အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 20, 2009

Direct Hit ! !

နှုတ်ချို သျှိုတပါး ။ စကားကို ချိုသာစွာပြောဆိုခြင်း ဟာလည်း မင်္ဂလာ တပါးပါ ။ သို့ ပေမဲ့လည်း တချို့  တချို့ သော သူများဟာ ချိုသာစကားကို နားမဝင် တတ်ကြတော့ ၊ ကျွဲပါးစောင်းတီး နေရသလို အခြေအနေတွေ ဖြစ်လာတဲ့ အခါမျိုးကြုံ လာ တတ်ကြတော့ ၊ ပျားသကာ ကနေပြီး ခါးတမာ သို့  ဆိုရပေ တော့တာပါပဲ ။ လိုရင်းတိုရှင်း ကို တုံးတိတိကြီး ပြော လိုက်ပြန်တော့ လည်း ၊ ဒီလူ တယ်အပေါက်ဆိုးပါလား တဲ့လေ ။ ကွေ့ ကာ ပတ်ကာ နဲ့ နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်ရမဲ့ ဇာတ်မျောကြီး အကြောင်း ပြောနေ ဆိုနေ ကြရတာမှာ လည်း ပြောသူလည်းမော၊ ဘေးက ကြားရသူတွေ ပါ နားကလော နေကြရတာလည်းကြာပါပြီ မဟုတ်လား ။ သို့ ပေသော်လည်း ကာယကံရှင် နှလုံးသားမဲ့ ကျောက်ရုပ် ကြီးကတော့ တုတ်တုတ်မျှပင် မလှုပ် ။ ခုလည်း ပြောကြ ပြန်ပါပြီ ။ တို့ ကတော့ တည့်တည့်ပဲ ပြောတတ်တယ် တဲ့ ။ ဘာပြောသလည်း သိကြမှာပါ ။ ထူးမခြားနား ပတ်ပျိုးကြီး ကို နယူးဗားရှင်း လုပ်ထားတာလေး ရှိသေးတယ် ။ အဟက် ...




Direct Hit... ဒီထက် တည့် ရရင်တော့ ??? ကျောက်ရုပ် ကြီးကတော့ သူများ ဘာတွေ ပြော နေတာလည်း ဆိုတာ နားလည်ပါ့မလား လေ ။ အေဘီစီဒီ အသုံးလုံးကျေ သင်တန်း အရင် ဖွင့်ပေးဖို့ လိုမယ်ထင်တာပါပဲ ။အိုးဘားမား အိုကြီး နဲ့ တွေ့ လိုက်ရရင် အိုဘားမားလေး စိတ်လေသွားနိုင်တယ် ။

ကိုဟန်လေးရဲ့  ပြောင်မြောက်လှတဲ့ လက်ရာ များထဲမှ တခု ကို ထပ်ဆင့် မျှဝေပေးလိုက်ပါတယ် ။ ဒီ နေရာ က ရယူတာပါ ...ဒီတခါ ကတော့ ဆားပေါ့ပေါ့ ပါပဲ ။သွေးတိုးမှာစိုးလို့  ။ :))))

ဒီဗီဒီယိုသီချင်းလေးကတော့ အထက်က အကြောင်းအရာ နဲ့ ဘာမှ မသက်ဆိုင်ပါဘူး ၊ Taylor Swift ရဲ့  Country Hit လေးတပုဒ်ပါပဲ ။ နားထောင်ကောင်းလို့  တင်ထားလိုက်တာပါ။နားဆင်ကြည့်ကြပါ ။
video

13 comments:

Yu Ya Friday, November 20, 2009 12:44:00 AM  

အဟီး..၁ ယူလိုက်အုံးမယ်..

Yu Ya Friday, November 20, 2009 12:47:00 AM  

ဒါတောင် နည်းနည်းငံနေသေးတယ် ဖွားဖွားကိကိရေ..အဟီး။ ဒါနဲ့ စကားမစပ် အိုဘားမာ စင်ကာပူလာတုန်းက အနော်အလုပ်ရှုပ်နေလို့ Appointment မပေးလိုက်နိုင်ဘူး ဖြစ်သွားတယ်ဗျာ.။ သွပ်..သွပ်..သွပ်.. စိတ်မကောင်းဘူး...အဟီး။

yu ya

thawzin Friday, November 20, 2009 1:21:00 AM  

Direct hits သွားတယ်ပေါ့....... ဟားဟား
အိုဘားမားရယ်.... နယူးဘားမား ဖြစ်ချင်ရင်တော့ ၂၀၁၀ စောင့်ကြည့်ပေါ့။ ဘားမားကြီးသစ်မလား၊ ဘားမားကြီးပဲ အိုမလားဆိုတာကတော့ စောင့်ကြည့်လိုက်အုံးသားရေ........ သားတို့တော့ ဒီဟာတွေနဲ့ ခပ်ဝေးဝေးမှာပဲ အငြိမ်နေတော့မယ်။ Direct kick လဲ မသိသာလောက်ပါဘူးနော့်။ အခုဟာက ဖရီးကစ် မကလို့ ပင်လယ်တီလဲ ဂိုးမပေးနိုင်လောက်ပါဘူး။ အစ်မကြီး လှူဒါန်းမှုပြုချင်ရင် http://www.multiupload.com/MF_E3QX8HG98J အဲဒီလင့်က wordfile လေးဒေါင်းပြီး data see လိုက်ပါဗျာ။ တခြား ပြည်ပအလှူရှင်တွေလဲ ဒီအတိုင်းပဲ ထည့်လှူကြတယ်ပြောပါတယ်။အခုတော့ လှူချင်တဲ့ စိတ်လေးပဲ သာဓုခေါ်တော့မယ်နော်။ ပြီးတော့ လှူဒါန်းသူ နာမည်အပြည့်အစုံနဲ့ အမောင့်ပမာဏကို ကျွန်တော့်ကို ပြောပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့သူတွေနဲ့ မရင်းနှီးဘူးထင်လိုပါ၊ ကျွန်တော်ထက် ရင်းနှီးသူရှိရင်လဲ သူကိုပဲပြောလိုက်ပါဗျာ။

ရုံလေး Friday, November 20, 2009 2:03:00 AM  

ဒီလောက်လေးတဲ့ဆားကိုများ
တွေ့ ဖူးလား ကိုယုယကြီးတောင်
သွေးတိုးသွားတယ်တဲ့လေ
လေးတယ်လေးတယ် ဆားပြောတာနော်

ကိုလူထွေး Friday, November 20, 2009 3:06:00 AM  

အိုဘားမား......
O BAMA
OH... BURMA

ကိန်............

နှင်းနဲ့မာယာ Friday, November 20, 2009 6:45:00 AM  

ကာတွန်းလေးကို သဘောကျတယ်..

နှင်း

ခြေလှမ်းသစ် Friday, November 20, 2009 10:30:00 AM  

ဖွားကိရေ ဒီကောင်တွေက လူစကားကို နားမှ မလည်တာဗျာ ... ဘာသိမှာမို့လဲ ...

မြစ်ကျိုးအင်း Friday, November 20, 2009 5:29:00 PM  

သဘောပေါက်လွယ်ကြပါစေ

busymozzee Friday, November 20, 2009 5:50:00 PM  

သွေးတိုးလာပြီ.... အဲတာ အတိုးဆုံးပဲ....

Anonymous,  Saturday, November 21, 2009 1:59:00 AM  

ကြောင်တောင်တောင်နဲ့

လသာည Saturday, November 21, 2009 11:12:00 PM  

ဆားများများမစားတာ ကောင်းတယ် သွေးတိုးမှာစိုးရိမ်လို့ :P

Nge Naing Monday, November 23, 2009 6:06:00 AM  

သီချင်းလည်း နားထောင်သွားတယ် ကာတွန်းလည်း ကြည့်သွားပါတယ်။

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP