အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Dec 9, 2009

ဖြစ်ရလေခြင်း(၄)....

ထူးထူးဆန်းဆန်းရောဂါတွေ ခံစားနေကြရတာ ဝဋ်နာကံနာလို့ ဆိုရလေမလားဆိုပြီး ဖြစ်ရလေခြင်းတွေ ရေးခဲ့ဖူးပါတယ် ။အခု နောက်တမျိုး ကတော့ အမွှေးအမျှင် ပေါက်ခြင်းနဲ့ ပတ်သက်တဲ့ ရောဂါ တချို့ ပါ ။
လူတကိုယ်လုံး အရေပြား ရှိတဲ့နေရာမှာ အမွှေးအမျှင်ပေါက်ရတယ် ။ အထူအပါး အနည်းအများကတော့ သူပေါက်တဲ့ နေရာနဲ့ဆိုင်တာပေါ့နော် ။ ခေါင်းမှာပေါက်တော့ ဆံပင်ခေါ်တယ် ၊ သူက အများဆုံးအရေအတွက် နဲ့ အရှည်ဆုံး ၊ ရှည်နှုန်း အမြန်ဆုံးပေါ့ ။ ကျန်တဲ့နေရာတွေ နှာခေါင်းမှာဆို နှာခေါင်းမွှေး ၊ ပါး နဲ့  နားရွက်ရှေ့ မှာ ပါးသိုင်းမွှေး ၊ မေးစေ့မှာ မုတ်ဆိတ်မွှေး ။ ဂျိုင်း ၊ ရင်ဘတ် ၊ ကျောပြင် နဲ့ ..... နေရာတွေမှာလည်း နာမယ် အမျိုးမျိုး နဲ့ ခေါ်ဆိုကြတယ် ဆိုတာ အားလုံး သိပြီးသားပါ ။ပြီး နေရာအနှံ့ လည်း မွှေးညှင်းနူ များ ရှိတတ်ပါတယ် ။ သူတို့ ကျ ဆံပင်လို မရှည်ကြပါဘူး ။ (ချွင်းချက်အနေနဲ့ တော့ရှိတာပေါ့ နော် ။ တချို့ ဆာဒူးတွေ အိန္ဒိယ လူမျိုးတွေကျ မုတ်ဆိတ်ကို ဆံပင်လို တမင် အရှည်ထားကြတာမျိုးကို မဆိုလိုပါဘူး ) ။ ခုပြောမှာကတော့ ဆံပင်ပေါက်တဲ့ ဦးခွံတနေရာတင် မဟုတ် ပဲ တခြား နေရာ အစိတ်အပိုင်းတွေမှာပါ ရှည်လျှား ထူထဲတဲ့ အမွှေးအမျှင်များ ပေါက် တဲ့ ရောဂါတမျိုးပါ ။

သူ့ ကို ဆေးပညာအရ Hypertrichosis လို့ ခေါ်ပြီး Human Werewolf Syndrome ဒါမှ မဟုတ် Ambras Syndrome လို့ လည်းခေါ်ဆိုကြပါသေးတယ် ။ မွေးရာပါ ပါလာတဲ့ ( Congenital Hypertrichosis )အနေအထားမျိုးကတော့ ရှားပါတယ် ။ အဲ့ဒီ မွေးရာပါထဲမှာ တကိုယ်လုံးမဟုတ်ပဲ နေရာ အကွက် အနည်းငယ်လောက် မှာသာ မှဲ့ ပုံစံပေါ်မှာ အမွှေးရှည်တွေ ထွက်နေတာကို Naevoid Hypertrichosis လို့ ခေါ်ပါတယ် ။
များသောအားဖြင့် ကတော့ အသက် အနည်းငယ်ရောက် မှ ကလေးဘဝ မှာ မှ စတင် ပြောင်းလဲ လာတတ်ကြပြီး Acquired Hypertrichosis လို့ ခေါ်ပါတယ် ။

အောက်ပါပုံကတော့ The Hairy Family of Burma ဆိုပြီး ၁၈၂၆ မှာ John Crawford ဆိုသူက မှတ်တမ်းတင်ထားတာပါ ။ အင်းဝခေတ်က ဦးရွှေမောင် ဆိုသူရဲ့ ဆွေစဉ်မျိုးဆက် ၄ ဆက်ထိ တွေ့ ရှိရတဲ့ အကြောင်းပါ ။ဦးရွှေမောင် ရဲ့ သားသမီး ၄ ဦးထဲမှာ သမီး တစ်ဦးသာ ဒီရောဂါ ဆက်ခံရပြီး သူမ မှ မွေးဖွားတဲ့ သား၂ယောက် အနက် သား တစ်ယောက်ကို ဒီရောဂါ အမွေပေးခဲ့ပါတယ် ။ သူတို့ အားလုံးမှာ သွားနဲ့ပတ်သက်တဲ့ ပြဿနာများ ရှိကြပါတယ်တဲ့။


ု့ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ မှာတော့....
(၁)မျိုးရိုးဗီဇ ပုံသဏ္ဍန်ပြောင်းလဲခြင်း နဲ့ ချို့ယွင်းခြင်းတို့ ( genetic disorder ) ကြောင့် ဖြစ်ရတာပါ ။

အမျိုးသမီး တွေရဲ့ . X chromosome မှာ ဒီ ရောဂါ ဖြစ်စေတဲ့ ဗီဇ ကိုသယ်ဆောင်တတ်ပြီး သူ့ ရဲ့  သား၊ သမီးတွေ ၅၀%မှာ ရောဂါ ပေါ်စေတတ်ပါတယ် ။

အမျိုးသားတွေမှာကျတော့ သူ့ ရဲ့  ချို့ ယွင်းတဲ့ အဲ့ဒီမျိုးရိုးဗီဇကို သူ့ သမီး မိန်းကလေးကိုသာ ရောဂါ အမွေပေးပြီး သားယောကျာင်္းလေးမှာတော့ ဘာရောဂါလက္ခဏာမှ မပြစေပါဘူး ။

(၂) တချို့ တလေမှာ ကင်ဆာ ရောဂါတခုခု ခံစားနေရပြီဆိုရင်လည်း အဆိုပါ အမွှေးမျှင်ကြမ်းတွေ ပေါက်လာတတ်ပါတယ်။
(၃) ဆေးဝါးတချို့ နဲ့ ဇီဝကမ္မလုပ်ငန်း ပုံမမှန်ဖြစ်ခြင်းတွေကြောင့်လည်း အဆိုပါ အမွှေးမျှင်များ ထွက်လာတတ်ပါတယ်။
သွေးတိုးရောဂါ နဲ့  ဆံပင်ကျွတ် ဆံပင်ပြောင်ရောဂါ( Alopecia) မှာ သုံးတဲ့  Minoxidil ( Loniten, Regaine) ခေါ်ဆေးတမျိုး ၊phentynoin ၊ ciclosporin စတဲ့ ဆေး များ ရဲ့  ဘေးထွက်ဆိုးကျိုး အနေနဲ့လည်း ဒီလို အမွှေးမျှင်ရှည်တွေ ပေါက်လာတတ်တယ် ၊ သိုင်းရွိုက် အကျိတ် ပုံမမှန်တဲ့ အခါ မှာလည်း ဒီ လို အမွှေးရှည်တွေ ပေါက်လာတတ်တယ် ။

ကုသခြင်း
မွေးရာပါကြောင့် ဖြစ်တဲ့  အဆိုပါ ရောဂါအတွက် တခြား ထွေထွေထူးထူး ကုသစရာ နည်းလမ်းတော့ မရှိပါဘုး ။ အဲ့ဒီ အမွှေးအမျှင်ကြမ်းတွေကို အချိန်မှန် ရိတ်ပေးခြင်း၊ ဒါမှ မဟုတ် အမွှေးအမျှင်ကျွတ်စေတဲ့ ခရင် ဆေးလိမ်း (hair removal creams ) ပေးခြင်း၊ တို့ ဖြင့် နဲပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ အပြင် လျှပ်စစ်ဓါတ် သို့ မဟုတ် လေဆာ ရောင်ခြည် နဲ့ အမွှေး ထွက်တဲ့ နေရာမှ ဆဲလ်များကို ပျက်စီးအောင်လုပ်၍ အမွှေး ထပ် မထွက်အောင် ထိန်းချုပ်ပေးနိုင်ပါတယ် ။
တကယ်လို့  မွေးရာပါ မဟုတ်ပဲ ဆေးကြောင့် ၊တခြား ရောဂါကြောင့် ဖြစ် တာဆိုရင်တော့ ဖြစ်စေတဲ့ အကြောင်းရင်း ကို ဖယ်ရှား လိုက်ရင် သက်သာစေမှာ ဖြစ်ပါတယ်။
လူမြေခွေးလို့  အမည်ရတဲ့ အထက်ပါရောဂါ ခံစားနေရသူများ အကြောင်း တစေ့တစောင်းကို ပုံမှာပြထားတဲ့ အတိုင်း တွေ့ မြင်နိုင်ပါတယ်။


အမွှေးအမျှင် ထူထပ်များပြားခြင်း ရဲ့ နောက်တမျိုး မှာအောက်ပါပုံ အတိုင်း ဖြစ်ပါတယ် ။

နောက်တမျိုး အမွှေးထူထပ်ခြင်း က Hirsutism လို့  ခေါ်တယ် ။ သူ့ ကျတော့ အမျိုးသမီးတွေမှာ ယောကျာင်္း ဟော်မုန်းဓါတ် ( androgens )လွန်ကဲပြီး အမျိုးသားတွေလိုပဲ မုတ်ဆိတ် ၊ ပါးသိုင်း ၊ ရင်ဘတ် ၊ ကျောပြင် ၊ ပေါင်တွေမှာ အမွှေးတွေပေါက်လာတတ်တာပါ ။ ဥအိမ်မှာ အရည်အိတ်တွေ ပါတဲ့ ရောဂါ( Polycystic ovary syndrome)၊ အင်ဆူလင် ဟော်မုန်းဓါတ်လွန်ကဲခြင်း၊ တချို့ ကင်ဆာ အကြိတ်တွေ နဲ့ ဟော်မုန်းပါတဲ့ ဆေးတွေကြောင့် လည်း ဖြစ်တတ်ပါတယ် ။

ဒီနေရာ(၁)(၂) မှ ရယူ တင်ပြပါတယ် ။


တလွဲဆံပင်ကောင်းဆိုတာ ဒါမျိုးလား မသိပါ ။ထိပ်ပြောင်ပြီး မုတ်ဆိတ်ကျတော့ အရှည်သား ။

Alopecia ( ဆံပင်ကျွတ်ခြင်း) / Baldness( ပြောင်ခြင်း )
တချို့ များကြတော့ လည်း အမွှေးအမျှင် နည်းပါးလွန်းလို့ စိတ်မချမ်းသာ ဖြစ်ကြရတယ် ။ဆံပင်ဆိုတာ လူတယောက်ရဲ့  ပုံစံကို အများကြီးပြောင်းလဲသွားစေတတ်ပါတယ်။ ဆံပင် ပုံစံ ပြောင်းလိုက်တာ နဲ့ ပိုပြီး ကြည့်ကောင်းတာတို့ ။ ပုံပျက်သွားတာတို့ အမျိုးမျိုးပေါ့ ။သာမန်လူကောင်းတဦး အနေနဲ့  တနေ့ မှာ ဆံပင် အမွှေးအချောင်း ၅၀ မှ ၁၀၀ မျှ ကျွတ်ထွက်တတ်ကြပါတယ် ။သူ့  နေရာမှာ အသစ် ထပ်ပေါက်နှုန်းက ညီမျှနေတော့ ဆံပင် နဲပါးလာမှု မရှိဘူးပေါ့ ။ဒါပေမဲ့ ခန္ဓာကိုယ်မှာ ရောဂါ တခုခု ဖြစ်လာတဲ့ အခါ( ဥပမာ ..မီး အပူ လောင်ခြင်း၊ဘက်တီးရီးယား နှင့် မှိုရောဂါ စွဲကပ်ခြင်း၊ ငှက်ဖျား ၊တိုက်ဖွိုက် အစရှိတဲ့  ရောဂါများ ) ၊ ပြင်းထန်တဲ့ ဆေးဝါးတွေ ကို အသုံးပြုကြရတဲ့  အခါ( ဥပမာ - ကင်ဆာ ကုသ ဆေး) ၊ ဒါမှ မဟုတ် စိတ် ဖိစီးမှု စိတ်ဝေဒနာတွေ ခံစားရတာ များလာတဲ့ အခါမျိုးမှာ ဆံပင်တွေ လွန်ကဲစွာ ကျွတ်ထွက်တတ်ကြပါတယ် ။ဒီတော့ အမျိုးသားများတွင်သာမက အမျိုးသမီးများမှာလည်း ထိပ်ပြောင်ခြင်းများ ရှိတတ်ကြပါတယ် ။
ကုသခြင်း
ရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းများကို ဖယ်ရှားပေးလိုက်တာ ဟာ ရောဂါကုထုံး တမျိုး ဖြစ်ပါတယ်။ Rogaine ,Regaine အစရှိတဲ့ minoxidil လို့ ခေါ်တဲ့ ဆေးကို ဆရာဝန်ညွှန်ကြားချက် အရ သောက်သုံး နိုင်ပါတယ် ။

ဒီနေရာ(၁) (၂) များ မှ ရှာဖွေ တင်ပြပါတယ်

အမွှေး အမျှင် ဆိုတာမှာလည်း ၊ များလွန်းလည်း မကောင်း ၊ နဲ လွန်းလည်း မဟန် ။ လိုအပ်တဲ့ နေရာမှာ လိုသလောက် ၊ သူ့ ပုံမှန် နေရာမှန်တာပဲ ကောင်းပါတယ် ။ လူမှန် နေရာမှန် ကြဖို့  အရေးကြီးပါတယ် ။ အယ် .. ယောင်လို့ .. အမွှေးမှန် ၊ နေရာမှန် ရှိဖို့ လို့  ပြောချင်တာပါ ။း))

22 comments:

Welcome Wednesday, December 09, 2009 12:18:00 PM  

အမှန်ပဲ ဗဟုသုတရစေပါတယ်။

တောင်ပေါ်သား Wednesday, December 09, 2009 12:37:00 PM  

အမရေ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူတို့လေးတွေ အမြဲတမ်းတော့ အားငယ်နေတတ်တော့မှာပေါ့


လေးစားလျက်
တောင်ပေါ်သား

ပူးတေ Wednesday, December 09, 2009 12:43:00 PM  

မကိရေ...
မျှဝေပေးတာကျေးဇူးပါ။ တော်သေးတယ်။ ကံကောင်းလို့ ဒီလိုမျိုးတွေမကြုံရတာ။ ဒါပေမယ့် ပူးတေလဲ ဆံပင်သိပ်မကောင်းဘူး။

Nge Naing Wednesday, December 09, 2009 12:48:00 PM  

Kiki ရေ ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်တယ်။ မြန်မာမိသားစု အကြောင်းက ဘယ်ကသွားရှာတွေ့တာလဲ။ Sex linked Dominate ဆိုရင်တော့ အမျိုးသမီးတွေက အဖေတွေဆီက ရောဂါကို သယ်ဆောင်လာပေမဲ့ သူတို့ကိုယ်တိုင် ရောဂါမဖြစ်ဘူး သူတို့ရဲ့သား တ၀က်ခန့်ကို အမွေပေးတယ်။ ရောဂါကို အဖေဆီက သားတွေဆီ မကူးစက်ပေမဲ့ အမေတွေဆီက တဆင့် အမေဘက်က အဖိုးဆီက အမွေရနိုင်ပါတယ်။

ရေတမာ Wednesday, December 09, 2009 1:15:00 PM  

ဟုတ်ပါ့ မြန်မာမိသားစုအကြောင်း ဘယ်လိုရှာတွေပါလိမ့်။ ကိုတောင်ပေါ်သားပြောသလို သူတို့တွေ အပြင်လောကမှာ အားငယ်နေကြမှာပဲနော်

မငုံ,  Wednesday, December 09, 2009 6:22:00 PM  

ဟုတ်ပ့နော်။။ အပြင်မှာ ဘယ်လောက်များ အားငယ်မလဲ မသိဘူး။ ပုံတွေကြည့် ဖတ်ရတာ စိတ်မကောင်းဘူး ဘွားရေ..

မငုံ,  Wednesday, December 09, 2009 6:22:00 PM  

ဟုတ်ပ့နော်။။ အပြင်မှာ ဘယ်လောက်များ အားငယ်မလဲ မသိဘူး။ ပုံတွေကြည့် ဖတ်ရတာ စိတ်မကောင်းဘူး ဘွားရေ..

rose of sharon Wednesday, December 09, 2009 6:23:00 PM  

တော်တော်ထူးဆန်းတယ်နော်....

လသာည Wednesday, December 09, 2009 7:54:00 PM  

ဗဟုသုတရစေတဲ့စာလေးတွေကို ရှာဖွေတင်ပြပေးတာ ကျေးဇူးအရမ်းတင်တာပဲ..။
နေရာမှန်မပေါက်တဲ့ သူတွေ သနားပါတယ်နော်။

နွေဆူးလင်္ကာ Wednesday, December 09, 2009 8:17:00 PM  

ဗဟုသုတ ရပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

ahphyulay Wednesday, December 09, 2009 8:39:00 PM  

ဗဟုသုတ ရစေတဲ့  ပို့ (စ)လေးတစ်ခု ဖြစ်ပါကြောင်း။

busymozzee Wednesday, December 09, 2009 8:51:00 PM  

အောက်ဆုံးက လူကြီး တနားပါတယ်... သူခမျာ ရှက်ရင် ဖုံးထားစရာလေးတောင် မရှိရှာဘူး.... ရှင်ကလေ ပြောင်ချော်ချော်နဲ့လို့ အမြဲတမ်း ပြောခံနေရရှာမှာ... ဟီး...ဟီး..

မြစ်ကျိုးအင်း Wednesday, December 09, 2009 9:57:00 PM  

မဖြစ်သေးလို့သာသတိမထားမိကြတာပါ
တကယ်ဖြစ်လာတဲ့အခါ တော်တော် စိတ်ဆင်းရဲ ရမှာပါပဲ။

အသိပညာ နည်းတဲ့နေရာတွေမှာဆို ပြုစား တယ်လို့ ထင်ကြမှာပဲ

ဗဟုသုတ ရစေလို့ ကျေးဇူးပါမကီရေ

thawzin Thursday, December 10, 2009 3:34:00 AM  

မှတ်သားစရာပါဗျာ။ မေသက်ခိုင်လေးကတော့ နှုတ်ခမ်းမွှေးလေး မရှိသလို ရှိသလိုနဲ့ အရမ်းချစ်စရာကောင်းတာဗျနော်။ ထူးထူးဆန်းဆန်းဖြစ်နေကြတဲ့ အထဲမှာ အဲလိုမျိုး ထူးထူးဆန်းဆန်းကြိးတော့ ဖြစ်ချင်ပါဘူး။ အမွှေးဆိုမုန်းတယ်ဗျ။ ငယ်ငယ်က အစ်မတွေက “ဖျင်းကြမ်းပုဆိုးနဲ့ တိုက်ပစ်ရေချိုးပြီးရင်” ဆိုတော့ တိုက်ကြည့်တာလေ အခုကျတော့ အမွှေးက အင်္ဂါမဆုံတော့ဘူး။ ဦးဝင်းဦးလိုဆိုလဲတော်သေး။ အခုတော့ ကွပ်တိကွပ်ကြားနဲ့ ရုပ်ကိုဆိုးလိုက်တာပဲဗျာ။ အင်တာနက် ရတုန်း ပွားသွားတာ။ ပြန်ပြီး

့ကိုဟန် Thursday, December 10, 2009 5:16:00 AM  

ကျနော်မိန်းမမှာလဲ နုတ်ခမ်းမွေးတွေပါးသိုင်းမွှေးတွေပါတယ် တော်ပါသေးရဲပ နုနုလေးတွေ ဟားဟား

ရွှေရတုမှတ်တမ်း Thursday, December 10, 2009 9:51:00 AM  

ဘကျောက်မှာ Naevoid Hypertrichosis ရှိတယ်
ဗမာတွေကတော့ ပေါင်မှာစာနက် ချက်မှာစာဖြူ မလုပ်ပဲနဲ့ကြွယ်မဲ့သူတဲ့..ဟုတ်လဲဟုတ်ဖဲနဲ့ ..ဘကျောက်ဖြင့် တခါတလေ တနေ့ ၁၆ နာရီလောက် အလုပ်လုပ်နေရတယ်

ခြေလှမ်းသစ် Thursday, December 10, 2009 10:48:00 AM  

ဘယ်လိုရောဂါပဲ ဖြစ်ဖြစ် လူသားများထံမှ ကင်းဝေး ကြပါစေလို့

~ဏီလင်းညို~ Thursday, December 10, 2009 11:42:00 AM  

ကွိကွိစ်ရေ...
ကျွန်တော်တော့ သူတို့ကို သနားတယ်ဗျာ...။
ဘာကြောင့်ပဲဖြစ်ဖြစ်... သူတို့တွေ ခဏခဏ သိမ်ငယ်မှုဆိုတာကို ခံစားရမှာစိုးလို့လေ...။

ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် Thursday, December 10, 2009 12:29:00 PM  

ဗဟုသုတကတော့ ရပြီးရင်းရတယ်ဗျာ...

သနားဖို့တော့ ကောင်းသားဗျာ...
လူဖြစ်ရက်နဲ့ ခုလိုမျိုးဖြစ်နေတာ...

ဖြိုးဝေ-mmp Friday, December 11, 2009 3:50:00 AM  

ဗဟုသုတရစရာ ရှားရှားပါးပါး post တစ်ခုပဲဗျာ
လေ့လာမှတ်သားသွားတယ် မကိရေ ....
ဂရုနာသက်မိတယ်။
ပထမစဖွင့်တော့ ပုံကိုကြည့်ပြီး မကိနောက်ပြန်ပြီမှတ်တာ
အားလုံးသိထားသင့်တယ်။
မကိတော်လှပြီလားဗျာ။

အိမ် Friday, December 11, 2009 7:57:00 AM  

အဲဒါ ကြားဖူးနေတာတော့ ကြာပြီဗျ သေချာ မသိသေးတာပါ ပုံတွေ ဗီဒီယိုတွေလဲ ကြည့်ဖူးတယ်။ ကျေးဇူးပါ အခုလိုမျှဝေတာ

Anonymous,  Monday, February 22, 2010 4:31:00 AM  

Nice brief and this mail helped me alot in my college assignement. Thank you seeking your information.

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP