။ ချွတ်ထားပေးပါ ။
(၆) လူနာအား နီးစပ်ရာ ဆေးရုံသို့  အမြန်ဆုံး ပို့ ဆောင်ပါ ။
ယခင် နည်းလမ်းများ( old method ) မှာ အကိုက်ခံရတဲ့  နေရာ ရဲ့  အပေါ်ပိုင်းဖက်မှာ touniquet ခေါ် သားရေ ကြိုး တခုခု နဲ့  အရင် ချည်နှောင်ကာ ၊ဒါဏ်ရာကို ဒါးဖြင့် ကြက်ခြေခတ် ခွဲပြီး အတွင်းမှ သွေးများကို စုတ်ထုတ်ပေးဖို့  ဆိုခဲ့ ကြပါတယ် ။ ဒါပေမဲ့  ခုနောက်ပိုင်းမှာ ဒီနည်းကို လက်မခံကြတော့ပါဘူး ။ ဘာလို့ လည်းဆိုတော့ ခုလို ဒါးနဲ့  ခွဲလိုက်ခြင်းအားဖြင့် ဒါဏ်ရာကို ပိုပြီးဆိုးဝါးစွာ ပျက်စီးစေပြီး အဆိပ်စုတ်ထုတ်ခြင်းကိုလည်း ထိရောက်စွာ အားမပေးဘူး လို့  ဆိုကြလို့ ပါ ပဲ ။နောက်ပြီး ကြိုးလို ဟာမျိုး နဲ့တင်းကျပ်အောင်စည်းထားတာ အချိန်သိပ်ကြာသွားရင် သွေးမလျှောက်တော့ပဲ အဲ့ ဒီ နေရာ မှ အောက်ပိုင်း တခုလုံး သွေးပြတ်ခြင်း ( gangrene) ဖြစ်စေလို့ ပါ ။ဒါကြောင့်ဒီ old method ကို မသုံးကြတော့ပါဘူး ။ (မြန်မာနိုင်ငံ မှာတော့ ဒီနည်းလမ်းဟောင်းကို ဆက်လက်သုံးနေကြတဲ့ နေရာဒေသများ ရှိနေအုံးမလား လို့  မသေချာပါဘူး ။ medical trend ဆိုတာ အချိန်နဲ့  အမျှ ခေတ်အလိုက် တိုးတက် ပြောင်းလဲ နေကြတာ ဖြစ်လို့  ၊ ခေတ်မှီကောင်းမွန်တဲ့ နည်းလမ်းများကို လက်ခံ ကျင့်သုံး သင့်ပါတယ် )။Old style snake bite kit that should NOT be used.
Australia's National Health and Medical Research Council မှ ဒီိ pressure immobilization ဆိုတဲ့ နည်းလမ်းကို ၁၉၇၉ နှစ်မှ စတင်ပြီး အသုံးပြုခဲ့ ကြပါတယ် ။

မြွေဆိပ်ဖြေဆေး ( Antivenoms )


မြွေရဲ့ အဆိပ်ကို ပုံမှာ ပြထားတဲ့  အတိုင်း ညှစ်ထုတ်ယူပြီး ၄င်းအဆိပ်ရည်(Antigen in Venom ) အနည်းငယ်ကို မြင်း ၊ သိုး၊ ဆိတ် ၊ ယုန် စတဲ့  သတ္တဝါများအား ထိုးပေးကာ ၊ အဆိုပါ သတ္တဝါများ မှာ တန်ပြန်ထုတ်လုပ်လိုက်သော ခုခံနိုင်သည့်စွမ်းအား( Antibody) မှ တဆင့် ပြုပြင်ထုတ်ယူ ရရှိပါတယ် ။မြွေဆိပ်ဖြေဆေး ၂ မျိုးရှိပါတယ် ။
(၁) monovalent -(သတ်မှတ်ထားတဲ့  မြွေအမျိုးအစားတမျိုးတည်းအတွက်သာ သုံးနိုင်ပါတယ် ) ။ဥပမာ မြွေပွေးတမျိုးတည်းအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့  ဆေးကို မြွေဟောက် အဆိပ်ဖြေရာမှ မသုံးနိုင်ပါဘူး ။ဒါကြောင့်မို့  ကိုက်တဲ့ မြွေကို တပါတည်းသယ်ဆောင်သွားရင် ထိုးသင့်တဲ့  အဆိပ်ဖြေဆေးကို လျှင်မြန်စွာ ထိုးပေးနိုင်မယ် ဖြစ်တယ်။
( ၂)polyvalent ( မြွေအမျိုးအစား တစ်မျိုးမက တဲ့  အဆိပ်များ ကို ပြေပျောက်စေပါတယ် ။ ပိုပြီး အဆင်ပြေစေတယ် ပေါ့ ) ။
မြွေဆိပ်ဖြေဆေးများကို သက်ဆိုင်ရာ မြွေဆိုးများ ရှိတဲ့ ဒေသ ၊ နိုင်ငံ အလိုက် ထုတ်လုပ်ကြပြီး အရေးပေါ်ဌာနတိုင်းမှာ ထားရှိပေးကြပါတယ် ။ အထူးသဖြင့် မြွေဆိုးတွေ ပေါတဲ့  အမေရိကန် ၊မက္ကစီကို၊ သြစတြေးလျနိုင်ငံများ နဲ့ အာဖရိကနိုင်ငံ တချို့ ၊အိန္ဒိယ နိုင်ငံတို့  မှာ မြွေဆိပ်ဖြေဆေးရနိုင်တဲ့နေရာများကို အများပြည်သူသိရှိအောင် ပြုလုပ်ပေးထားပါတယ် ၊ သူတို့ ဆီက လူနာတွေ အတွက် လိုအပ်ရင် သက်ဆိုင်ရာ အဆိပ်ပညာ(Toxicology ) ဌာန များမှာ စုံစမ်း မေးမြန်းပြီးလည်း အကူအညီ ရယူနိုင်ကြပါတယ် ။


မြန်မာပြည်သားများနှင့် တောင်သူလယ်သမားများ မြွေဆိုးအန္တရာယ် မှ ကင်းဝေး နိုင်ကြပါစေ ။








ဒီမြွေကြီးက အဆိပ်အပြင်းဆုံး နဲ့  ကြောက်စရာ အကောင်းဆုံးပါဘဲ ... ရှောင်လေဝေးဝေး ဒီမြွေဟောက်ပွေး....


အချက်အလက်များကို ဒီနေရာမှ မှီငြမ်းပြီး ပုံများကို ဂူဂယ်အကူအညီနဲ့ရယူထားပါတယ် ။

13 comments:

မငုံ,  Monday, November 16, 2009 4:19:00 AM  

ညကြီးမင်းကြီး မြွေအကြောင်း ဖတ်ပြီး မြွေတွေကြည့်ပြီး ပြန်သွားပြီ။ လမ်းမှာ မြွေကိုက်မှာစိုးတယ်။ :)) ဘွားရေ လည်ရှည်ဖိနပ်လေး ခဏငှား။ မြွေကိုက်ခံရချင်းချင်း ဘာလုပ်ပေးရမယ်ဆိုတာ အသေအချာမှတ်သွားတယ်။

နှင်းနဲ့မာယာ Monday, November 16, 2009 4:35:00 AM  

မီးမီး ကြောက်ကြောက်...
ကိရဲ့ မြွေတွေက အသည်းယားစရာကြီး ...

နှင်း

thawzin Monday, November 16, 2009 4:42:00 AM  

ကျွန်တော်လဲ တောင်သူလယ်သမား သားသမီးပါ။ ကျွန်တော့် အမေဘက် အဘိုးနဲ့ အဘွားနှစ်ယောက်လုံး မြွေကိုက်လို့ ဆုံးကြတာပဲ။ မြွေဆို သေးသေးကြီးကြီး ကြောက်တယ်။ အခုလဲ ကြောက်တာပဲ။ ကိုင်တောင်မကြည့်ရဲဘူး။ ရွာမှာ သရက်သီးကောက်သင်းကောက်တုန်းက မြွေဟောက်တစ်ကောင်တော့ မြင်ဖူးတယ်။ သရက်ပင်မော့နေတော့ အောက်ကို သူငယ်ချင်းက မမြင်ဘူး။ အဲဒါ လှမ်းပြောရတယ်။ လူသံကြားတော့ မြွေဟောက်က ကပြဉ်းထလာတယ်။ လိုက်တာ ခေါင်းပြားကြီးနဲ့၊ နှစ်ကောင်သား ပြေးရတာ ။ ပြီးမှ ပြန်သွားပြီး လေးခွနဲ့ ပြန်ထုတာ။ မြွေဟောက်က လေးခွခဲပါရှောင်တာဗျာ။ ရှောင်တတ်တယ် မမှန်ဘူး။ လက်မတည့်တာလဲပါတာပေါ့။ နောက်ဆုံး ထယ်ရေးခဲတွေထဲ ၀ိုင်းထုမှ ပြားသွားတော့တယ်။ မြွေပွေးကတော့ အသေပဲမြင်ဖူးတယ်။ အညာဒေသက မြွေတအားပေါတာ။ ကျွန်တော်ပဲ မမြင်ဖူးတာ။ မြင်ဖူးပြန်တော့လဲ လက်မောင်းတုတ်တယ်။ ရေဒိုက်တွေထဲ ပါလာတာတဲ့ ။ ၀ိုင်းကင်လိုက်တယ် မသာပေါ်သွားတာပဲ မြင်လိုက်ရတယ်။ အစ်မပြောတဲ့ အဲဒီ ရှေးဟောင်းကုနည်းပဲ သုံးနေကြမှာ သေချာတယ်။ ကျွန်တော်တို့ရွာဆို မြွေကိုက်ရင် (ပိုးထိတယ်လို့ပြောကြတယ်) ။ မြွေကိုက်တယ်မပြောဘူး။ ပိုးထိတယ်လို့ ကြားလိုက်ရော သေသွားတာ များပါတယ်။ ရွာဆို ဆေးခန်းတောင်မရှိဘူး။ ရမ်းကုတွေတော့ ရှိတယ်။ ဆရာဝန်တစ်ယောက် ရောက်လာသေးတယ် ပြန်ပြေးတာပဲ။ ရွာက အကြွေးကုတော့ သူလဲ ဘယ်တတ်နိုင်မလဲ ပြန်ပြေးပြီးပေါ့ဗျာ။

ခြေလှမ်းသစ် Monday, November 16, 2009 6:56:00 AM  

မကီရေ ဖော်ပြသွားမြွေတွေအားလုံးထဲမှာ အောက်ဆုံးက အာဆီယံကို ပတ်ထားတဲ့ မြွေက ကြောက်ဖို့ အကောင်းဆုံးပဲဗျ

ရွှေရတုမှတ်တမ်း Monday, November 16, 2009 7:55:00 AM  

ဘဘကျောက်တော့..U S citizen ပြောင်းပေမဲ့ ခလောက်တော့မရှိဘူး..ခပ်ဆင်ဆင်တော့ ရှိသလိုပဲ

rose of sharon Monday, November 16, 2009 11:03:00 AM  

မြွေကြောက်တယ်တော့...ပုံတွေကျော်ကြည့်သွားတယ်... မကြည့်ရဲလို့

ahphyulay Monday, November 16, 2009 11:50:00 AM  

မမကီရေ့ ...
ဖတ်ရင်းနဲ့  ခေါင်းနှစ်လုံးနဲ့  မြွေကြီးက ကျွန်တော့်  ခြေ
ထောက်ကြားထဲ ကြောင်တစ်ကောင် တိုးခွေ့ ဝင်လာသလို ခံစား
လိုက်ရတယ်။ ဗဟုသုတ အလွန်များတဲ့  စာတစ်ပုဒ်ပါလို့ ။
ဗမာပြည်က ဗမာပြည်သူတွေ ဖတ်လိုက်ရရင် ပိုအကျိုးရှိနိုင်တယ်
လို့ ထင်ပါတယ်နော်....။

Waing Monday, November 16, 2009 1:13:00 PM  

အားလုံးအတွက် အသိပညာပေးပို့စ်လေးပါ
ကျေးဇူးပါ

လသာည Monday, November 16, 2009 4:47:00 PM  

ဒီပို့စ်လည်း ဗဟုသုတအရမ်းရတာပဲ..။ နှံနှံစပ်စပ် အသေးစိတ်ရေးပေးတာ ကျေးဇူးနော်..။

သိင်္ဂါကျော် Monday, November 16, 2009 10:45:00 PM  

တို့တော့ မြွေမကြောက်ပါဘူး..။ ပုံထဲက မြွေတွေက လှပါတယ်။
ဗဟုသုတတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူး..။

Yu Ya Monday, November 16, 2009 10:48:00 PM  

အောင်မလေးဗျာ.. ဖွားကိတစ်ယောက် မြွေအလာယ်မယ် ဆရာမ လုပ်မလားအောက်မေ့ရတယ်.. အဟီး။

ဗဟုသုတတွေ အများကြီး ရသွားတယ် ဖွားကိရေ..
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

yu ya

သုဒြေ္န,  Tuesday, November 17, 2009 1:04:00 AM  

မကိ ကိန်းဂဏန်းတွေအကြောင်း စပြောမယ် အရာရာမှာ ကိန်းဂဏန်း တန်ဖိုးတွေကြီးနေတာ ကုန်ဈေးနှုန်းတွေ လောင်စာဆီတွေ အ၀တ် အထည်တွေ စားသောက်ကုန်တွေ အသုံးဆောင်တွေ စီးနေတဲ့ ကားတွေ ငွေကြေးတွေ နောက်ဆုံး (ဘတ်စ်ကားခတွေ) နေ့ စဉ်ကုန်ကျရတဲ့  မိသားစုအိမ်စား၇ိပ်တွေ အားလုံးလဲသိပြီးဖြစ်မှာပါ ကျနော်ကတော့  မြွေဆိပ်ဖြေဆေးလုံလုံလောက်လောက်ရှိစေချင်သလို ကိန်းဂဏန်းတွေလဲလျှောံ့သွားစေချင်တာပါဘဲဗျာ ခင်တဲ့ ဘော်ဘော်င်္ကြီ်း သုဒြေ္န

Ðaywalker[Soul] Tuesday, November 17, 2009 8:22:00 AM  

လာဖတ်ပါတယ်ဗျာ

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP