အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Dec 3, 2009

မြို့ တော်ရန်ကုန်

ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်မှ ရုပ်ရှင်ရုံများ၏ တဖက်ခြမ်းတွင် အမှိုက်ကားများ ထိုးရပ်ပြီး အမှိုက်ကောက်သဖြင့် လမ်းသွားလမ်းလာများနှင့် ရုပ်ရှင်ကြည့် ပရိသတ်များအတွက် ကျန်းမာရေးနှင့် မညီညွတ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ..... သတင်းတပုဒ် ဖတ်မိအပြီး ...

“ မဟာရန်ကုန်မြို့ ရဲ့  လမ်းမကြီးတနေရာ .. လူတွေ လူတွေရှုပ်ထွေး ၊ အများကြီးရှုပ်လို့ နေ... ..ပွမ်ပွမ်မြည်တဲ့ကားလေး...”
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က နာမယ်ကြီးခဲ့တဲ့ မင်းမင်းလတ် သီချင်း ။ နောက်တော့ ဘိုဘိုဟန်ပြန်ဆို ထားတဲ့ သီချင်းလေး တပုဒ် ကြားယောင်မိသေး ။


့မြို့ တော်ရန်ကုန် အမှိုက်ပုံဝယ်၊
သမုဒ္ဒရာ ဝမ်းတထွာတွက်၊
ကြုံရာ ရှာစား ဒီလူများအကွက်၊
ဟိုယက် ဒီလှန် နံဟောင်တာ သူမမှုအား၊
အပေးအယူပြုတာ စည်ပင်သာယာကားတွေက၊
လူအများ စည်ကား အလုပ်သွားချိန်မှာမှ၊
ပုတ်ပွ စုတ်လှ ရုပ်မလှ တဖြစ်လဲ အရိအရွဲများ၊
ကားပေါ်မှ ဆွဲကာချပါလို့ ရွေးကြတယ်၊
တပါးသူ အမြင်မှာ မတော်တာတွေလည်း တွေးသိနိုင်ဘူး၊
အသွင်တန်ဆာ အန်ချင်စရာများလည်း ဂရု မထားအား ၊
ဆိုးဝါးတဲ့ အနံ့ အသက် ၊ပတ်ဝန်းကျင် တွက် ခက်စေရတာထက် ၊
ငါ့ဝမ်းပူဆာ မနေသာကြတာ မို့ ၊
ရွာစည်ပင် ဆရာများနဲ့  ချိတ်ဆက်ကာ ရှာဖွေစားရတယ် ၊
စိတ်ပျက်စရာ ဒီရွာသားများပေပေါ့၊
သိပ်ခက်ပါ အဖြေရှာ တွေ့ နိုင်ဘူး ။
အိပ်ပျက်ကာသာ ရူး ။။
( အငြိမ် မနေနိုင် တဲ့ ဒီ လက်က ရေးမိပြန်ပါပြီ .....း) )



မြို့ တော်ရန်ကုန် ရဲ့ သရုပ်သကန် အဖြစ်မှန်တွေများလှစွာထဲမှ မထူးဆန်းတော့တဲ့ မြင်ကွင်းတခု ။
မြို့ တော် အင်္ဂါရပ် နဲ့ ညီအောင် ဆောင်ရွက်ဖို့  အဓိက တာဝန်ရှိတဲ့ စည်ပင်သာယာ ရဲ့ တာဝန်မဲ့ မှု နောက်ဆက်တွဲ ရှက်ဖွယ်ရာ မြင်ကွင်းတခု ။

နောက်ဆက်တွဲ သတင်းလေး က ဒီမှာ ရှိပါတယ် ..
လူမြင်မကောင်းလို့  ကြပ်မတ်နေပါပြီတဲ့ ....အမြည်းလေးက ဒီလိုပါ ။

ရန်ကုန် အမှိုက်ပုံ၊ အမှိုက်ကန်များတွင် အမှိုက်ကောက်ခွင့် မပြုတော့
ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 02 ရက် 2009 ခုနှစ် 18 နာရီ 43 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ ရန်ကုန်တိုင်း မြို့နယ် ၃၀ ကျော်ရှိ စည်ပင်သာယာ အမှိုက်သိမ်း နယ်မြေအပိုင် အမှိုက်ပုံနှင့် အမှိုက်ကန်များတွင် အစောင့်များ ချထားပြီး အမှိုက်လာကောက်သူများကို ခွင့်မပြုတော့ကြောင်း သိရသည်။

ခွေးစားခွက်လုယက်မှုများ အမြန်ဆုံးပျောက်ကင်းပါစေ ။
ရွာသူရွာသားများ အေးချမ်းကျန်းမာကြပါစေ ။

12 comments:

ဝက်ဝံလေး Friday, December 04, 2009 12:04:00 AM  

ကိနော် အလုပ်ပေးမယ် ဆိုလို့ ဘာများလဲလို့ ဟွန့် နာမယ် သတိကြပ်ကြပ်ထား ဒါဗြဲပြောမယ်
ဟွန့်းးးးးးးးးးး

ဝက်ဝံလေး Friday, December 04, 2009 12:04:00 AM  

ဘယ်သူမှမရောက်သေးဘူးကွယ် ဟရိုးးးးးးးးးးးးးး

ရေတမာ Friday, December 04, 2009 7:48:00 AM  

ခွေးစားခွက်လုယက်မှုများ အမြန်ဆုံးပျောက်ကင်းပါစေ ။
ရွာသူရွာသားများ အေးချမ်းကျန်းမာကြပါစေ ။

ahphyulay Friday, December 04, 2009 8:27:00 AM  

အမှိုက်ပုံးထဲကလူတွေ၊ အမှိုက်ပုံထဲရောက်နေရသူတွေက
အမှိုက်ကိုပဲ ရှာဖွေ လုပ်ကိုင် စားသောက်ရမှာပါ့ ။
ရန်ကုန် မြို့ ကြီးမှာ လုပ်စရာရော ကျန်သေးလို့ လား၊
လုပ်စရာရှိနေရင်လဲ မျက်နှာဖုံးစွတ်ထားတဲ့ လူတစ်စုပဲ
ဖြစ်မှာ။ ရှက်စရာမလိုပါဘူး။
တိုင်းပြည်ရဲ့  ပြရုပ် တစ်ခုပဲဟာ။ ဆင်းရဲသား ကားများ မရိုက်
ရ ဆိုတာထက် ဆိုးနေပြီ။
ဟဲဟဲ..နဲနဲများသွားတယ်ပြောတာ။တော်ပြီ။
နောက်မပြောတော့ ပါဘူး......

Welcome Friday, December 04, 2009 11:01:00 AM  

စားပေါက်ပိတ်ပီ အဟဲ ...

စာတွေ လာဖတ်ဖြစ်ပါတယ်။

rose of sharon Friday, December 04, 2009 2:37:00 PM  

ဒုက္ခပါဘဲနော်... ဒီအစိုးရနဲ့တော့....

Nge Naing Friday, December 04, 2009 4:22:00 PM  

kiki ရေ လာဖတ်သွားတယ်နော့် kiki ကတော့ တော်တော် သရုပ်ဖေါ်တတ်တာပဲ။

~ဏီလင်းညို~ Friday, December 04, 2009 9:54:00 PM  

ကွိကွိစ်ရေ...
ကဗျာလေးက သိပ်ကောင်းဗျား...
(စိတ်ညစ်စရာဂျီးနော် အဲ့ဒါတွေကြားရတိုင်း....)

ခင်မင်တဲ့
ဏီလင်းညို

busymozzee Saturday, December 05, 2009 11:47:00 AM  

ကိလေးရေ.... ခုမှလျှောက်လည်နေတာ.... မတွေ့ရတာကြာလို့ လွမ်းတယ် သူငယ်ချင်းရေ..... နေကောင်းရဲ့လား..... စာတွေ လဲ မရေးတတ်ဘူးဟယ်။။။။။ heehheee

ဓါးထက်ထက်,  Saturday, December 05, 2009 1:56:00 PM  

မကိစိတ်ညစ်စရာတွေဘဲရေးနေတယ်နော် ရိုးရိုးသားသား ပွင့် ပွငလင်းလင့်းရေးရရင်ဘာတခုမှ ကောင်းတာရေးလို့ ရတော့ မှာဟုတ်ဝူး ပျောမွဲတွေသာအမှိုက်ပုံကောက်သားနေရတာ တချို့ တွေကျတော့လဲ ၅၀၀၀ တန်ကော်ဖီသောက် တာတောင်အေးအေးမသောက်ဘဲပြသနာရှာတာရှိသေး ပြေမဆုံးပေါင်တောသုံးထောင် သူတို့ အကြောင်းတွေ ဟူးးးးးးးမောတယ်ဗျာ ဓါးထက်ထက်

နှင်းနဲ့မာယာ Saturday, December 05, 2009 9:38:00 PM  

အမှိုက် အမှိုက်
အမှိုက်ပုံကို မှီခိုနေရတဲ့ လူတန်းစားတွေ ဒီမှာလဲရှိတယ်...
ဒါပေမယ့် ဒီမှာတော့ အဲလောက် သရုပ်မပျက်ဘူးလားလို့..

နှင်း

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP