အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 30, 2009

အလုပ်ဟူသမျှ ဂုဏ်ရှိစွ ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ မို့  ၊
ရှိရှိ သမျှ အလုပ်၊ တို့ အကုန်လုပ်ကာထား ။
ရိုးရိုးသားသား အိပ်အိပ်စားစား ၊
ရုံး မသွားတာများ အပြစ်လားကွဲ့ ၊
မတူရင် မတုကြနဲ့ ၊
ဇဗ္ဗူတခွင် ဘယ်သူမှ လူမထင်၊
ငါသာလျှင် အရှင်မြတ် ၊
ငါ့သွေးစပ်လို့  ငါ့ကလေး ငါ့ မြေး၊ငါ့အရေး ၊
ငါတွေးသမျှ အရေးကြီးတယ်သာ မှတ် ။
ငါလုပ်သမျှ ဟုတ်ရမယ် အမှန်ကြီးသာမှတ် ။
တတ် တတ် ၊ မတတ် တတ် ၊
အမှတ် ပိုပိုသာသာပေးစေရမည်ပ ၊
ရုံးမတက်ပေသော်လည်း ၊
တိုးလို့ သာ တက် ကာပေးပေ ရော့ ၊
ဒီ သံမှူးရာထူးလေးကိုပေါ့ ။


မာတာ ပီတုဂုဏော အနန္တော
ငါတကောကောနဲ့ 
အဖန်တရာ တွေ မောပစေ ၊
ဖခင်ဝတ် ကျေ ၊ ငါသာပင်ရှိပေတာမို့ 
သံသရာ ဒီတကွေ့  ၊
ရေစက်တွေ့ လို့  ငါ့ကို အဖေ ခေါ်ကြပေ၊
ငါ့သမီးတော် ၊ ငါ့ သားတော်များ ၊
ရှိတာသာစား ၊ရတာသာလုပ် ။
ရှိတဲ့ ဒီကားတစီး မာစီဒီးလေးသာ စီး၊
ဘာမှ ညီးပြမနေကြနဲ့ ။
လူတကာ အပြောလွတ်အောင် နေကြကွဲ့ ။
ဘယ်သူ တွေ ဘာ ပြောရဲကြလေမလည်း၊
အလုပ်ဟူသမျှ ဂုဏ်ရှိလှသည်ပဲ ။

( ဖွားကိ လက်ကလိသည် )

အကြောင်းစုံ သိချင်လျှင်
တဖက်တွင် ဆက်ကြည့်...



ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရာထူးတိုးပေး
Saturday, November 28, 2009
2009-11-28

ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုးပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ်လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးက ပြောပါတယ်။

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ သမီးနှစ်ဦးစလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။
တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက် ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ် တစီးကို ဘေကျင်းမြို့ မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။

သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန် တဦးက ပြောပါတယ်။

ဒီက သတင်းပါ

19 comments:

သုဒြေ္န,  Monday, November 30, 2009 8:43:00 PM  

တစ်ဦးထားပါတယ်ခင်ဗျာ

သုဒြေ္န,  Monday, November 30, 2009 8:58:00 PM  

အဲဒီလိုဂုဏ်ရှိတဲ့ အလုပ်တွေလုပ်ချင်တယ် မကိရေကူညီပြီးအဲဒီအလုပ်တွေရှာပေးပလား နောက်ပြီးသိပ်မကြာခင်မှာ ရာထူးလဲတိုးပေးနော် ကျေးဇူးမမေ့ ပါဘူးနော် သိတယ်မလား ခင်တဲ့ သုဒြေ္န

ahphyulay Monday, November 30, 2009 9:26:00 PM  

မမကီ..မမကီ
သူ့ မြေးလေး ဘောအသင်းထောင်တော့  သူ့ မြေးကန်တဲ့ 
ဘောကို အောင်အောင်ဦးက လွဲအောင် ဖန်းခဲ့ ရတာလဲ
ရှိတယ်လေ။ လက်ညှိးညွှန်ရာရေဖြစ် နေကြတာပါ။
ကျောင်းဆိုးပြိုခဲတဲ့ .ဟာ.........
ဘာတွေပြောမိနေမှန်းကိုမသိဘူး။
မရေးပါနဲ့ လို့ ဆို၊ဒါမျိုးတွေကို။

ahphyulay Monday, November 30, 2009 9:27:00 PM  

နောက် ဒါမျိုးတွေ မရေးနဲ့ နော်.. မှန်ကန်တယ် တဲ့ ။
မှန် လွန်းရင် အကန် ခံရတာပါနော်။

ဝက်ဝံလေး Monday, November 30, 2009 9:37:00 PM  

အင်း အဖြူလေး ပြောတာ ထောက်ခံတယ် မကိရေ မှန်လွန်းရင် ကန်ခံရမယ် နော် ဟွန့် ဟွန့်

ဒါနဲ့ များလဲရာထူးတိုးချင်သားနော် ဟက် ဘီလိုလုပ်ရမီတုံး ပြောပါဦးလားလို့

အနမ်း Monday, November 30, 2009 10:10:00 PM  

ဒါတွေဟာ ချစ်လွန်းလို့ ၊ ချစ်လို့ လွန်းလို့ ပါဆို.....
သူကျတော့ ဟွင်း ပြောတော့ဘူးးးးး လစ်ပီနော်။

busymozzee Monday, November 30, 2009 10:19:00 PM  

ကိရေ.. ကိလက်ရာ ကဗျားလေးရှယ်...ပဲ

thawzin Monday, November 30, 2009 11:35:00 PM  

သားလဲ ဗိုလ်ချုပ်မဖြစ်ချင်ဘူး။ ဗိုလ်ချုပ်သားပဲဖြစ်ချင်တာ။ အခုတော့ တောင်သူလယ်သမားသားလေ၊ “နှင်တံစေရာ နွားတွေသွားစေ” တဲ့ဗျာ။ မှန်လွန်းရင် ရွာပြင်ထုတ်ခံရတယ်ဆိုတာ ကြားဖူးတယ်ထင်တယ်။ အဖွားကိတို့က ရွာပြင်မှာ နေချင်နေတော့ သားမတားချင်တော့ပါဘူး။

ဖြိုးဝေ-mmp Tuesday, December 01, 2009 12:48:00 AM  

အလုပ်ဟူသမျှ ဂုဏ်ရှိစွ ကဗျာလေး
ကောင်းလှပြီလား မကိရား)

MG Tuesday, December 01, 2009 2:41:00 AM  

အဟဲ..မကိ မြန်မာပြည် ပြန်ချင်တော့ဝူးလားဟင်..
ကဗျာဥာဏ်ကွန့်မြူးပါပေတယ်...မှန်တာပြော သူဌေးဖြစ် ..အဲလေ..မှန်တာပြော..ဟိုထဲရောက်..ဖြစ်နေတဲ့ခောတ်နော် ...:)))

MG Tuesday, December 01, 2009 2:41:00 AM  

အဟဲ..မကိ မြန်မာပြည် ပြန်ချင်တော့ဝူးလားဟင်..
ကဗျာဥာဏ်ကွန့်မြူးပါပေတယ်...မှန်တာပြော သူဌေးဖြစ် ..အဲလေ..မှန်တာပြော..ဟိုထဲရောက်..ဖြစ်နေတဲ့ခောတ်နော် ...:)))

Anonymous,  Tuesday, December 01, 2009 6:26:00 AM  

ဟေ့..ငါ့မြေမှာ..ငါဘုရင်
ငါဘုရင်ရဲ့ သမီးသားမြေးမြစ်
လုပ်ချင်တာလုပ်မယ်
ခေါင်းမော်ကြည့်ဖို့ မကြိုးစားလေနဲ့
သလွန်တော်ခြေရင်း
ပျားပျားဝပ်လို့ အခစားဝင်..။
ငါခိုင်းတာလုပ်
ငါကျွေးတာစား
ခံမပြောနဲ့
ငါ့မြေမှာငါသာဘုရင်
ငါဘာလုပ်လုပ် တင့်တယ်တယ်မှတ်

သန်းရွေ



မိုးမင်းကြီး အဆိုတင်သွင်း၏

ခြေလှမ်းသစ် Tuesday, December 01, 2009 7:23:00 AM  

ဒီစနစ်ဆိုးကြီးနဲ့ ဒီဘုရင် အုပ်ချုပ်နေသမျှ ကာလပတ်လုံး ဒီလိုမျိုးတွေဟာ မဆန်းပါဘူး ... ဒါတွေကို ဖျောက်ဖျက်ပစ်ဖို့ ကျွန်ုပ်တို့အားလုံး တာဝန်သိရလိမ့်မယ် ...

Nge Naing Tuesday, December 01, 2009 8:15:00 AM  

ကဗျာလေ သိပ်ကောင်းတာပဲ kiki ရေ စွယ်စုံရတယ်နော့်။

တောင်ပေါ်သား Tuesday, December 01, 2009 8:58:00 AM  

ဖွားကီ ဖွားကီ သတိထားးးးးးးးးးးးးးးးးးးး နောက်မှာာာာာာာာာာာာာ ရာထူးတိုးပေးဖို့ လာနေပြီ.................. ဒုန်းးးးးးးးးးးးး ဒိုင်းးးးးးးးးးး ခွမ်းးးးးးးးးးးးးးးးးး ဘယ်သူတွေလဲကွ ငါ့တိုင်းပြည်လေးမှာ ငါနေတာဟွန်းးးးးးးးးးး
း)


လေးစားလျက်
တောင်ပေါ်သား

မမသီရိ Tuesday, December 01, 2009 9:12:00 AM  

ဒါလေးများ ကိရယ်
ကိ ကိုလဲ မမ ရာထူး တိုးပေးမယ်..း)
အလုပ် မလုပ်ပဲ သာ နေ...

(ချစ် လို့ တွန်းတာ မှတ်ပါ.. (ဂျောက်)

စကားမစပ် ကိ ရေ.
UN လို လူ့အခွင့်အရေး လေးစားတဲ့ အဖွဲ့ ကြီး မှာတောင် (တချို့ နိုင်ငံ တွေမှာ) သူတို့ပေါ်လစီ အရ ခန့်ထားမိတဲ့ သူတွေ ဆို.. အလုပ် လုပ်လုပ် မလုပ်လုပ်.. လုပ်နိုင် မနိုင်နိုင်.. သင့်တော်၏ မတော်၏ မရှိ၊ ရာထူးတိုးပေးနေတာလဲ ရှိသကွဲ့...

မိုးခါး Tuesday, December 01, 2009 1:10:00 PM  

အဲလိုအလုပ်လေးရရင်ကောင်းမှာ :P
ရာထူးတော့မလိုချင်ပါဘူး .. တလ တလ ပိုက်ပိုက်လေး ပုံမှန်ဝင်ရင် တော်ဘီ :D
ခုတော့ မထချင်လည်း ထပြီး အလုပ်တက်ရတယ် .. အီးးးးးးး ၀ါးးးးးးးးးးးး ကိုယ့်အဖြစ်ကို ငိုချင်လာဘီနော် .. ကိုယ်တွေက သူ့တို့လောက် ကောင်းမှု မလုပ်ခဲ့လို့နေမှာပါ .. မုဒိတာပွားမှ :D

မြစ်ကျိုးအင်း Tuesday, December 01, 2009 7:56:00 PM  

ဒါလေးများ အထူးအဆန်းလုပ်လို့

ပါးပါးလေးပဲ ရှိသေးတယ်

လုပ်ပါစေဗျာ

သူ့ခေတ်သူ့အခါကိုးးးးးးးး

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP