အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 17, 2009

ဒေါသအမှား နဲ့  အသက်တချောင်း..

ဒီမနက် စောစောစီးစီး ၊စိတ်မကောင်းစရာသတင်းတခု ထပ်ကြားလိုက်ရတယ် ။ ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မယ် မပျက်ဖူး အငြင်းပွား နေကြတဲ့ လူတွေ ၊ လူတွေ ။ ဒီလူတွေထဲက တချို့  တချို့ သောလူတွေ မှာ ဘာလို့ များ လူစိတ်ပျောက်ပြီး လူ့ ကျင့်ဝတ္တရားတွေ ပျက်စီးနေကြတာလည်း ။ ကမ္ဘာပျက် မှာ နဲ့ စာရင် လူတွေ ပျက်နေကြတာ ပိုပြီး ကြောက်စရာ ကောင်းလှပါတယ် ။ ဆုပ်ကပ်ကြီးထဲ ရောက်နေပြီဆိုလို့  ဒီလို လူတွေ ပျက်တာများလာရင်း နဲ့ပဲ ကမ္ဘာကြီး ပျက်ဖို့  ဖြစ်နေပြီလား မသိ ပါ ။ လူစိတ်ပျောက်နေတဲ့ လူတွေ အကြောင်း ထဲက အဖြစ်မှန်လေးတခု က ဒီလို ...


အပြစ်မဲ့တဲ့  ကလေးငယ်လေး တဦး ၊ အသက် ၄ နှစ်သာရှိသေးတဲ့ သမီးလေး နာမည်က Wan Ye တဲ့ ၊ ကံဆိုးတာကတော့ မွေးကတည်းကလို့  ဆိုရမယ် ။သူ့  အဖေနဲ့ သူ့ အမေက တရားဝင် အိမ်ထောင်မပြုပဲ သူ့ ကို မွေးဖွားလာခဲ့ တယ်။ တာဝန်မဲ့ အဖေက ကလေး နဲ့ ကလေးအမေကို လုပ်မကျွေးရုံတင်မက အမြဲ လို ရိုက်နှက် နှိပ်စက်ခဲ့တယ် ။ ဒီလိုနဲ့  ထိုင်ဝမ် နိုင်ငံရဲ့  အလယ်ပိုင်းဒေသမှာ ဆင်းရဲ ချို့ တဲ့ စွာ နေခဲ့ရတာ ၄ နှစ်နီးပါး ။ သေချင်တဲ့ကျား တောပြောင်းဆို တာ ဒါမျိုး နဲ့ တူပါရဲ့ ။ ပြီးခဲ့တဲ့ လ ၁ ရက်နေ့ မှာ သူ့  မွေးသမိခင် က ခေါ်ဆောင်လာလို့  ထိုင်ပေ မှာ သားအမိ နှစ်ယောက် ရောက်လာခဲ့တယ် ။မြို့ တက်ပြီး အလုပ်လာရှာတဲ့ သူ့ အမေ က ခုမှ ၂၁ နှစ်သာ ရှိသေးတယ် ။
ပညာ အရည်အချင်း နဲ့ ကလည်း အလုပ်ကောင်းကောင်းတခု ရနိုင်လောက်အောင် မပြည့်တော့ ရတလှည့်  မရတလှည့် အတည်တကျ မရှိတဲ့ ကျဘမ်းအလုပ်ပဲ လုပ်ရတယ် ။ နေစရာ မရှိလို့ အမျိုးအိမ် ကပ်နေရတယ် ။ အမျိုးကလည်း အရင်းပါ ။ အမေ့ရဲ့ ညီအမတဝမ်းကွဲ ဆိုတော့ သူ့ အဒေါ်တွေ နဲ့ပေါ့ ။ အဒေါ် ၃ယောက် ၊ ပြီးတော့ ဒီအဒေါ်တွေ ရဲ့ယောကျာင်္း တွေနဲ့  ဆိုတော့ အိမ်မှာ လူပေါင်း ၈ ယောက် ၊ အတူတူနေကြတယ် တဲ့  ။


(ပုံထဲ မှာ လက်ထောင်ပြပြီး Yeah လို့ တောင် လုပ်နေနိုင်သေးတယ် ၊ သမီးရင်းတယောက်လုံး အရိုက်ခံရလို့ သေပြီးတာတောင် ၊ဘာမှ ခံစားချက်မရှိသလို မျက်နှာပေး နဲ့ လေ ။ အံ့  ဘွယ် အမေ ပါလား )

၂၀၀၉ခု နိုဝင်ဘာလ ၁၂ ရက်နေ့ ။ သမီးလေး က ၄ နှစ်သာ ရှိသေးတဲ့ ကလေးဆိုတော့လည်း ကလေးတို့  ဘာဝ ဆော့တယ် ၊ ကစားတယ် ။ အလိုမကျရင် အော်တယ် ၊ ငိုတယ်ပေါ့ လေ ။ အဲ့ဒီနေ့ က အသက် ၃၀ နှစ်ရှိတဲ့ ကြီးဒေါ်ကြီးက ဘာတွေများ စိတ်အလိုမကျ ဖြစ်တယ် မသိ ။ ကလေး က သူ့ အနားလာအော် လာငို နေတာ ကို နားညီး လို့ တဲ့ လေ ။ ကလေး ကို ဘယ်တပြန် ညာတပြန် ရိုက်ပါလေရော ။ အမေကိုယ်တိုင်ကလည်း ဘာမှ ဝင်မပြောတဲ့ အပြင် ကလေးကို ထပ်ရိုက်သေးတယ် ။ဒီလိုနဲ့  ညကျတော့ ကလေးက နေလို့မကောင်းတော့ အီတာပေါ့။ခေါင်းမူးတယ် လို့ တော့ အမေကို ပြော ရှာသား ။ အမေက အိပ်ခိုင်းတော့ နေမကောင်းတဲ့ ကလေးလည်း အိပ်လိုက်တာ .. မနိုးသော အိပ်ခြင်းနဲ့ပါ ။ မနက်ကျမှ အမေက သတိထားမိချိန်မှာ ကလေးတကိုယ်လုံး မဲပြာ နေပြီ ။ ကြောက်အားလန့် အားနဲ့ စမ်းကြည့်တော့ မှ အသက် မရှိတော့မှန်းသိတယ် ။ ဒီလိုနဲ့ ကျန်တဲ့ အဒေါ် ၃ ယောက်ကို မေးတော့ ၊သူတို့ ကို အမှု ပါတ်မစိုးလို့ ကလေးကို ဆေးရုံကို မပို့ ပဲ အိမ်မှာပဲ ထားဖို့  သဘောတူကြတယ် ၊ကလေးအလောင်းကို ပုတ်မှာစိုးလို့ စောင်နဲ့ပတ် ၊ ရေခဲတုံးတွေ အုပ် ပြီး ပန်ကာ လေ နဲ့ အေးစေတယ် ။

၎ရက် ကြာသွားတော့ အပုပ်နံ့ က တဖြေးဖြေးထွက်လာတာပေါ့ ။ဒီတော့မှ ကြံရာမရ ။ အင်တာနက်မှ နေပြီး မေးတယ် ။အသိတယောက်ရဲ့  ကလေး၊ အိမ်မှာဆုံးသွားလို့  ဘယ်လိုစီမံရမလည်းပေါ့ လေ ။ လေလှိုင်းကြားမှ အကြံဥာဏ်ပေးတဲ့ သူတွေကလည်း ပေးကြတဲ့ အကြံကောင်းတွေ အရ ၊ မီးသဂြိုလ် ဖို့  အတွက် နာရေး အသင်းကို ဆက်သွယ်တော့မှ အသင်းကလူတွေ သိပြီး ရဲကိုအကြောင်းကြား ။ ဒီလို နဲ့ အမှုပေါ်ရော ။ လူသတ်သမား အဒေါ် နဲ့  အမေ ကိုတော့ မနေ့ က ညတွင်းချင်း ပဲ လက်ထိပ်ခတ်ပြီး ရဲစခန်းမှာ ချုပ်ထားလိုက်ပါတယ် ။တအိမ်ထဲနေတဲ့ ကျန်တဲ့ သူတွေ အားလုံးလည်း ရာဇဝတ်မှု ထိန်ချိန်မှု နဲ့ တရားစွဲခံရမယ်ပေါ့။

နောက်ဆက်တွဲ သတင်းကတော့ ...ဒီသမီးလေးဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက မိခင်ရင်းဖြစ်သူနဲ့ အဒေါ် ၂ယောက်တို့ ရဲ့ နှိပ်စက်ခြင်းကို ခံနေခဲ့ရတာပါ တဲ့ ၊အိမ်နီးချင်း အမျိုးသမီးတယောက်က ဒီအကြောင်းတွေ သိလို့ ရဲဆီ သတင်းပေး တိုင်တန်းတော့ ရဲ ကလာပြီး စစ်ဆေးခဲ့ပါသေးတယ် ။ အဲ့ဒီ ရဲ ပြန်သွားတဲ့ ညမှာတော့ သမီးလေးဟာ တညလုံး ကြိုးတုပ်ပြီး အရိုက်ခံ ခဲ့ရသေးတာတဲ့ လေ။

လူတွေ လူတွေ ဘာမဟုတ်တဲ့ အကြောင်းလေး အတွက် ဒေါသရှေ့ ထားပြီး မှားတတ်ကြတယ် ။ ကိုယ့်ကလေး တောင်ကိုယ် စိတ်မရှည် ဆိုတော့ ဘာကြောင့်များ မွေးထားကြတာလည်း ။ ဘာသာတရား အထိန်းအကွပ် မရှိတဲ့သူတွေ အတွက် မှန်ကန်စွာ ရှေ့ နောက် စဉ်းစားတတ်တဲ့  အတွေးအခေါ် တွေလည်း မရှိကြရှာလို့ နဲ့ တူပါတယ် ။ ဒါ့အပြင် ငွေကြေး စီးပွား မပြေလည်သူတွေ အဖို့  စိတ်ဖိစီး မှု ဒါဏ်ကို ခံစားရတဲ့ ပြဿနာတွေကြောင့်လည်း ဒီလို မဖြစ်သင့်တာ တွေ ဖြစ်ကြရတယ် ။ လူဆန်တဲ့ အတွေးအခေါ်တွေက ပညာ တတ်တယ် ၊မတတ်ဖူးဆိုတာ နဲ့ တော့ သိပ်မဆိုင်ဘူး ပဲပြောရမလား ။ပညာ တဖက်ကမ်းခတ်အောင်တတ်ကျွမ်းတဲ့ စိတ္တဇ လူသတ်သမား၊ အကြမ်းဖက်သမားတွေ ရှိသလို ၊ အတန်းပညာ ဟုတ်တိပတ်တိ မတတ်သော်ငြားလည်း အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေ အနေနဲ့ ရပ်တည်နေနိုင် တဲ့သူတွေ၊ အများအကျိုးသယ်ပိုး နေသူတွေ အများကြီး ရှိပါတယ် ။ ဒီတော့ ပညာ တတ်ခြင်း နဲ့ လူဆန်တယ် ၊ မဆန်ဘူးဆိုတာ အနည်း အကျဉ်း လောက်ပဲ ဆိုင်ပါလိမ့်မယ် ။ အကျင့်  စာရိတ္တ ပျက်ပြီဆိုရင်တော့ ပြန်ပြင်ဖို့ ရာ အတော်လေးခက်ခဲပါလိမ့်မယ် ။ လူမှန်ရင် လူသား ဆန်တဲ့ လူလို ကျင့်ကြံ နေထိုင် နိုင်ကြဖို့  လိုအပ်ပါတယ် ။
အပြစ်မဲ့ ကလေးငယ်များ အပေါ် မတရား နှိပ်စက်ညှင်းပန်းခြင်းများ ကွယ်ပျောက်ပါစေ။


25 comments:

အနမ်း Tuesday, November 17, 2009 3:02:00 PM  

ဒေါသတရားကကြောက်စရာဘယ်လောက်ကောင်းလဲဆို တာဒီအဖြစ်မှန်လေးက ထောက်ပြတာပဲလေ။ လူတွေပေမယ့်ဒေါသထွက်လို့ အမိုက်မှောင်ကျပြီဆိုရင် ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမ ဆိုတာတွေတောင်မမြင်နိုင်ကြတော့ဘူးဆိုတာ လက်တွေ့ ပဲမဟုတ်လား အမ။ စိတ်မရှည်ခြင်းဟာ သည်းမခံတတ်ခြင်းပါပဲ၊ အဲဒီအကြောင်းကြောင့် ဒေါသဆိုတဲ့အကျိုးတရားပေါ်လာပြီး အကျိုးဆက်ရလဒ် ကတော့မကောင်းကြတော့ပါဘူး။
ဒေါသတရားကင်းဝေးနိုင်ကြပါစေ။ တတ်နိုင်သမျှဒေါသ နည်းကြပါစေလို့ .....

ahphyulay Tuesday, November 17, 2009 3:40:00 PM  

ပြောချင်တာ ရုပ်တရားတွေသာ ထွန်းကားလွန်းတဲ့  ဒီလို
တိုင်းပြည်မျိုးမှာ ဒါမျိုးတွေလိုပဲ၊မထင်မှတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်
နေတတ်တယ်လို့ ထင်ပါတယ်။ အင်း ဘယ်လောက်ပဲ မပြေလည်
လွန်းပေမဲ့  ဒါမျိုးတွေတော့  မဖြစ်သင့် ကြောင်းပါ..လို့ ။

ဂျပန်ကောင်လေး Tuesday, November 17, 2009 3:50:00 PM  

စိတ်မကောင်းစရာပဲ...း(

မငုံ,  Tuesday, November 17, 2009 4:27:00 PM  

ဖတ်ပြီ စိတ်မကောင်းဖြစ်ရတယ်။ မိခင်စိတ်ကို တစက်မှ မရှိတာပဲ။ ရဲဖမ်းတာတောင် ဓာတ်ပုံရိုက်တော့ လုပ်နေတဲ့ဟန်ကိုက တကယ် ဒေါသထွက်တယ်။

တောင်ပေါ်သား Tuesday, November 17, 2009 4:52:00 PM  

မကြီးရေ ကလေးငယ်လေးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အဓိက တရားခံက မိဘပဲလို့ ကျနော်ကတော့ မြင်တယ်။ ငယ်ရွယ်ပြီး အသိတရား၊ပညာတွေ မကြွယ်ဝခင်မှာ အိမ်ထောင်ကျသွားတော့ အဖက်ဖက်က ရုန်းကန်ရတယ် ကလေးကို သေချာမပြုစုနိုင်ဘူး ကြားထဲက ကလေးငယ်လေးက မြေဇာပင် ဖြစ်ရရှာတယ်ဗျာ.. လူတွေ စိတ်ဓါတ်တွေ ပြောင်းလဲလာတာ ၂၀၁၂ မပြောနဲ့ နောက်နှစ်ဆို ပိုသိသာလာပါလိမ့်မယ် တဖြေးဖြေး ဆုတ်ယုတ်လာတာတော့ အမှန်ပဲအမရေ.. စိတ်ဓါတ်တွေ ပြင်ပြီး နောင်တတရားတွေများ ရကြမယ်ဆို...


လေးစားလျက်
တောင်ပေါ်သား

အဖြူရောင်နတ်သမီး Tuesday, November 17, 2009 5:54:00 PM  

ကျမကြားဖူးတဲ့ “မိဘမေတ္တာ”
ဘယ်လောက်ကြီးမားသလဲဆိုရင် မြမိုရ်တောင်နဲ့တောင်နှိုင်းရသတဲ့....
အခုလိုသာဆိုရင်တော့...ဟူး....
စိတ်ပျက်ဖို့တော်တော်လေးကောင်းနေပြီ....
လူမဆန်လိုက်ကြတာ...

peter kyaw Tuesday, November 17, 2009 6:16:00 PM  

စိတ်မကောင်းစရာပါပဲဗျာ...
လောဘ၊ဒေါသ၊မောဟ တဲ့ သုံးမျိုးသောစကားလုံးတွေနဲ့ 
တင် ကမ္ဘာပေါ်မှာဖြစ်ပျက်နေတာတွေရဲ့ အဖြေကိုရှာလို့ 
ရတယ်....

လသာည Tuesday, November 17, 2009 8:28:00 PM  

ပြောမပြတတ်လောက်အောင် စိတ်မကောင်းစရာကောင်းလိုက်တာ ကိရယ်။ အဲလိုနေရာလိုမျိုးမှာ လူမဖြစ်ခဲ့တာ တို့ဘ၀တွေ အရမ်းကံကောင်းတယ်။

busymozzee Tuesday, November 17, 2009 9:32:00 PM  

ရက်စက်လိုက်ကြတာ... အဲလိုသတင်းမျိုးတွေ မကြားနိုင်ဘူး...ဟူး..ဟူး....

thawzin Tuesday, November 17, 2009 11:33:00 PM  

ကျွန်တော်လဲ လာဖတ်ပါတယ်။ ကလေးကို သတ်သလိုဖြစ်သွားကြတာပဲနော့။ ကဲ့ကြည့် အစ်မကိကြောင့် အားလုံးစိတ်မကောင်းစရာဖြစ်ကုန်ပြီး။
စတာနော်။
စိတ်မကောင်းစရာတွေ အဲဒီထက်အများကြီး ရှိပါသေးတယ်ဗျာ။ စိတ်က မကောင်းစရာတွေဖြစ်နေတာကို၊ မိဘတွေထက် ယုံကြည် အားကိုးစရာဆိုတာ မိမိရဲ့ စိတ်ကောင်းလေးပါတဲ့။ စိတ်မကောင်း မဖြစ်နဲ့ပေါ့။ စိတ်ကောင်းဖြစ်အောင် နေပေါ့။ ထခုန်က နေရမယ်ပြောတာမဟုတ်ဘူးနော်။ ၁လှံပြရင် ယုဇနာကျော် မြင်တတ်ပါစေဗျာ။

မဆုမွန် Tuesday, November 17, 2009 11:59:00 PM  

တောက်...............တယ်.. ဟူးး

Ðaywalker[Soul] Wednesday, November 18, 2009 1:04:00 AM  

လာဖတ်ပါတယ်ဗျာ

နေစစ်သူ Wednesday, November 18, 2009 1:45:00 AM  

စိတ်မကောင်း စရာပါပဲ !!
ဒီလို မိဘမျိုးကတော့ ရှားပါတယ် ။ ဘာသာတရားမှာ အဆုံးအမ ဆိုတာ ၇ှိပါတယ် ။ လူတစ်ယောက်ရဲ့ ကြမ်းတမ်းနေတဲ့ စိတ် ၊ မာကြောနေတဲ့ အတွေးတွေကို ပြောင်းလဲ ပေးနိုင်တာ တရားပဲ ရှိပါတယ် ။ ဒီလို လုပ်တဲ့သူတွေဟာလည်း တရားမရှိခဲ့လို့ ဘာသာရေးအသိတွေ နည်းပါးခဲ့မှု့ကြောင့်ပဲဖြစ်တယ်....။ ခေတ်ပညာ ဘယ်လောက်ပဲတတ်တတ် ဘာသာရေး အသိပညာ မရှိရင် အဲ့ဒီလူဟာ ပဲ့ကိုင်မရှိတဲ့လှေတစ်စင်းလိုပါပဲ ။ သွားတာတော့ သွားနေမှာပဲ ဒါပေမယ့် လိုရာ မရောက်နိုင်ပါဘူး ။ ဘာပဲ ဖြစ်ဖြစ်လောကမှာ အကောင်းဆုံးနေထိုင် သွားချင်တယ်ဆိုရင်တော့ ဘာသာရေးအဆုံးအမ အတိုင်းနေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ ။ အမှးနဲ့ အမှန် ၊ အဆိုးနဲ့ အကောင်းကို ခွဲခြားသိမြင်နိုင်ပါလိမ့် ။

နှင်းနဲ့မာယာ Wednesday, November 18, 2009 5:41:00 AM  

လူမဆန်တဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်လာတဲ့
ကလေးလေး ကံဆိုးတယ်...
ကလေးကို အရမ်းသနားမိတယ်...
သူ့ရဲ့ အတိတ်ကံ ဝဋ်ကြွေးတွေ မြန်မြန်ကြေပါစေ...

နှင်း

Anonymous,  Wednesday, November 18, 2009 6:12:00 AM  

လူမဆန်တဲ့သူတွေကြားထဲ လူဖြစ်လာရလို့ ပါ
လူမဆန်တဲ့ လူတွေ ပတ်ဝန်းကျင်များ လာလေလေ
ဒီလိုအဖြစ်ဆိုးတွေ တွေ့ရလေလေပဲနေမှာပါ ဒါက သတင်းလွတ်လပ်ခွင့် ရှိတဲ့နေရာမို့ လူမဆန်မှု တခုကို သိလိုက်ရတာ. လူမဆန်တဲ့သူတွေ အုပ်ချူပ်တဲ့ သတင်းလွတ်လပ်ခွင့် မရှိတဲ့ တိုင်းပြည်က အဖြစ်တွေဆို အများကြီးပဲ နေမှာ.
စိတ်မကောင်းစရာပါပဲ.
ကိုယ်တိုင်လူပိုဆန်အောင် နေဖို့ သင်ခန်းစာရပါတယ်
နောက်လည်း ဝေမျှပါဦး

Waing Wednesday, November 18, 2009 11:07:00 AM  

လောကကြီးမှာ ဒီလို မိဘမျိုးနဲ့ ဆွေမျိုးတွေလည်း ရှိသေးတယ်နော် အပြစ်မဲ့တဲ့ ကလေးဘ၀ကတော့ သက်သက်မဲ့ အသက် စတေးသွားရတာပဲ ဖတ်ရတာ တကယ် စိတ်မကောင်းပါဘူး

မိုးခါး Wednesday, November 18, 2009 11:13:00 AM  

စိတ်မကောင်းစရာပဲ မမကိရယ်
ကလေးလည်း သနားစရာကောင်းလိုက်တာ
သူ့မှာရှိနေတဲ့ ၀ဋ်ကြွေးတွေ အမြန်ကျေပါစေ ..း(

ပိုးဟပ်လေး Wednesday, November 18, 2009 1:53:00 PM  

ကလေးခမျာ သနားစရာ
ဘယ်လို မိဘတွေလည်းမသိဘူးနော်
တိရိစ္ဆာန် လောက်တောင် သားသမီးကို ဂရုမစိုက်ကြဘူး
အဓိက တရားခံက ဟိုလူမဆန် တဲ့အကောင်ကြောင့်ဖြစ်ရတာ
ကလေးကလည်း ကံမကောင်းရှာပါဘူး
သြော် ဒေါ်ခ ဒေါ်ခ

မမသီရိ Wednesday, November 18, 2009 2:16:00 PM  

OH.... Soo Sad...!

I feel very bad, Ki.

မမသီရိ Wednesday, November 18, 2009 2:18:00 PM  

OH.... Soo Sad...!

I feel very bad, Ki.

မြစ်ကျိုးအင်း Wednesday, November 18, 2009 10:14:00 PM  

မကီရေ ဒီနိင်မှာတော့ သားသမီးတွေကလည်း မိဘကို ရိုသေလေးစားမှု မရှိသလို မိဘတွေထဲမှာလည်း ဒီလို ဆိုးရွားတဲ့သူတွေ ပါနေတာပဲ။။။

တကယ်တော့ ကျနော်တို့ နိင်ငံက လူတန်းစေ့မနေနိင် တာကလွဲရင် အများကြီး နေလို့ကောင်းတာပါပဲ

သိင်္ဂါကျော် Wednesday, November 18, 2009 11:32:00 PM  

အမေလုပ်သူက အသက်ကလည်း ငယ် အသိဥာဏ်ကလည်း မရှိဆိုတော့ ဒီလိုဖြစ်တာပေါ့လေ...
တစ်မိသားစုလုံးကလည်း ပုံမှန်စိတ်ကို မဟုတ်ကြဘူး ထင်တာပဲနော်။

ဖိုးစိန် Thursday, November 19, 2009 4:36:00 AM  

သတ္တဝါ တစ်ခု ကံတစ်ခုပါပဲလေ..

မွေးကတည်းက သေဖို့ဖြစ်လာတဲ့ ကလေးကံ

ခုဘဝလေးနဲ့တင်ဝဋ်ကျွတ်သွားတာကောင်းပါတယ်..


စိတ်မကောင်းပါဘူး..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Anonymous,  Thursday, November 19, 2009 6:55:00 AM  

I came and read when u posted new .
I want to give comment some post in Myanmar but I cannot.

:(

almost your posts are very valuable.


moemingyi

Nge Naing Thursday, November 19, 2009 9:50:00 PM  

ဘာပြောရမှန်းတောင် မသိဘူး သားသမီးကို ဒီလိုလုပ်တဲ့ မိခင်ဆိုတာလည်း ရှိသေးတယ်နော့်။ လူစိတ်မပြောနဲ့ တိရိစ္ဆာန်စိတ်တောင် မရှိတဲ့သူတွေလို့ ပြောလို့ရပါတယ်။

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP