အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Dec 11, 2009

တာဝန်ယူတယ် ဆိုတာ....

ခုတလော တွေးစရာတွေ များလို့  ဦးနှောက်စားနေတာ ၊ဇကာပေါက်လိုပါပဲ ။ကိုယ့်ဦးနှောက် ကိုယ်ပြန်ဖေါက်ကြည့် မိလိုက်တာကိုး ။တောင်မရောက် မြောက်မရောက် အတွေးတွေ ကို တောင်စဉ်ရေမရပ် ဟိုတွေး ဒီတွေး နဲ့  ဘဲဥအစရှာနေ မိတာ က မျိုးဆက်တွေ ၊ တာဝန် ယူတတ်မှု တွေ ၊ဒီဇင်ဘာ အားကစားလ ဘော်လီဘောပွဲ ၊ထုပ်ဆီးတိုးပွဲ အကြောင်းတွေ ။ဘာလို့များ ဂယောက်ဂယက် ဖြစ်နေပါလိမ့် လို့  ပြက္ခဒိန် လှမ်းကြည့်မိတော့ မှ “ ဟင် ” .. ဆောင်းတွင်း ရောက်နေပြီကိုး ။ လောကကြီးနဲ့  ဘယ်လောက်တောင် အဆက်ပြတ်နေ ပါလိမ့် မလည်း ဆိုတော့ အူကြောင်ကြောင် နိုင်တဲ့ ကိုယ်တယောက် က ခုမှ တရေးနိုး ထကြည့်နေမိတာ Sweet December လို့  ပြောတဲ့ အချိန်တောင် လတဝက် ကျိုး တော့ မှာ ပါလား လေ။



တက်ကျမ်းက ဆိုထားတယ် “တာဝန်ယူစိတ်မွေးပါ” တဲ့
ထော်လော်ကန့် လန့်  အော်ပီကျယ် ရဲ့  ကျကျမ်း က ဆိုပါတယ် ၊ ဒီလိုပါ တဲ့
၁။ ။(တာဝန်ယူစိတ် လား ၊ ဘာလို့ မွေးရမလည်း ၊ ကိုယ့်ကိုယ်ကို တရားခံ မရှာချင်ပါဘူး လေ ။ ကိုယ်နဲ့ မှ မဆိုင်တာ ၊ ဝေးဝေးသာရှောင် ၊ )

၂။ ။ ပြဿနာ တခုခုဖြစ်လျှင် သူများကို လွှဲချပါ ၊ပါတ်ဝန်းကျင်ကို အပြစ်ဖို့ ပါ ။
( ကိုယ့် E ပုံ ဖြစ်မှန်း သိသာနေရင်လည်း ဗြောင်သာငြင်း ၊ အသံကျယ်တဲ့ သူက နိုင်မှာပါပဲ ။ ဟဲ ဟဲ )

၃။ ။ တာဝန်ယူစိတ် မရှိသော သင့် ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။လိုသလို အသုံးချပါလေ ။
(ဆင်ခြေ ဆင်လက် နဲ့ မလောက်သေးရင် ကြက်ခြေထောက်တွေလည်း ရှိသေးတယ် )

၎။ ။ ရှောင်လွှဲ၍ မရပါက တရားခံစာရင်းထဲသို့  အခြားသူများကိုပါ ဆွဲထည့်ပါ ။ စကားလုံးကြွယ်ဝ ပါက ကမ္ဘာကြီးကိုပင် ဆွဲထည့်နိုင်သည် ။
(အလကားနေရင်း တရားခံ ရှာနေပြန်ပြီ ။ကမ္ဘာကြီးက သူ့ ဟာသူနေတဲ့ သက်မဲ့အရာဝတ္ထုလေးပါကွယ် )

၅။ ။ ကံသည် ပုံချရန် အလွန် အသုံးဝင်၏ ။
( စိတ်မပျက် နှင့်။ မိမိ တစ်ကိုယ်တည်း အဆင်ပြေရေးကိုသာ လုပ်ဆောင်ပြီး လောက အရေးကိုတော့ ကံကိုသာ တာဝန်လွှဲထားသော အပေါင်းအဖေါ် များစွာ ရှိပါသည် )

အော်ပီကျယ်ရဲ့  မှတ်သားဘွယ် အဆိုအမိန့်  နှင့် ဆန့် ကျင်ဘက် အတွေးအခေါ် များကို့  ပြန်ပြီးဝေမျှ ပေးလိုက်ပါတယ် ။
ဟိုလိုလို ဒီလိုလို အတွေးများကို ဖြစ်ပေါ်စေမှာပါ ။ဖတ်ပြီး တွေးပြီး ပြုံးနိုင်ကြပါစေ ။
မုဒိတာပွား၍ အကောင်းဖက်မှ ရွေးချယ် တွေးတော တတ်ကြပါစေ ။ မှန်ကန် တိုင်း လည်း မကောင်းပါ ဘူး ။ သူများ အမြင်စောင်းတတ်တယ် ပေါ့ ။

16 comments:

သုဒြေ္န,  Friday, December 11, 2009 10:38:00 PM  

ဟာဟ ဟာဟ တစ်ရပြီထင်တယ်နော်

ဓါးထက်ထက်,  Friday, December 11, 2009 10:51:00 PM  

မကိရေးတာမှန်တယ် မှန်ကန်တိုင်းလည်း မကောင်းပါဘူး ဆိုတာမှန်တယ်ဗျာ (၁ )မှန်လွန်းရင် အကန်ခံရမည် (၂) မှန်ကန်လျှင် ကွဲ၍ ကိုယ့်ကို ရှမည် (၃)မှန်သောသူရွာပြင် ထွက်၍နေရမည် (၄)မှန်တိုင်းလဲမကောင်းပါဘူးဗျာ ကိုဇဂနာ ပြောသွားသည် {၆၅} နှစ်တဲ့ ဗျာ

ခြေလှမ်းသစ် Saturday, December 12, 2009 1:47:00 AM  

အမှန်တရား ခါးသီးတတ်ပါတယ် နအဖ အတွက် မှန်တိုင်းလည်း မကောင်းပါဘူး ... ဘာတခုမှ အမှန်တွေ အလုပ်ခဲ့တဲ့ ဒီလူတွေအတွက် ငရဲပြည်သာ ပို့သင့်ပါကြောင်း .. ထပ်လောင်း၍

ahphyulay Saturday, December 12, 2009 6:51:00 AM  

တာဝန်ယူတယ်ဆိုတာ အင်း..လက်သည်ဖော်ပေးဘို့ ပါလို့ 
ခပ်ကြမ်းကြမ်းလေးပြောချင်တာ။ အခုတော့  ကိုယ်နဲ့ မဆိုင်
ကိုယ်မဟုတ်သလိုပါပဲ။ တလောကလုံးက သူပါလို့  အော်နေ
ပြောနေပေမဲ့  မကြားသလို၊ မသီသလို၊ နားမလည်သလို
ယူးနေသလို ပေါ့ လေ။ အစကတဲက တာဝန်ယူဘို့ တက်လာတာ
မှ မဟုတ်တာ၊ ရသမျှ သာလွန်သွားအောင် သူ့ ထက်ငါ
အပြိုင်အဆိုင် ယူကြဘို့  ဖြစ်မှာပါလို့  ဆိုရင်းပဲ...။

ရွှေရတုမှတ်တမ်း Saturday, December 12, 2009 6:52:00 AM  

ကျွန်တော်မျိုးကြီးသေသင့်ပါတယ်...

ရေတမာ Saturday, December 12, 2009 9:23:00 AM  

ကျကျမ်းတွေကို သဘောကျတယ်။ တက်ကျမ်းတွေ ရှိရင် ကျကျမ်းလည်း ရှိသင့်တာပေါ့။ အတွေးအခေါ်တွေကတော့ မှတ်သားလောက်ပါတယ်းP

သိင်္ဂါကျော် Saturday, December 12, 2009 11:25:00 AM  

အဲဒီ ကာတွန်းလေးတွေ တော်တော် ရယ်ရတယ်..

Welcome Saturday, December 12, 2009 1:06:00 PM  

လူကြီးတွေက တတ်ကျမ်းနဲ့ ဆုံးမတယ်။
ကျွန်တော်တို့လူငယ်တွေက ကျကျမ်းနဲ့ ထော်လော်ကန့်လန့် လုပ်တယ်၊ ဒါဖြစ်နေတဲ့ ကိစ္စတွေပဲ။

Nge Naing Saturday, December 12, 2009 3:20:00 PM  

Kiki ရေ သားသားကတော့ တောက်ရှောက် လူကြီးတွေ ပြောတာနဲ့ တလွဲစီ ထော်လော်ကန့်လန့် လုပ်လာခဲ့ပေမဲ့ အခု ၁၀ နှစ်ပြည့်ပြီးနောက်ပိုင်း သိသိသာသာကို ပြောင်းလဲပြီး လိမ္မာလာတယ်။ အရှိန်ကုန်သွားလို့ ထင်တယ်။ ဒီလိုပဲ ထော်လော်ကန့်လန့် လုပ်တတ်တဲ့သူတိုင်းဟာ အချိန်တန်ရင်တော့ အရှိန်ကုန်ပြီး ငြိမ်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အနမ်း Saturday, December 12, 2009 10:23:00 PM  

ကိုယ်ကတော့ ဘယ်သူ့အတွက်မှတာဝန်မယူဘူးနော်။ တာဝန်ယူတဲ့သူ ကိုယ့်ဖာသာတရားခံပဲနော်။း))

လသာည Saturday, December 12, 2009 10:31:00 PM  

မှန်လိုက်လေ၊ ကျကျမ်းလေးက ရယ်ရတယ်။ ရှာရှာကြံကြံ တွေ့လည်းတွေ့တတ်တယ်နော်..။

ကိရယ်....အခုတလော.. စိတ်ဓါတ်က တက်လိုက်ကျလိုက်ဖြစ်နေပါတယ်ဆို ကျကျမ်းနဲ့
ခေါင်းစားအောင် သိပ်မလုပ်နဲ့လေကွာ

busymozzee Saturday, December 12, 2009 11:15:00 PM  

ဟဟ...... ကျကျမ်းရေးနိုင်တယ် ဆိုတာ တတ်ကျမ်းကို ကျေညက်လို့ပဲမှတ်....

~ဏီလင်းညို~ Sunday, December 13, 2009 10:12:00 AM  

ကွိကွိစ်ရေ...
ကျကျမ်းကို ဖတ်ပြီးတော့ပြုံးမိတယ်...။
(ငါးခူပြုံးဂျီးနော်...)

ခင်မင်တဲ့
ဏီလင်းညို

Anonymous,  Sunday, December 13, 2009 12:41:00 PM  

13 Dec 09, 01:08
သော်ဇင်: အိုကေတော့လဲ မန့်မရပြီး၊။ ခေတ်နဲ့အညီလူရေစီးကြောင်းအရ ပြောင်းလဲလာသော လူတို့၏အတွေးအခေါ်များသည် ဆန့်ကျင်ဘက်တွေဖြစ်လာတတ်ကြ၏ ။ အဲဒါကျွန်တော်ပြောတာ

13 Dec 09, 01:10
သော်ဇင်: “သေရည်သေရက်လူကိုဖျတ်၏၊ သောက်တိုင်းသာပျက်ရပါမှု ဘယ်မှာလူကောင်းရှိမည်နည်း။”အတည်ပေါက်နဲ့ နောက်ထားသူကရှိသေးတယ်။

13 Dec 09, 01:12
သော်ဇင်: ဒါဘဲလေ။ ထက်ပြီးမရှည်တတ်တော့ဘူး
13 Dec 09, 01:11
သော်ဇင်: သူတို့တွေနားမလည်ကြတာက ဖျတ်တယ်ဆိုတာနဲ့ ပျက်တယ်ဆိုတာကိုပါ။

ကိုချစ်ဖေ Sunday, December 13, 2009 8:03:00 PM  

ကျနော် ဖတ်နေရတဲ့ ကျကျမ်းက တော့
ကိုယ့်ကိုကိုယ် ခေတ်မီဖွံဖြိုးတိုးတက်နေပါတယ် ထင်ပြီး
ဖျက်မှန်းမသိ (သို့မဟုတ် သိသိကြီးနဲ့ ) ဖျက်နေတဲ့သူတွေကြောင့် လူအများ ပျက်နေရတဲ့ အဖြစ်တွေ ပါ.

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP