အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 25, 2009

ဖြစ်ရလေတယ် ဘုန်းဘုန်းရယ် ။

Monk opens plane's emergency exit for fresh air



အိန္ဒိယ နိုင်ငံ မှ မြန်မာ ပြည်ကို ပြန်ကြွ လာမဲ့ ဘုန်းဘုန်းတပါး ၊လေယာဉ်မတက်မီ စောင့်နေတုံး လေယာဉ်ထဲမှာ အသက်ရှုရတာ လေကောင်းလေသန့် မရ လို့  ပြူတင်းပေါက်တံခါးဆွဲဖွင့် မိတဲ့ အတွက် ပြသနာ တက်သွားရတဲ့ အဖြစ်လေး က ငိုအားထက်ရယ်အားသန်တယ် ဆိုရ မလား ။ ရွှေပြည်သား တို့  စီးလေ့စီးကျင့် သိပ်မရှိတဲ့ လေယာဉ် မို့ လို့  ဗဟုသုတ နည်းတယ်လို့ပဲ ဆိုရလေ မလား ။ သတင်း တပုဒ်တော့ ဖြစ်သွားရပါတယ် ။ ဒီလ ၂၄ ရက်နေ့ ထုတ် ဟိန္ဒူ သတင်းစာ တခုမှာ ဖေါ်ပြထားခဲ့ တဲ့ သတင်းလေး ပါ ။




ဒီလိုလေ ။ ၂၀၀၉ ခု နိုဝင်ဘာ ၂၃ ရက် နေ့ ၊ နံနက် ပိုင်း ၊ Kolkata လေဆိပ်မှာ မြန်မာပြည်ကို ဦးတည် ပြန်မဲ့ Air India's flight IC-727 လေယာဉ် ပေါ်မှာ ၊ မြန်မာပြည်သား သက်တော် ၄၅ နှစ်ရှိတဲ့ ဘုန်းဘုန်းတပါး( ဥူးဝါဇသံဃာ) လည်း စီးနင်းကြွရောက်ဖို့  စောင့်ဆိုင်းနေခဲ့တယ် ။ ဒါဟာ သူ့ အတွက် ဒုတိယ အကြိမ်မြောက် လေယာဉ်စီးခြင်း ဖြစ်ပါလိမ့်မယ် ။ ( ရန်ကုန် အပြန်ခရီး ဆိုတော့လေ ) ။ သူနဲ့ အတူ တခြား ခရီးသည် ၁၃၅ ယောက်လည်း ရှိနေကြတယ် ။ လေယာဉ်က ထွက်ဖို့  ပြေးလမ်းပေါ် စပြေးနေ တဲ့အချိန် ၊ လေယာဉ်ထဲ မှာ မွန်းကြပ်နေတဲ့ ဒါဏ်ကို သူ ဆက်ပြီး သည်းခံတော် မမူနိုင်တော့ လို့  လေယာဉ်မှာ ပြထားတဲ့ အန္တရာယ်ကင်း လက်စွဲ စာအုပ်လေးကို ကြည့်ရှူ အပြီးမှာ ဆုံးဖြတ်ချက် တခုချလိုက်ပါတယ် ။ ဒါကြောင့် သူ့ ဘေးမှာ ရှိတဲ့ ပြူတင်းပေါက်ကို ဆွဲ ဖွင့်လိုက်ပါသတဲ့ ။ ဖွင့် မိသွားတာ ကတော့ အရေးပေါ်ထွက်ပေါက် ( emergency exit ) ။
အကျိုးရလာဒ်ကတော့ အဲ့ ဒီလေယာဉ်ကြီး ဟာ စစ်ဆေးရေးတွေ ပြန်လုပ်နေရလို့  သတ်မှတ်ချိန်အတိုင်း ဆက်မပျံ နိုင်တော့ဘဲ ၊ အချိန် ၇ နာရီ မျှ နောက်ကျ သွားခဲ့ ရပါတယ် ။
အဲဒီအတွက်ကြောင့် လေကြောင်းကုမ္ပဏီ မှ အဆိုပါ ဘုန်းဘုန်းကို မည်သို့  မည်ပုံ အရေးယူခဲ့သလည်းကိုတော့ သတင်းထဲမှာ ဖေါ်ပြမထားပါဘူး ။ အင်္ဂလိပ်လို သိပ်မတတ် တာ ကပဲ သူ့ အတွက် ခပ်ကောင်းကောင်းဖြစ်သွားရတယ် ထင်ပါတယ် ။
တော်သေးတာပေါ့ ၊ ကံကြီးပေလို့  ပေါ့ ဘုန်းဘုန်းရယ် ။ ဝေဟင်ထဲမှာ လေယာဉ်ပျံဝဲ နေတဲ့ အချိန်မှာ သာ ပြင်ပလေကောင်း လေသန့်  ရှုချင်လို့  များ အဲ့ဒီ ခလုပ်ကြီး သွားဆွဲချ မိမှ ဖြင့် မတွေးဝံ့ စရာ ပါဘဲ လို့  ။



ဒါကြောင့် နိုင်ငံတိုင်းမှာ၊ ဒီလို အများပြည်သူသုံး ခရီးသွား ယာဉ်တွေ နဲ့  ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေများ ( Fines & Penalties ) တွေ ရှိကြတာ ကို သတိပြုကြစေလိုပါတယ် ။
ဒီနိုင်ငံရဲ့  သတ်မှတ်ချက်များကို လက်လှမ်းမှီသလောက် ပြောပြရရင် MRT (Mass Rapid Transit ) မှ ပြစ်ဒါဏ် တချို့  က ဒီလို ရှိပါတယ် ။လေယာဉ်နဲ့ပတ်သက်ပြီး ပြစ်ဒါဏ်တွေ ကိုတော့ သေချာ မသိ၍ မဖေါ်ပြပေးနိုင်ပါ ။



(၁) MRT ပေါ်မှာ အစားအသောက် (ဆေးလိပ်၊ ကွမ်း ၊ အအေး၊ အပူ ၊ စားစရာ မျိုးစုံ ၊ ပီကေ စသဖြင့်) စားသောက်ပါက NTD$1500 ~ NTD$ 7500 ( US$ 45 ~ 220) မျှ ဒါဏ်ငွေရိုက်ပါတယ် ။

(၂) အရေးပေါ် ခလုပ် ( ဥပမာ - အရေးပေါ် ရထားရပ်ရန် အချက်ပေးတဲ့ ခလုပ် ၊ မီးအားထိန်း ခလုပ် များ ကို မလိုအပ်ပဲ နှိပ်၊ ဆွဲ ပါက -၄င်းကြောင့် ရထား နောက်ကျသွားရ ချိန်ပေါ်တည်ပြီး ဒါဏ်ကြေးတွေ သတ်မှတ်ထားပါတယ် ။
အချိန် ၅ မိနစ်ထက်မပို ပဲ နောက်ကျ စေ ပါက ဒါဏ်ကြေး NTD$ 10000(US$ 300 မျှ ) ,
အချိန် ၅ မိနစ်မှ ၁၀ မိနစ်ထိ နောက်ကျစေပါက ဒါဏ်ကြေးငွေ NTD$ 25000(US$ 750 မျှ ) ,
အချိန် ၁၀ မိနစ်ထက် ပိုမို ကြာအောင် နောက်ကျစေပါက ဒါဏ်ကြေးငွေ NTD$ 50000 ( US$ 1500 မျှ ) ချမှတ်နိုင်ပါတယ် ။
( အချိန် ရဲ့  အဖိုး တန်လှပုံ ကို ဒီလို ပြန်တွက်ကြည့်ရင် သိနိုင်ပါတယ် ။း))


(ဒါကြောင့် ခရီးသွားသူ မိတ်ဆွေအပေါင်းတို့  လေယာဉ်စီးချိန်၊ ကားစီးချိန်၊ ရထားစီးချိန်များမှာ ကိုယ်နဲ့ မဆိုင်တဲ့ ခလုပ်များကို အကြောင်းမဲ့  ဆွဲခြင်း၊ နှိပ်ခြင်း ၊ စပ်စုလို၍ လက်ဆော့ခြင်းများ မပြုလုပ်ကြစေရန် သတိထားကြ စေလိုပါတယ် )

15 comments:

~ဏီလင်းညို~ Thursday, November 26, 2009 12:27:00 AM  

သေသေချာချာမှတ်စ် သွားတယ်...ကွိကွိစ်ရေ...
ပြန်လာတာ...၀မ်းသာဒယ်....

ခင်မင်တဲ့

ဏီလင်းညို

peter kyaw Thursday, November 26, 2009 12:28:00 AM  

အဲဒီလိုဘွဲ့ တော်ရှိတဲ့ သံဃာတော်ကိုတော့ မကြားဖူပါဘူး..
သူတို့ တွေ ဘုန်းကြီးဘွဲ့ နာမည်မှားရေးတာပဲဖြစ်မှာပါ...
ဘ၀မှာ ရိုးရိုးကြီးပဲကျင့် ကြံနေထိုင်ခဲ့ တဲ့ ဆရာတော်တွေ
ကတော့ ဒီလိုမျိုးလေယာဉ်စီးအတွေ့ အကြုံမရှိလို့ 
မခံနိုင်တာဖြစ်နိုင်ပါတယ်...
တစ်ချို့ ကျေးလက်တောရွာကနေရန်ကုန်ကိုလာတဲ့ 
သူတွေဆို ကား၊ ရထားစီးတာနဲ့ တင် မခံနိုင်အောင်
ကားမူး၊ ရထားမူးပြီးအန်ကြရသေးတာပဲ...

Anonymous,  Thursday, November 26, 2009 12:43:00 AM  

kiki sssssssssssssssssssssssssssssssssssssssssss


yes,this is funny news.

omg! sometimes i eat some food and drink in the train.
I think it's not only me but also other people in Jp,so... it's ok to eat.
But now,i know....

Welcome back.

moemimgyi

ခြေလှမ်းသစ် Thursday, November 26, 2009 6:09:00 AM  

ဟုတ်တယ် မကိရေ ကျနော်တို့နိုင်ငံက ဘုန်းဘုန်းတို့ နိုင်ငံသားတို့ဟာ ဒီလိုနေရာတွေမှာ မတိုးတက်တာ လက်ရှိ စစ်အစိုးရကြောင့်ပေါ့ဗျ ... သူတို့အုပ်ချုပ်နေသ မျှ ကာလပတ်လုံး ပြည်သူပြည်သားတွေလည်း ဘာတခုမှ ဗဟုသုတ ရှိလာမှာ မဟုတ်ပါဘူးဗျာ ...

လသာည Thursday, November 26, 2009 6:11:00 AM  

ကိရေ..
ခလုပ်တော့မှားမနှိပ်ပါဘူး။ keyboard key- function keyကိုတော့ မှားမှားနှိပ်မိလို့ ကွန်ပျူတာ ပျက်ရပေါင်းများလှပြီ :D
ဗဟုသုတလေးကို ရှယ်ပေးတာ ကျေးဇူး

ဝက်ဝံလေး Thursday, November 26, 2009 6:26:00 AM  

ဒေါ်ကိရေ တော်ပါသေးရဲ့ လေယာဉ်ပျံနေတဲ့အချိန်မဟုတ်လို့နော် ဟီးးးးးးးးး

စာပြန်ရေးတဲ့အတွက် ဝမ်းသွားပါ အဲလေ ဝမ်းသာပါကြောင်း ဟောင်းးးဟောင်းးးးးးးးးးးးးး

ahphyulay Thursday, November 26, 2009 6:53:00 AM  

ကျွန်တော်ကတော့  လေယာဉ် ကိုမပြောတော့ ဘူး။
ကျွန်တော်တို့ ဆီမှာ လေအိပ်ကား မှန်လုံကားတွေ စ ဝင်
လာခါစတုံးက ကျွန်တော် ခရီးသွား ပိုံ(စ)လေးရေးထားတဲ့ 
အတိုင်းပဲ၊ ကိုရွှေ တောသားများလေ၊ရောက်ခါစ ကားသစ်များ
ဆိုတော့  အဲယားကွန်း အပြည့် ဖွင့် ထားပါတယ် ဆိုမှ
ပါးစပ်မှာ ရဲပတောင်းခတ် နေအောင် ကွမ်းတမြုံ့ မြုံ့  ဝါးနေ
တာလေ..၊ ထွေးချင်လွန်းလို့  မှန်ကို ခဏခဏဖွင့် လို့ 
စကားများခဲ့ ရတာ ပြန်မှတ်မိလာတယ်။

ရေတမာ Thursday, November 26, 2009 8:31:00 AM  

ဟုတ်ပါတယ် ဟုတ်ပါတယ် ကျနော်တောင် မသန်မစွမ်းတွေအတွက် ထားတဲ့ ခလုတ်သွားနှိပ်မိလို့ တတီတီထအော်တာ ကားသမား မျက်စောင်းဒဏ် ခံလိုက်ရသေးတယ်။ ဘေးကင်းကြပါစေ

Nge Naing Thursday, November 26, 2009 9:29:00 AM  

kiki ရေ စာလာဖတ်သွားပါတယ်။ ဘုန်းကြီးက မသိလို့ သွားနှိပ်မိတာ ဖြစ်ပေမယ့် သူဘယ်လောက်ထိ မွန်းကြပ်တာကိုတော့ ခန့်မှန်းလို့ရတယ်။

ရွှေရတုမှတ်တမ်း Thursday, November 26, 2009 9:34:00 AM  

ခြေမြန်လက်မြန်ရှိပါပေ့..ဆရာတော်ဘုရားရယ်

ညရဲ့ကောင်းကင် Thursday, November 26, 2009 11:47:00 AM  

တော်သေးတာပေါ့ဗျာ...
ဟုတ်တယ် ပျံနေတုန်းဆို ဒုက္ခပဲနော်...

အနမ်း Thursday, November 26, 2009 9:14:00 PM  

ဘုန်းဘုန်းက ကပ္ပိယ မပါလို့ ပါ။ အမကျရင် ဒီလိုမဖြစ်အောင် ကပ္ပိယလေးနဲ့ သွားပေါ့း))

မြစ်ကျိုးအင်း Thursday, November 26, 2009 9:19:00 PM  

ဘုန်းဘုန်း သနားပါတယ်။

အတွေ့အကြုံမရှိရင်တော့ ဘယ်သူမဆို ဒီလိုပဲ ဖြစ်မှာပါ ပဲ။

Welcome Friday, November 27, 2009 4:33:00 PM  

ကလေးတွေမှ စူးစမ်းတတ်တာမဟုတ်ပါဘူး
ဘုန်းဘုန်းတွေလဲ စူးစမ်းတတ်တယ်ဆိုတာ ယုံပြီ

rose of sharon Friday, November 27, 2009 6:50:00 PM  

အဲဒီ သတင်းemailရတော့ ရီလိုက်ရသေးတယ်.... ဘုန်းဘုန်းလဲ အဲလိုမလုပ်ရင် သူအသက်ရှုလို့ မရတော့ဘူးထင်လို့နေမှာပေါ့

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP