အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]
မချစ် မမုန်း၊ အကောင်းဆုံး
မချစ် မမုန်း၊ အကောင်းဆုံး ။
ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )
Dec 1, 2009
မြေနိမ့်ရာ လှံစိုက် .....
သမီးအရွယ် ဒီလူမမယ် သုံးယောက် ၊
အဖေပျောက် ၊ အမေ ပလပ်တတစ်ကောက်၊
မျက်နှာမွဲ ၊ဆင်းရဲ ရတဲ့ အထဲ ၊
နူရာ ဝဲစွဲ ၊ မြေနိမ့်ရာ လှံစိုက် ၊
မိုက်လိုက်တဲ့ အကောင် တကောင်၊
ကြီးနိုင် ငယ်ညှင်း ၊ အတင်းမြှု ဆောင် လို့ 
ဗလက္ကာယ ပြုခံရတာတောင်၊
အမှုဖွင့်ဖို့  သူတို့  မဆောင်နိုင်ကြောင်း ၊
ဟိုကတောင်း ၊ဒီကတောင်း ကွဲ့ 
ငွေ ၂ သောင်း ပေးရ မတဲ့  ။
အမျိုးသမီးရေး နဲ့ ရပ်ကွက် အေးချမ်း ရဲ့၊ ၊
ဘော်လီဘောပွဲ အတွင်း ၊
မင်းမဲ့ စရိုက် အားပြုပါလို့  ၊
အမိုက်မှောင် ဆောင်ကာထား
မုဒိမ်းကောင် တရားလက်လွတ် ၊
ကိုယ်ချင်းရယ် စာနာမှုများ မထားကြတော့ တာမို့ ၊
ကျားလည်း မသနား ၊ နွားတွေမှာ ဒုက္ခ အပူ ဗျာပါ ပွား၊
တို့  ရွှေပြည်ရွာ သာယာ ပြီတဲ့ လား ။
ဒီက ရတဲ့ စိတ်မချမ်းမြေ့ ဖွယ် သတင်း တပုဒ်။
22 comments:
ahphyulay Tuesday, December 01, 2009 9:34:00 PM  
မမကီ............
တစ်လောကလဲ ကျောင်းသူလေး ဆရာဝန်မှားလို့ သေ..။
အခုလဲ ကြည့် ပါအုံးဗျာ..။
ဗမာပြည်မှာလူထု တရပ်လုံး အကာ ကွယ်မဲ့ နေပြီ။
အရိပ်မဲ့ နေပါပြီဗျာ။ တိုင်ဝမ် ကခွေးများလောက်တောင်မှ
တန်ဘိုး မရှိတော့ ပါလား။ တော်ပြီဗျာ။မပြောတော့ ဘူး။
ahphyulay Tuesday, December 01, 2009 9:39:00 PM  
ထီးတော့ မိုးထားတယ်ဗျ။
အဲဒီ ထီးရဲ့  အရိပ်က သူတို့ အတွက်ပဲ။
လူထုထဲ ကိုလျှံ ကျမလာပါဘူး။
အရိပ်ထဲကနေ နေပူထဲ၊ အမှိုက်ပုံထဲကိုကြည့် ပြီး နံတယ်၊
ညစ်ပတ်တယ်လို့  နှာခေါင်းရှုံ့ နေကြတာပါ။
အဲဒီ အမှိုက်ပုံထဲ မြောင်းထဲ နေပူထဲကလူတွေက သူတို့ လိုပဲ
မြန်မာတွေပါပဲဗျာ။
သုဒြေ္န,  Tuesday, December 01, 2009 10:08:00 PM  
'Dလိုသတင်းမျိုးတွေမမြင်ချင်လဲမြင်နေရတယ် အမှန်တရားတွေပျောက်ကွယ် အမှောင်ထုကြီး စိုးမိုး မင်းမဲ့ စရိုက်ရှင်သန် လုံခြုံမှုကင်းမဲ့  အကာကွယ်မရှိတဲ့ အောက်ခြေလူတန်းစား ကျောမွဲတွေဘ၀ကလူဘ၀ရဲ့ အဓိပါယ်ကင်းမဲ့  နေတော့ တာပါဘဲ
နှင်းနဲ့မာယာ Wednesday, December 02, 2009 12:45:00 AM  
ခက်တယ် ကိရယ်...
ဒီကလေး သုံးယောက်ရဲ့ အနာဂတ်အတွက် ရင်လေးမိတယ်...
စိတ်လဲမှာ မကောင်းဘူး...
နှင်း
busymozzee Wednesday, December 02, 2009 1:08:00 AM  
မုဒိန်းမှုတောင် အဆိုးဆုံး မုဒိန်းမှု...
ခိုးမှုတောင်.... အပက်စက်ဆုံးခိုးမှု....
ဓားပြတောင် ..... နေရာမရွေး ရပ်ကွက်မရွေး အချိန်မရွေး...
လူသားဆန်တဲ့ စိတ်တွေဆုံးရှုံးတာ အဆိုးဝါးဆုံး ဆုံးရှုံး မှုတွေပါပဲ ကိရယ်.....
မြန်မာ့စိတ်ဓါတ်တွေ ပြန်လည် ရနိုင်ဘို့ တွေးကြည့်ရင် မလွယ်တော့တာပါ....
ခြေလှမ်းသစ် Wednesday, December 02, 2009 1:26:00 AM  
ဒီခွေးတွေ အုပ်ချုပ်နေလို့ ခွေးဇတ်လမ်းတွေ ဖြစ်နေတာ ပေါ့ ... မြန်မာပြည်မှာ လူတယောက်ရဲ့  တန်ဖို့းဟာ ဖွဲနဲ့ ဆန်ကွဲ လောက်တောင်မှ မရှိတော့ဘူး ... ဒီလို အုပ်ချုပ်နေတဲ့ တရိစ္ဆာန်တွေကို မျိုးတုံး သတ်ဖြတ် ပစ်မှ တိုင်းပြည်လည်း သာယာဝပြော လာမယ် .. ဒါ့အတွက် တို့တတွေ စည်းရုံးဖို့ လိုတယ် ...
thawzin Wednesday, December 02, 2009 1:34:00 AM  
သြော်... ကြီးမားလိုက်တဲ့ ၀ဋ်ကြွေးကြီးပါလားနော်။ ဟီးဟီး..... ဒီလိုပဲ မြင်တော့မယ်။ သူမသာ ကိုအသုဘ မလုပ်ချင်ပါဘူးဗျာ။ အိပ်မက်ကလှတယ်၊ ဘ၀ကရုပ်ဆိုးတယ်။
အနမ်း Wednesday, December 02, 2009 1:54:00 AM  
စိတ်ပျက်စရာတွေ သိပ်မပြောနဲ့ ပြေးစရာနေရာလည်း မရှိဘူး။ ခုတောင် ဘလော့ဝင်ဖို့ ကို မနည်းစောင့်ဆိုင်း လိုက်ရတယ်။ ၆ယောက်ဖြစ်သွားပြီ။ လျှော်ပေးးး
ကိုလူထွေး Wednesday, December 02, 2009 2:20:00 AM  
မင်းမဲ့စရိုက်ကြီးစိုးတဲ့ခေတ်ကြီးမို့...
ခေါင်ကအစ မိုးမလုံမှတော့...
တောမီးလောင်တုန်း တောကြောင် လက်ခမောင်ခတ်ကြတာ ဘာဆန်းသလဲ ကိကီရဲ့...
Nge Naing Wednesday, December 02, 2009 5:07:00 AM  
kiki ရေ ကိုယ်ကြားသိခံစားရတာတွေကို ဒီလို လိုရင်းတိုရှင်း ကဗျာတွေ စာတွေ ရေးပြီး ပြန်တင်ပြတတ်တာ လေးစားပါတယ်။
ဝက်ဝံလေး Wednesday, December 02, 2009 6:40:00 AM  
မကိရယ် ပြောစရာ စကားတောင် မရှိတော့ဘူး ဖတ်ရင်း စိတ်မကောင်း ဖြစ်သွားတယ် မိန်းကလေး ဆိုတော့ ကိုယ်ချင်းလဲ စာတယ် သိလား သနားပါတယ် ကလေးတွေ ငယ်ငယ်လေးတွေနော်
ဟူးးးးးးးးးး ခနဲ သက်ပြင်းရှည်ကြီးချသွားတယ် စိတ်ထဲ မကောင်းလိုက်တာ
အဲလိုလူမျိုးလေ နောက်ဘဝ ဖြစ်ရင်လေ ခွေးမ ထက်နိမ့်ကျတဲ့ ဘဝမျိုးရ မှာ သိလား
မတ်ရိုင်းလိုက်တာ လူကမွေးတာ မဟုတ်ဘူးလား
တောက် ခံပြင်းတယ်ကွာ...........
ဝက်ဝံလေး Wednesday, December 02, 2009 6:41:00 AM  
ဒီလောက် ဟိုနေရာ ဒီနေရာတွေ အားကြီးပေါနေတာ သူ့သူ လုပ်ချင်ရင် အဲဒီ ကိုသွားပါလား အကောင်က ယုတ်မာတာ ကလေးတွေကိုများ
ဘာတဲ့အမျိုးသမီးရေးရတာက လဲသောက်သုံးမကျဘူး အမလေး အငြိမ့်တွေ ထဲမှာ လုပ်ထားလိုက်တာတော့ ရှယ်ပဲ အမျိုးသမီးတွေအတွက်တဲ့ ဟားဟားးးးးးးး ရီချင်စရာကြီး
ရှက်တတ်ရင် လဲသေဖို့ ကောင်းတဲ့ဟာတွေ
ဝက်ဝံလေး Wednesday, December 02, 2009 6:42:00 AM  
ရိုင်းသွားရင် ခွင့်လွှတ်ပါ မကိ
ပြန်တော့မယ် တာ့တာ
Anonymous,  Wednesday, December 02, 2009 6:49:00 AM  
ဖတ်ပီးတောက်ခေါက်မိတယ်..
အခုတလောဖတ်ရတဲ့ သတင်းတွေက တယ်.. မကောင်းဘူး
အရမ်းစိတ်တိုဖိုပကောင်းတယ်။
အချိန်ကလည်း မအားလပ်ဘူး။
သွားပီ..ကျနော်တို့မြန်မာပြည်ကြီးတော့ ပျက်ဆီးနေပါပီဗျာ...
သန်းရွှေတို့မကောင်းတာနဲ့ အောက်လူတွေပါလိုက်အကျင့်ပျက်ကြတယ်..
ငွေရေးကြေးရေး အကျင့်ပျက်တာတော့ နဲနဲနားလည်ပေးလို့ရသေးတယ်.. ဒီလိုမျိုးခြစားတာတော့.....
အဖြူရောင်နတ်သမီး Wednesday, December 02, 2009 6:50:00 AM  
အခုတလော...ကြားရတဲ့သတင်းတွေကလည်း
စိတ်မကောင်းစရာတွေကြီးပဲနော်..
ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး..
သိသိကြီးနဲ့ ခေါင်းငုံ့ခံနေရတဲ့ ဘဝတွေ
...အားမသန်လို့ မာန်လျှော့နေရတာတွေက များနေပြီ....အခံရခက်တယ်နော်...
ရွှေရတုမှတ်တမ်း Wednesday, December 02, 2009 9:42:00 AM  
မယ်ကိရယ်
ရှာရှာဖွေဖွေ..
သနားစရာလေးတွေ..
ညရဲ့ကောင်းကင် Wednesday, December 02, 2009 9:48:00 AM  
မိုက်ရိုင်းလိုက်တာဗျာ...
ဘာလို့လဲ...ဘာလို့လဲ...
မြေနိမ့်ရာ လှံစိုက်ကြတာလဲ...
ခွေးသူတောင်းစားကောင် နောက်ဘ၀ဆက်တိုင်း
ခွေးထက်နိမ့်ကျတဲ့ သူဖြစ်ပါစေ...
ခွေးကို အရောင်တင်နေတဲ့ လူတွေကော... တောက်...
ရင်ထဲမှာ မချည့်ဘူးဗျာ...
မမသီရိ Wednesday, December 02, 2009 12:34:00 PM  
အဲဒီလူက HIV ကင်းရဲ့လားမသိဘူး
ကလေးတွေ ဆေးလဲ စစ်သင့်တယ်
rose of sharon Wednesday, December 02, 2009 2:54:00 PM  
စိတ်မကောင်းလိုက်တာကွယ်... သားသမီးချင်းမစာနာ ယုတ်မာလိုက်တာ.....
မြစ်ကျိုးအင်း Wednesday, December 02, 2009 4:43:00 PM  
ပြည်သူတွေအားလုံးလူဖြစ်ရှုံးတယ်
အနည်းနဲ့အများပဲ ကွာတယ်။
Welcome Wednesday, December 02, 2009 10:17:00 PM  
ပြစ်မှုဂျာနယ် ဖြစ်ကြည့်မှ အမှန်မငြိမ်းချမ်းဘူး ဆိုတာ သိရတယ်။ လက်တွေ့ဘ၀မှာ သာလို့ဆိုး ပြီမှတ်ပါ။
စိတ်မကောင်းခြင်း များစွာနဲ့ ...
လသာည Thursday, December 03, 2009 8:22:00 PM  
မကိရယ် စိတ်မကောင်းလိုက်တာကွာ.. အပြစ်မရှိတဲ့ ကလေးတွေရဲ့ဘ၀မှာ အခုကစပြီး အရိပ်မည်းကြီးနဲ့ . အိပ်မက်ဆိုးတွေ မက်ရတော့မှာပဲ။ သနားလိုက်တာ။
ဖိဂျစ်
ရန်ကုန် အချိန် နဲ့  အပူချိန်
Click for Yangon, Myanmar Forecast
လာလည်သူများ
Website counter
  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008
Back to TOP