အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Dec 7, 2009

ခပ်ကြီးကြီး ကြိုက်သူများ အတွက် ။

တချို့ က ကြီးမှ ကြိုက်တယ်( အသက် ကြီးသွားတာက လွဲရင် နေမှာပေါ့ လေ ) ။ ဒါပေမဲ့  ကြီးတိုင်းလည်း ကောင်းတာ မဟုတ်ပါ ။ တချို့  အသီးအနှံ စားပင်သောက်ပင်တွေကို မျိုးဆက် ပြောင်းလဲပေးခြင်း ၊ ဓါတ်မြေသြဇာ ဆေးမျိုးစုံ ကျွေးခြင်း တို့ နဲ့ ကြီးထွားအောင် တီထွင် စိုက်ပျိုး လာကြ တာ အမြင်လှပ ဆန်းသစ် ပြီးဈေးကောင်း ရပေမဲ့  အရသာ ပိုပြီး ထူးကဲ မလာတာမျိုး ၊ စားသုံးမှုလွန်ကဲ ပါက ကင်ဆာ အစရှိတဲ့  ရောဂါမျိုး ဖြစ်ပွားစေတတ်တာတွေ ရှိပါသေးတယ် ။သဘာဝလွန်ပြီး ကြီးတာမျိုးတော့ ထူးထူးဆန်းဆန်း ဖြစ်တတ်လို့  စိတ်ဝင်စားစရာ ကောင်းတာမျိုးလည်း ရှိတတ်ပါတယ် ။ဒီတော့ ဘာလို့ ကြီးအောင် ထွင်ကြတာပါလိမ့် ။ နာမယ်ကြီးချင်လို့ ဖြစ်မယ် ထင်ပါတယ် ။ အဲ့ လို ကြီးကြတာတွေ အများကြီး ရှိတဲ့အထဲမှာ ဘာကြီးသလည်း သိချင် ၊ ကြည့်ချင် ကြရင်တော့ ဆက်ဖတ်ကြည့်လိုက် ပေါ့ နော် ။ ကြီးကျယ်လိုက်တာ လို့ တော့ မထင်စေချင်ပါ ။



Guinness Book of World Records ထဲမှာ စံချိန်တင်ထားတဲ့  ကမ္ဘာ့  အကြီးဆုံး မော်တော် ဆိုင်ကယ် တစီးကို California's Stockton မှ Gregory Dunham ဆိုသူက ၃ နှစ်တာမျှ အချိန် ယူပြီး တည်ဆောက်ခဲ့ ပါတယ် ။ ၁၁ ပေ အမြင့် ၊ နဲ့ ပေ ၂၀ ရှည်လျားတဲ့ သူ့ ရဲ့  ဆိုင်ကယ်ကြီး ဟာ အင်ဂျင်အား ၈.၂ လီတာ ၊ ဘီးတလုံး အမြင့် က ၁.၈၈ မီတာ၊ အလေးချိန် ၆၅၀၀ ပေါင်ရှိပြီး တန်ဘိုးငွေ ဒေါ်လာ ၃ သိန်း မျှ ကုန်ကျပါတယ် ။ (ကိုယ့်ဟာကိုယ်ဆို အိမ်ကောင်းကောင်း တလုံးပဲ ဝယ် နေလိုက်ပါတော့ မယ်လေ ) ။ ဒီလောက်ကြီးမားနေတော့ လမ်းမပေါ်မှာ မြန်မြန် လည်း မမောင်း နိုင်တဲ့ အပြင် ၊ ရပ်စရာ နေရာလည်း ရှာရ မလွယ် ဘူး ထင်ပါတယ် ။

ဒီနေရာမှ ရယူထားတာပါ
................................................................................

ဒါကတော့ ထိုင်ခုံ ခပ်ကြီးကြီးမှာ ထိုင်ချင်သူများ အတွက်ပါ ။ ဘယ်လိုတက်ပြီး ဘယ်လိုဆင်းကြမလည်း တော့ မသိ ။ ပြုတ်ကျ ရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ ။ ထိုင်ခုံ ပြုလုပ်တဲ့ နေရာမှာ နာမည်ကျော်တဲ့ မင်ဇာနို မြို့  ဟာ အီတလီ နိုင်ငံ တွင် တည်ရှိပါတယ် ၊ ဒီပုံက photoshop နဲ့ တည်းဖြတ်ထားတာ မဟုတ် ပါဘူး တဲ့  ။
ဒီနေရာ မှ ရတဲ့ အကြောင်းအရာပါ
.......................................................................

Massachusetts Institute of Technology မှ သိပ္ပံပညာရှင် စာရေးဆရာ တဦးဖြစ်သူ Michael Hawley ရေးသား ပြီး ပုံနှိပ်ထုတ်ဝေ ခဲ့တဲ့ စာအုပ်ကြီး ဟာ အလေးချိန် ၁၃၃ ပေါင် ၊ ၇ ပေ အလျား၊ နဲ့  ၅ ပေ အနံ ၊ စာမျက်နှာ ပေါင်း ၁၁၂ မျက်နှာရှိပြီး ၊ ပုံနှိပ် တဲ့ ဆေးရည် မင် တစ်ဂါလံ သုံးစွဲ ရကာ တန်ဘိုးငွေ ဒေါ်လာ ၂၀၀၀ ကုန်ကျပါတယ် ။ပုံနှိပ်ထုတ်ဝေခဲ့တဲ့  စာအုပ်တွေထဲမှာ အကြီးဆုံး စာအုပ်အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ် ။
................................................................................

ပေ ( ၁.၂၆ မီတာ ) အရှည်ရှိတဲ့  အကြီးဆုံး သေနတ် အား၊ ရီမင်တန် မိုဒယ် ၁၈၅၉ ဆိုပြီး Ryszard Tobys ဆိုသူက တီထွင် ပြုလုပ်ခဲ့  ပါတယ်။ ( ဘယ်လိုကိုင်ပြီး ဘယ်လိုပစ်ရသလည်း ။ ဒီလိုသာ ဆိုရင် တော့ ပစ်တိုင်းလွဲ မှာ သေချာပါတယ်။ ပစ်မှတ်ကို ပြောင်းဝရှေ့ တည့်တည့် လာထားပေးမှ မှန်နိုင်ပါတော့မယ် )
..........................................................................

အလေးချိန် ၂၁၅၀၀ ပေါင် ၊ အလျား ၇၆ ပေ ရှည်တဲ့  ခဲတံ တချောင်း ကို နယူးယောက် မြို့ နေ Ashrita Furman ဆိုသူနဲ့ ပန်းပုဆရာများ က ပြုလုပ် ခဲ့ ပါတယ် ။ ဘယ်လိုများ ချွန်ပြီး ဘယ်လိုများရေးကြ မလည်း နော် ၊
................................................................................

စာလုံးတွေရေးဖြည့် ရတဲ့ crossword ပဟေဠိ အဖြေညှိ ညာဏ်စမ်း ကစားနည်းကို ရုရှ ယူကရိန်းပြည်နယ် Lvov မြို့ က အဆောက်အဦမှာ ညဆိုရင် အပန်းဖြေရင်း နဲ့ အဖြေညှိနိုင်ကြပါတယ် ။ အဲဒီ မြို့မှာရှိတဲ့ စိတ်ဝင်စားဘွယ်ရာ အကြောင်းအရာများ၊ ပြဇတ်ရုံ ၊ပန်းခြံ စတဲ့ အထင်ကရ နေရာများ ကို မေးထားပြီး ညကျမှသာ မီးရောင်လင်းနေတဲ့ အဖြေ စာလုံးများကို တွေ့ ရှိရ မှာ ဖြစ်ပါတယ် ။နေ့ အချိန်မှာဆိုရင်တော့ သာမန် အဆောက်အဦ တခုလို ဘာမှ မထူးခြားပါ ဘူး ။အဲ့ ဒီ အမြင့် ၃၀ မီတာ ရှိတဲ့ crossword ဟာ ကမ္ဘာ့ အကြီးဆုံး ပါပဲ တဲ့ ။ ( အဲ့တာကြောင့် ညာဏ်ကြီးရှင်တွေကို ဆရာတင် ထားတာ နေမှာ ..း)) ရောက်ဖူးတဲ့ သူများ ရှိရင် ပြောပြကြပါဦး နော် ။
.............................................................................

ကမ္ဘာ့ အကြီးဆုံးဥ တဲ့ ။ဘာဥ ပါလိမ့် ။ ဘယ်လ်ဂျီယံ မှာ ၂၀၀၅ ခုနှစ် ခရစ်စမတ်ပွဲ အတွက်ဥ ပါ ။ နာမယ်ကြီး ချောကလက် ထုတ်လုပ်သူ ပြုလုပ်ထားတဲ့  ချောကလက်ဥ မှာ ချောကလက် အပြားပေါင်း ၅သောင်းကျော် ပါပြီး ၈.၃၂ မီတာမြင့်ပါတယ် ။ အလေးချိန် ၁၉၅၀ ကီလိုဂရမ်( ၄၃၀၀ ပေါင်) ရှိတဲ့ အဆိုပါ ဥ ကို လူပေါင်း ၂၆ ယောက်က ၅၂၅ နာရီအချိန်ကြာမျှ ပြုလုပ်ခဲ့ ရတာ ဖြစ် ပြီး ၁၉၉၆ ခုနှစ်က တောင်အာဖရိက Kwazulu-Natal မှ အကြီးဆုံးဥ စံချိန်ကို ချိုးခဲ့ တာ ဖြစ်ပါတယ် ။
....................................................................
ဒါကတော့ ကမ္ဘာ့ အကြီးဆုံး ရေကူးကန် ပါ ။ ချီလီနိုင်ငံ တောင်ဖက် ကမ်းခြေ Algarrobo မြို့  မှာ San Alfonso del Mar resort အပန်းဖြေ ကမ်းခြေ အဖြစ် တည်ဆောက်ထားပါတယ် ။ ဧကပေါင်း ၂၀ ရှိပြီး ၁၁၅ ပေ အနက် ရှိကာ ရေ ဂါလံပေါင်း ၆၆ သန်းဆံ့ ပါတယ် ။ ၅နှစ်ကျော် တည်ဆောက် ခဲ့ ရပြီး တန်ဘိုးငွေ ပေါင် ဆယ်သန်း ကုန်ကျ ကာ ထိမ်းသိမ်း မွမ်းမံ စရိတ်က တနှစ်ကို ပေါင် သန်း ၂၀ မျှ ရှိပါတယ် တဲ့  ။ ဆင်ဖိုး ထက် ချွန်းဖိုး ပိုကြီးတယ်ဆို တာ အမှန်ပါပဲ ။
.......................................................................

ကမ္ဘာ့  အကြီးဆုံး ရှုးဖိနပ် တရံကို ဖိလိပိုင်နိုင်ငံ Marikina မြို့ မှာ တွေ့ နိုင်ပါတယ် ။ ၅.၂၉ မီတာ အရှည်ရှိပြီး ၁.၈၃ မီတာ မြင့်ပါတယ် ။ ဒီဖိနပ် တရံကို ၇၇ ရက်ကြာ ချုပ်လုပ်ခဲ့ ရပါတယ် ။
ဒီနေရာမှ ရတဲ့  အကြောင်းအရာတွေ ပါ ၊
ကြီးကြီးကျယ်ကျယ်များဖြစ်အောင် ဘယ်လို ဆန်းဆန်းပြားပြားများ အကြီးစားများ တီထွင် ကြဦးမလည်း။ ရှာလိုက် ဖွေလိုက်ပါအုံးမယ် ။
လူတိုင်း မေတ္တာ ၊ ကရုဏာ ၊ မုဒိတာများ ကြီးမားစွာ ထားနိုင် ၊ ပွားနိုင်ကြပါစေ ...

17 comments:

Welcome Monday, December 07, 2009 6:16:00 PM  

ဝါသနာလည်းပါမယ်၊ လုပ်နိုင်တဲ့ အခြေအနေနဲ့ ငွေကြေးအင်အားလည်း ပြည့်စုံမယ်ဆိုရင် ပေါ်ပြူလာဖြစ်ဖို့ ဒီလိုပဲ ကြိုးစား ဖန်တီးကြမယ် ထင်ပါတယ်။

ahphyulay Monday, December 07, 2009 6:34:00 PM  

ထမင်းစားလိုက်ဦးမယ်ဗျာ၊ ပြန်လာခဲ့ မယ်ချက်ခြင်း။

ဝက်ဝံလေး,  Monday, December 07, 2009 7:16:00 PM  

များ လဲ ကွန်ပြူတာ ကြီးကြီးလိုချင်တယ် ဗျာာာာာာာာာာာာာာ မကိ တီထွင်ပေး ဒါဗြဲ ဒါဗြဲ ဘိုင် တာ့တာ

ahphyulay Monday, December 07, 2009 7:57:00 PM  

ထိုင်ခုံ ကြီးကြီး ကတော့  ထိုင်ပြီး ဖယ်မပေးချင်သူတွေ
ကိုယ်ထိုင်တဲ့ ထိုင်ခုံကို ကျိုး သွားအောင် ထိုင်ချင်သူတွေ
ကို ပေးလိုက်ပါ။

http://hantharmyintoo.blogspot.com/,  Monday, December 07, 2009 11:43:00 PM  

ထမင်းအကြီင်္းကြီးစားချင်တယ် ရမလား ဟင်......:P

အနမ်း Tuesday, December 08, 2009 12:35:00 AM  

လေယဉ်ပျံ ကြီးကြီး စီးရရင်ကောင်းမလား ???
ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။

ရေတမာ Tuesday, December 08, 2009 8:44:00 AM  

ပိုက်ဆံတွေ အလဟဿ ကုန်တယ်လို့မြင်တယ်။ တော်ရုံပဲကောင်းတယ်ထင်တယ်နော်

ဂျပန်ကောင်လေး Tuesday, December 08, 2009 8:45:00 AM  

အားရစရာကြီးတော...း).. ကြီးတော့ ၀င်ပုန်းလို့ရတာပေါ့...

~ဏီလင်းညို~ Tuesday, December 08, 2009 9:36:00 AM  

ကွိကွိစ်ရေ...
အားပါးပါး.... အား... ရ... ချ... ရာ.... ဂျီး... ဒွေ...နော်...။ တစ်ပွေ့တစ်ပိုက်ကြီးဒွေချည်းပဲ...ဟင်းးးးး

ခင်မင်တဲ့
ဏီလင်းညို

မေဇင် Tuesday, December 08, 2009 9:54:00 AM  

မမကိကိ ရေ...သူတို့တွေ ပေါ်ပြူလာ ဖြစ်တာပေါ့နော်...။ နောင့်က အိမ်ကြီးကြီး တော့ မဟုတ်ဘူး..အိမ် အကျယ်ကြီး လိုချင်တယ်...း))။ ဒါပေမယ့် အမှိုက်သိမ်းဖို့ စိတ်ရှုပ်ရမှာနော်... မလိုချင်တော့ပါဘူး.. ))

Nge Naing Tuesday, December 08, 2009 12:04:00 PM  

Kiki တယောက် အကြီးဆုံးတွေ လိုက်ရှာရလို့ အချိန်တော်တော်ကုန်မှာပဲ။ ဘာလို့ အကြီးကြိုက်လဲဆိုတော့ နာမည်ကြီးချင်လို့ပဲ ဖြစ်မှာပေါ့။ တခြားတော့ ဘာအကြောင်းမှ မတွေ့ရဘူး။

လသာည Tuesday, December 08, 2009 3:44:00 PM  

လူတကိုယ် ၀ါသနာတမျိုးပေါ့နော်။ အကြီးကြီးလုပ်ကြည့်ချင်တဲ့ သူတွေရဲ့ ၀ါသနာနဲ့ အမှတ်တရ လက်ရာများကို တပေါင်းတည်း ကြည့်လို့ရသွားတယ်။ ရှာဖွေတင်ပြပေးတဲ့ မကိကို ကျေးဇူးအများကြီးတင်ပါတယ်။

busymozzee Tuesday, December 08, 2009 7:14:00 PM  

ကြီးရင် ကြီးတယ်လို့မှတ်...
သေးရင်သေးတယ် လို့မှတ်.....

မြစ်ကျိုးအင်း Wednesday, December 09, 2009 1:58:00 AM  

ကိုပီတာဘလော့မှာ ဖတ်ဖူးတာတော့ အမျိုးသမီးတွေလည်းကြီးချင်ကြတယ်ဆိုပဲး)

ဒေါ်လာအိတ်ကြီးကြီးလေး ကောက်ရရင် ကောင်းမယ်

thawzin Wednesday, December 09, 2009 4:54:00 AM  

သားက အကြီးကြီးတွေ ကြိုက်ဘူးဗျ။ သေးလွန်းလျှင်မလှ ရွေးလျှင်မရတဲ့ ရွေးစရာမရှိတော့လဲ ရတာပဲယူထားရမယ့်ဘ၀ပါဂျာ။ ဗဟုသုတလေး မှတ်ထားပါ့မယ်။

Waing Wednesday, December 09, 2009 12:06:00 PM  

ထိုင်ခုံနဲ့ရှူးဖိနပ်ကို သဘောကျတယ်း)

အိမ် Friday, December 11, 2009 8:05:00 AM  

အထူးအဆန်းတွေပါပဲဗျာ..။ ကြီးတိုင်း မကောင်းတာ အမှန်ပါပဲ...

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP