ခရစ်စမတ် လက်ဆောင်....
နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလရောက်လာပြီ ဆိုတာ နဲ့ ပိုပြီး ပျော်ရွှင် နေမိပါတယ် ။ ရာသီဥတု အရလည်း အေးဆေးတာမို့  နေရထိုင်ရတာ သက်တောင့် သက်သာ ရှိပြီး မနက်စောစော မြူနှင်းတွေ ဝေနေတဲ့ မြင်ကွင်း ကို ကြည့် ရတာ လွမ်းစဖွယ် ပန်းချီကား တချပ်လို မို့ အိပ်မက်များလား လို့ တောင်ထင်မိတယ် ။ အာရုံအတက် နေထွက် လာပေမဲ့ အချမ်းဓါတ်က လျော့ မသွားပဲ မနက်စောစော ဆောင်းလေအေးအေးမှာ လမ်းလျှောက်ထွက် ရတဲ့  အရသာ ၊ အင်းလျား ကန်ဘောင်ပေါ်ကနေပြီး ခပ်ပြပြလေး မြင်နေရတဲ့  ရွှေတိဂုံစေတီတော်မြတ်ကြီးကို အဝေးကနေ လှမ်းပြီး ဖူးမြှော်ရတဲ့ ကြည်နူးမှု တွေ ကို ဘာနဲ့ မှ လဲလို့  မရလောက်နိုင်ပါဘူး ။ ဒီတနှစ် ရဲ့  ပျော်ရွှင်ဘွယ်ရာ လ ဒီဇင်ဘာမှာ လည်း မွေးရပ်မြေ မှာ တပါတ်တာမျှ ရှိနေခဲ့ ရတဲ့ အတွက် ပိုပြီး ကြည်နူး မိပါတယ် ။
ဒီနှစ် ဒီနေ့  ဒီ ခရစ်စမတ် နေ့  မှာတော့ ချစ်လှစွာသော မိသားစု နဲ့ အတူ တပြည်ရပ်ခြားမှာ ရှိနေတာမို့ ထူးထူးခြားခြား ရေးပြီး ဆုမွန်ကောင်း တောင်းပေးဖို့ ရာ အဆင်မပြေ တာ မို့  လွယ်လင့်တကူပဲ အမှတ်တရ ဆားချက်ပေးလိုက်ပါတယ် ။
ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် လေး ဖြစ်ပါစေ ။ နှစ်သစ်မှာ မျှော်လင့်ချက် များ ပြည့်ဝ ကြပြီး ကမ္ဘာသား အားလုံး ချမ်းမြေ့  ကျန်းမာ အဆင်ပြေ အောင်မြင် နိုင်ကြပါစေ ။




14 comments:
ပျော်ရွှင်တဲ့ ခရစ္စမတ် ဖြစ်ပါစေဗျာ
ခင်မင်တဲ့
ဆားချက်ယင်းနဲ့ လည်းသူပါ ရောပြီးလွှတ်နေလေမလားပဲ...
ရွှင်လန်းချမ်းမြေ့ ပါစေ....
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေဗျာ
On the third day of Christmas,
my true love sent to me
Three French hens,
Two turtle doves,
And a partridge in a pear tree.
ဟဟား သီချင်းတော့ ပျက်ပါပြီဖွားဖွားကီရေ..
Merry X'Mas ပါ
ပျော်ရွှင်ပါစေ ဖွားကိရာ...
းဝ)
မယ်ကိတို့ကတော့ လုပ်ချလိုက်ပြန်ပြီ...
ဘယ်ကနေ သွားရှာတွေ့လာပါလိမ့်...
သူ့ blog လာဖို့ အရေး mask သွားဝယ်ရသေး
အမား
ဘယ်သူ့ အီးပေါက် ငါ့အီးပေါက် လုပ်တမ်းကစားနေတာလား ဟဟ
Merry X" mass ပါဗျာ
ပျော်ရွှင်ဖွယ် အားလပ်ရက်ဖြစ်ပါစေ ကိကိ ရေ
ပျော်နိုင်ပါစေ၊ မော်နိုင်ပါစေ၊ အော်နိုင်ပါစေဗျိုးးးးးးးးးးးးး
Happy Christmas ပါ။
လက်ဆောင်များများဝယ်လာနိုင်ပါစေး)))
ကွိကွိစ်ရေ...
သူ့ ဘီဒီအိုကလည်းဟာ...။
အပေါ်က ပြောသွားသလိုပဲ...။ နာလည်း စက်ရုံမှာသုံးတဲ့ မျက်နှာဖုံးတပ်လာရကောင်းသား...ဟီးဟီး
ခင်မင်တဲ့
ဏီလင်းညို
merry x' mas & happy new year!!!
ပျော်နေတယ်ပေါ့လေ။ အစားများများစားခဲ့နော်။
Merry Christmas and happy New Year. ကိကိကတော့ ပေါက်ပေါက်ရှာရှာတွေ တော်တော်တွေ့တတ်တယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
Post a Comment