အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Jan 17, 2010

ခေါင်းဆောင်ကောင်းနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ။



လူ့ ဘောင်လောက အသင်းအဖွဲ့ တွေ မပြောနဲ့ ၊ သတ္တဝါတွေ မှာတောင်မှ အအုံအဖွဲ့  နဲ့ နေကြသူတွေမှာ ခေါင်းဆောင်ဆိုတာ ရှိရတယ် ။ နောက်လိုက်တွေကလည်း စည်းကမ်းတကျ နဲ့ စည်းလုံးကြရင် အလုပ်တခု ဟာ လျှင်မြန်စွာ အောင်မြင်မယ်၊ ပြီးဆုံးမယ် ။ ပျားအဖွဲ့  ပျားအုံ မှာ ပျားဘုရင်မကြီး ရှိပြီး ပျားလုပ်သားတွေ အားကြိုးမာန်တက် အလုပ်လုပ်ကြတယ်၊ တပင်မှ တပင် လူးလာဆန်ခတ် ကူးခပ်ပျံသန်းရင်း ဝတ်ရည် စုဆောင်းကြတယ် ။ပျားအုံ ထဲမှာ သိုမှီးထားကြတယ် ။ ပုရွက်ဆိတ် အဖွဲ့ လည်း အတူတူပါပဲ ၊ပုရွက်ဆိတ် အကြီးအကဲ နဲ့  ရှေ့ ပြေးအဖွဲ့ တွေ ၊ ဆက်သွယ်ရေး အဖွဲ့ တွေ နဲ့  အစာရှိရာ ကို ရှာတွေ့ တယ် ။ သူတို့ ခန္ဓာကိုယ်ထက် အဆပေါင်း များစွာ ကြီးမား လှတဲ့  အစာတွေကို ခရီးဝေးဆီ သယ်ဆောင်ယူနိုင်တယ် ။ အစာ ဖူလုံအောင် သိုလှောင်ထားနိုင်ကြတယ် ။ ဒီလိုဆိုတော့ သူ တို့ ထက် ညာဏ်ရည် ထွန်းကားတဲ့  လူတွေ မှာ ၊ ဒီထက် ပိုတိုးတက်ကောင်းမွန်တဲ့  လူ့  အဖွဲ့  အစည်းတခု ၊နိုင်ငံ တခု ဖြစ်ဖို့  အရည်အချင်းရှိတဲ့ ၊ စေတနာ မှန်ကန်တဲ့၊ ရဲရင့်တဲ့ ခေါင်းဆောင်ကောင်းနဲ့  စည်းကမ်းရှိတဲ့၊ ညီညာတဲ့၊ သတ္တိရှိတဲ့ နောက်လိုက် တွေ ရှိဖို့  ပိုပြီး လိုတယ် ဆိုရင် မှားမယ် မထင်ပါ ။



လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင် ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပြီး အနှစ် ၇၀ အထိ အသက်ရှည် နေနိုင်တယ်။ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။

သူ့အသက်အနှစ် ၄၀ ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက် ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်း ကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျား ချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့တယ်။

သူ့ရဲ့ အိုမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ ရင်အုပ်မှာကပ်နေရတယ် ။

ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်ကိုခက်ခဲလာနေပါပြီ။ဒီအချိန်မှာ သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက အသေခံမလား ၊။ ဒါမှမဟုတ် ရက်ပေါင်း ၁၅၀ ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ၀င်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။

သည်ပြောင်းလဲခြင်း ဖြစ်စဉ်မှာ လင်းယုန်ဟာ တောင်ထိပ်ကိုရောက်အောင်ပျံသန်းပြီး တောင်ထိပ်က သူရဲ့အသိုက်ထဲမှာ နေထိုင် နေဖို့လိုပါတယ်။ ပြီးတော့ သူနှုတ်သီး ပြုတ်ထွက်သွားတဲ့အထိ ကျောက်တုံးကို နှုတ်သီးနဲ့ခေါက်နေဖို့ လိုပါတယ်။ နှုတ်သီးအဟောင်း ပြုတ်ထွက်သွားပြီးတဲ့နောက် နှုတ်သီး သစ် ပြန်ပေါက်တဲ့အထိ လင်းယုန်ဟာ သူ့ရဲ့အသိုက်ထဲမှာ နေရပါတယ်။

နှုတ်သီးအသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း တွေကို သူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။ ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို သူ့နှုတ်သီး သစ် နဲ့ ဆွဲနှုတ် ပစ်ရပါတယ်။

သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာ သူရဲ့ကျော်ကြားလှတဲ့ ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်း ကိုစတင်ပါတော့တယ်။ဒီလိုမှသာ နောက်ထပ် နှစ်၃၀ ဆက်၍ အသက်ရှည်နိုင် မှာဖြစ်တယ်။

ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။
အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာ လူသားတွေဟာ သည်လို ပြောင်းလဲခြင်း ဖြစ်စဉ်တွေကို အကြိမ် များစွာ တွေ့ ကြုံ ဖြတ်သန်းကြရပါတယ်။ တခါတရံ..လိုအပ်လာတဲ့အခါမှာ အကျင့် အဟောင်းတွေ နဲ့ထုံးတမ်းစဉ်လာ အဟောင်းတွေကို ပြောင်းလဲ ဖယ်ရှားပစ်ဖို့လိုပါတယ် ။ဟောင်းနွမ်းပြီး အကျိုးမရှိတဲ့ အတိတ်ရဲ့ ၀န်ထုတ်ဝန်ပိုးတွေကို ဖယ်ရှား လွတ်မြောက် နိုင်မှသာ ပစ္စုပ္ပန်ရဲ့ ကောင်းမွန်တဲ့ အသီးအပွင့်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။



Birth of the Eagle

ဒီတော့ အရေးကြီးတဲ့ အချိန် ရောက်လာတဲ့ အခါ ဘာမှ ကြိုးပမ်းအားထုတ်ခြင်း မပြုပဲ ဒီအတိုင်း အသေခံ မလား ?၊
အသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား? ။
သင်တို့ တတွေရော လင်းယုန် ငှက်တစ်ကောင်လို ရဲရင့်နိုင်ကြ မလား ?

လင်းယုန်ငှက်ရဲ့  အသက်ရှင်သန်မှု ဘဝ အကြောင်း ကို ဒီနေရာမှ ရယူပါတယ် ။

နာကျင်မှုတွေ ပြည့်နှက် နေခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်ကို တောင် ဖြတ်သန်းလာခဲ့ရပြီးပြီပဲ ။ နောက်မျိုးဆက်သစ်တွေ အတွက် နောင် လာမဲ့ နှစ်ပေါင်း လေးဆယ် တွေ ဘယ်နှစ်ပြန်လောက် နာကျင် နေရအုံးမှာလည်း ။ ဒီအတွက် ခု အချိန်မှာ မှန်ကန်တဲ့ စစ်မှန်တဲ့ ၊ ထူးချွန်တဲ့ ခေါင်းဆောင် ကောင်းရဲ့  ဦးဆောင်မှု နဲ့  ကိုယ်တို့ တတွေဟာ ဒီလို ရက် ၁၅၀ ကြာ နာကျင်မှု အသေးအဖွဲလေးတွေ ကို ဘာကြောင့် မပေးဆပ် နိုင်ရမှာလည်း ။ ရဲရင့် နိုင်ကြရမယ် မဟုတ်လား ။

ကိုယ့်ဘဝ အတွက် ၊ ကိုယ့် မျိုးဆက်သစ်များ အတွက် မှန်ကန်တဲ့ အမြင်နဲ့  ဆုံးဖြတ်ချက်များ ချမှတ် ပြီး သင့်တော်ကောင်းမွန်တဲ့ ခေါင်းဆောင် တဦး ရဲ့  ဦးဆောင်မှု အောက်မှာ စည်းလုံး ညီညွတ် နိုင်ကြပါစေ ။အမိမြန်မာပြည်ကြီး တိုးတက်သာယာ ပါစေ ။ တိုးတက်ဝေဖြာလာတဲ့ အသီးအပွင့်များကို ပြည်သူအများ ခံစား နိုင်ကြပါစေ လို့  ဆန္ဒပြုပါတယ် ။

ဝန်ခံချက်။ ။ forward mail တခုထဲမှ လင်းယုန်ငှက်ရဲ့ ဘဝအကြောင်း ကို မှီငြမ်းဖြည့်စွက်ရေးသားထားခြင်းဖြစ်ပါတယ် ။

15 comments:

ahphyulay Sunday, January 17, 2010 6:51:00 PM  

ရပြန်ပြီ တစ်လေ၊မြန်မာပြည်သားဆိုတော့ အကျင့် ပါနေပြီ

တောင်ပေါ်သား Sunday, January 17, 2010 7:02:00 PM  

အင်း ဟုတ်ပါတယ် ဖွားကီရေ လင်းယုန်ငှက်တွေလို အသက်ရှည်နေနိုင်ဖို့ နာကျင်မူတွေ ပေးဆပ်ခဲ့ရတာပါပဲ ကျနော်တို့လူတွေလဲ ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ လိုအပ်တာ အမှန်ပါပဲ


လေးစားလျက်
တောင်ပေါ်သား

ဓါးထက်ထက်,  Sunday, January 17, 2010 7:25:00 PM  

သစ်တပင်ကောင်းငှက်တသောင်းနားနိုင်ဆိုသလိုပေါ့ ဗျာ ကောင်းမွန်စစ်မှန်တဲ့ အတွေးခေါ်ရှိခေါင်းဆောင်ကောင်းတယောက်ရဲ့ ဦးဆောငိမှုလိုအပ်တာပေါ့ ဒါမှနောင်လာမဲ့ အနာဂတ်လှပလာမှာမြေကြီးလက်ခက်မလွဲ တော်ပါပြီဒီလောက်ဘဲပြောပါရစေတော့  ဓါးထက်ထက်

ahphyulay Sunday, January 17, 2010 8:13:00 PM  

သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်တယ်ဆိုပေမဲ့ 
အဲ့ ဒီ သစ်တစ်ပင် မကောင်းရင်တော့  ငှက်ပေါင်း သိန်း
သန်းမကအောင် မျိုးဆက်အလိုက်ပဲ ခိုကိုးရာမဲ့ စွာ ပျက်စီး
တတ်ပါတယ်။ မှန်တဲ့ ခေါင်းဆောင် မှန်တဲ့ နေရာကို ရောက်
လာဖို့ လိုပါတယ်လို့ ။ အရေးကြီးလွန်းသော လမ်းဆုံ လမ်းခွ
ရောက်နေပြီမို့  အားလုံးဝိုင်းဝန်းကြဘို့ လိုပါမယ်။
ရဲရင့် မှ အရာထင်တော့ မှာ လို့ လဲထင်ပါတယ်။

ဝက်ဝံလေး Sunday, January 17, 2010 10:06:00 PM  

အဲ မကိရေ အဲဒီအကြောင်းမသိရဘူးတော့
မျှဝေ ပေးတာ ကျေးဇူးးးနော်
အလိုလေး သိန်းငှက်တွေက အသက် ၇၀ လောက်ထိ နေနိုင်တယ် မသိဘူး မသိဘူး သမီးက ဘာမှကိုမသိတာ ဟဟဟ

အိုက်ခီလောက် Monday, January 18, 2010 12:06:00 AM  

အမား ကောင်းလိုက်တဲ့စာလုံးလေးတွေ
နိုင်းပြသွားတာ ကောင်းမှကောင်း
မကြာခင်မှာ အားမာန်အပြည့်နဲ့ ဆက်ပျံသန်းတော့မှာပါ
ကြိုက်ပါတယ် အမားရယ် စကားလုံးတိုင်းကို

thawzin Monday, January 18, 2010 2:09:00 AM  

ကျွန်တော်လဲ ဖတ်ဖူးပါတယ် ဖော်ဝှက်မေးထဲကပေါ့။ ဒါဆို သိမ်းငှက်မှာ အဲလိုမျိုးအသိတွေ ရှိတယ်လို့ ယူဆရမယ်နော်။ သိပ်ငှက်တွေက ချစ်စရာကောင်းတယ်နော် အမြင်ပုံကိုပြောတာပါ။ ဒါပေမယ့် အသားစားတဲ့ငှက်မျိုးဆိုတော့ ကြောက်စရာကောင်းပြန်ရော။ ဟုတ်တယ်ဗျ။ ဒီပို့စ်လေးက အစ်မကြီးလိုနိုင်ငံရေးသမားတွေအတွက် ရေးသင့်တဲ့အချိန်ကာလပဲလေ။ ရှာတတ်ပါပေ့တယ်။

ခြေလှမ်းသစ် Monday, January 18, 2010 5:17:00 AM  

ခေါင်းဆောင်တယောက်ဖြစ်ဖို့ သိန်းငှက်ရဲ့ ဘ၀နဲ့ အသိပေးထားတာလေးကို ဖတ်လိုက်ရလို့ ၀မ်းသာမိပါ၏

ရွှေရတုမှတ်တမ်း Monday, January 18, 2010 7:47:00 AM  

ကိုကြီးကျောက်တို့တော့စားစရာရှာနေရလို့ နှုတ်သီးပဲ့အောင်လုပ်ချိန်တောင်မရှိပါဘူးကွယ်

Nge Naing Monday, January 18, 2010 7:49:00 AM  

kiki ရေ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ လင်းယုန်ငှက်အကြောင်းကို အခုမှ ကြားဖူးတယ်။ တကယ်ကျေးဇူးတင်တယ်။ တိရိစ္ဆာန်ထဲမှာ ငှက်တွေကို စိတ်အ၀င်စားဆုံးပဲ။ ကျွန်မ ဘလော့ကို စဖွင့်တုန်းကလည်း Cockatoo ငှက်အကြောင်းနဲ့ စဖွင့်ပါတယ်။ Cockatoo ငှက်အကြောင်းလည်း တော်တော် စိတ်ဝင်စားစရာကောင်းတယ်။

busymozzee Monday, January 18, 2010 2:18:00 PM  

တော်လိုက်တဲ့သူငယ်ချင်း... ဂုဏ်ယူလိုက်တာကွာ...

ညအလင်္ကာ Monday, January 18, 2010 8:26:00 PM  

အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာ လူသားတွေဟာ သည်လို ပြောင်းလဲခြင်း ဖြစ်စဉ်တွေကို အကြိမ် များစွာ တွေ့ ကြုံ ဖြတ်သန်းကြရပါတယ်။


ဆိုတာ ကြိုက်တယ် အမှန်ပြောနေတာလား သူငယ်ချင်းရာ ချီးကျူးပါတယ်

ကိုချစ်ဖေ Tuesday, January 19, 2010 8:26:00 AM  

ဒေါ်ကိရေ.ကျနော်တို့ လူအဖွဲ့စည်းကတော့ နူတ်သီးအသစ် အတောင်အသစ် ခြေသဲလက်သဲအသစ်တွေ ဘယ်တော့လှဲပါ့မလဲမသိပါဘူး.သူတို့ဆီမှာ မပြောင်းလဲတဲ့ သမတ ကျနော်တို့ဆီမှာလဲ အမြဲတမ်း
ဝန်ကြီးချူပ် နဲ့ပဲ သူတို့ ဆီမှာမရှိတဲ့ အရာတွေကို သူတို့ဆီမှာရှိတဲ့အရာတွေကို ကျနော်တို့ဆီက သူတို့ထက်ပိုပြီးလုပ်နိုင်လာတဲ့အခါမှပဲ ပြောင်းမယ်ထင်ပါတယ်.ခုတော့ မထင်..

အနမ်း Wednesday, January 20, 2010 2:35:00 PM  

လင်းယုန်လိုတော့ အသက်မရှည်ချင်ပေါင်။
ခုတောင် ဒုက္ခ တွေများလှပြီ။း))
ဟီး အဖွားကြီးလေသံနဲ့ပြောတာ။
အမလည်း အဲလောက်ထိမနေနဲ့နော်း))
(သူများကိုပါလိုက် ပြောတာလေ)

မငုံ,  Friday, January 22, 2010 3:49:00 PM  

လင်းယုန်တွေရဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ကို ခုမှ သိတာ။ တော်တော် နာကျင်မှာပဲနော်။ မျှဝေတာ ကျေးဇူးပါ ဘွားရေ.

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP