အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Jan 20, 2010

နေပြည်တော် ဟာသများ

ကြပ်ပြေး-ကြမ်းပိုး ပေးပို့သည်

အိမ်သာပြင်လိုက ဗိုလ်ချုပ်မှူးကြီးထံ ခွင့်ပြုမိန့်တောင်းပါ

နေပြည်တော်က ၀န်ထမ်းတွေအပေါ် ဗိုလ်ချုပ်မှူးကြီး ထားတဲ့ စေတနာကတော့ ရှယ်ပဲခင်ဗျ။ ၀န်ထမ်းတွေ အားလုံးကို သူ့အဆင့်နဲ့သူ တိုက်ခန်းအသစ်တွေမှာ နေရာချထားပေးပါတယ်။ နေပြည်တော်သည် ပထမဖြစ်ရ မည်၊ နေပြည်တော်သည် နိုင်ငံတကာအဆင့်မီရမည် ဆိုတဲ့မူတွေနဲ့ အိမ်သာတွေကိုတောင်မှ အားလုံး ‘ဗိုလ် ထိုင်’ ကမုတ်တွေ တပ်ထားပေးသဗျ။

အဲဒီမှာ ခက်တော့တာပါပဲ။ ရေမီးရှားတိုင်းပြည်ကြီးရဲ့ နေပြည်တော်ဆိုတော့ မီးမရှားအောင် တခြားမြို့ ခွဲတမ်း တွေထဲက လုယူပြီး လျှပ်စစ်မီးတွေ ထိန်နေအောင် လုပ်ထားနိုင်ပေမယ့် ရေရှားတဲ့ ပြဿနာကိုတော့ မဖြေရှင်း နိုင်သေးလို့ တချို့အိမ်ရာတွေမှာ မကြာခဏ ရေပြတ်ပါတယ်။ ဗိုလ်ထိုင်အိမ်သာတွေရဲ့သဘောကလည်း ရေ များများသုံးနိုင်မှဆိုတော့ ... ရေပြတ်တဲ့အခါတွေမှာ အိမ်သာတွေက မသန့်ရှင်းနိုင်ဘဲ နံစော်နေတော့တာပေါ့။ အဲဒါကြောင့် ရေသိပ်များများ သုံးစရာမလိုတဲ့ ရေတံလျှောက်အိမ်သာအဖြစ် မြန်မာဆန်ဆန် ပြင်လိုက်ရင် အ ဆင်ပြေမှာပဲလို့ တွေးမိတဲ့ ၀န်ထမ်းတယောက်က အထက်လူကြီးကို တင်ပြတဲ့အခါ အဲဒီလူကြီး ပြန်ပြောတာက “အိမ်သာတွေကို နိုင်ငံတကာအဆင့်မီအောင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လမ်းညွှန်ထားတာမို့၊ သူ့ခွင့်ပြုချက်မရှိ ဘဲ ပြင်လို့မရပါဘူး” တဲ့ခင်ဗျာ။

အိမ်သာလေးတလုံး ပြင်ဖို့တောင် ဗိုလ်ချုပ်မှူးကြီးရဲ့ ခွင့်ပြုချက်လိုနေရင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ... အင်း ... ...။

( ဆက်ဖတ်ချင်ရင် အောက်မှာ ရှိပါသေးသည် ။း))



မင်းတုန်းမင်းလောက်တော့ သနားတယ်

နေပြည်တော်ရွှေနန်းတည် မင်းတရားကြီး ဦးသန်းရွှေသည် လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးနေသော နေ ပြည်တော်၏ ညရှုခင်းအား ကြည်နူးစွာ ငေးမောရင်း တွေးတောနေမိသည်မှာ ...

“အင်း ... ငါတည်ထားတော်မူတဲ့ နေပြည်တော်ကြီးကဖြင့် အလွန်ကြီးကျယ်တာပေကပဲ။ ဇေယျာသီရိဗိဗ္မာန် ကြီးဆိုလည်း အမေရိကန်သမ္မတအိမ်ဖြူတော်တောင် ရှုံးရမယ်။ လမ်းမကြီးတွေ ဖောက်ထားတာကလည်း ကမ္ဘာ့အဆင့်မီတွေချည်းပဲ။ ဓာတ်တိုင်တွေမှာထွန်းထားတဲ့ မီးလုံးတွေကလည်း တလုံးကို တသိန်းကျော်တန် ရဲ့။ ရှေးရှေးတုန်းက မင်းတုန်းမင်းတို့ ရတနာပုံနန်းတော် တည်ခဲ့တယ်ဆိုတာ ငါကိုယ်တော်မြတ်ရဲ့ နေပြည် တော်ကြီးနဲ့ ယှဉ်လိုက်ရင် အသေးအဖွဲ ဖြစ်သွားရောမဟုတ်လား”

ထိုသို့ အတွေးပေါက်သွားမိသော ဦးသန်းရွှေက “ဟင်း ... ဟင်း၊ မင်းတုန်းမင်းလောက်တော့ သနားတယ်” ဟု ပါးစပ်မှ ရေရွတ်မိလေသည်။ ထိုစဉ် အမှောင်ထဲမှနေ၍ ...

“ဟေ့ကောင် ... သန်းရွှေ၊ မင်းနဲ့ငါနဲ့ မိန်းမစွံတဲ့နေရာကော ပြိုင်မလားကွ” ဟူသော မင်းတုန်းမင်းတရားကြီး၏ အောင်မြင်ခံ့ညားလှသည့် အသံကြီး ထွက်ပေါ်လာပေရာ တယောက်တည်းရှိသော မိန်းမကိုတောင် သူများ အကျ ယူထားရသည့် ကျွန်ုပ်တို့၏ မင်းတြားကြီး ဦးသန်းရွှေခမျာ ဇက်ပု၍သွားရပါတော့သည်။

ကြိုင်ကြိုင်နဲ့ ယိုင်ယိုင်

စားသောက်ဆိုင်တဆိုင်အတွင်း တီဗွီကလွှင့်နေတဲ့ ဦးသန်းရွှေ တိုင်းခန်းလှည့်လည်တဲ့ သတင်းကို ကြည့်ပြီး လူနှစ်ယောက် ဝေဖန်နေကြတယ်။

ပထမလူ ။ ။ ငါတော့ ဘိုးတော်ကြီးကို ကြည့်ပြီး ဇရာဆိုတာကို တော်တော်ဆင်ခြင်လာမိတယ်ကွာ။ သူ့ခမျာ အားသာ မနည်းတင်းထားနေရတယ်။ လူက ယိုင်တိုင်တိုင် ဖြစ်နေပြီ။ လမ်းလျှောက်တာတောင် အားမပါသလို ဖြစ်နေတယ်။

ဒုတိယလူ ။ ။ ဒါဆို ငါတို့ သူ့ကို နာမည်ပြောင်းပြီး ပေးလိုက်ကြရင် မကောင်းဘူးလား။ ‘ယိုင်ယိုင်’ ဆိုပြီးတော့ လေ။ သူ့မိန်းမနာမည်နဲ့လည်း ကာရန်တူသွားတာပေါ့။

သူတို့ပြောနေတာတွေကို ကြားပြီးတော့ ကျနော့်မှာ မပြုံးဘဲမနေနိုင်ဘူး။ တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေ။ အဘိုးကြီးကို နာမည်ပြောင်ပေးတာတောင်မှ ကာရန်လေးနဲ့။ မိန်းမနာမည်က ‘ကြိုင်ကြိုင်’ ဆိုတော့ ယောက်ျားနာမည်က ‘ယိုင်ယိုင်’ တဲ့လေ။ လိုက်လည်းလိုက်ဖက်တာပေကိုး။
POSTED BY ဒေါက်တာလွဏ်းဆွေ AT 4:49 PM 0 COMMENTS
LABELS: ဟာသ

မှတ်ချက်။ ။ http://drlunswe.blogspot.com/ မှ ကူးယူဖေါ်ပြပါသည်။
( ကိုယ်တိုင် စာမရေးနိုင်သေးတဲ့ အတွက် ဆား နှင့် ငံပြာရည် ရောချက်လိုက်ရပါတယ် ။ မဖတ်ရသေးသောသူများ အတွက်ပါ ။ နှစ်သစ်မှာ ရှာကြံပြီး ပျော်နိုင်ကြပါစေ )

14 comments:

ဓါးထက်ထက်,  Wednesday, January 20, 2010 8:02:00 PM  

နေရှာီုးထားတယ်ဗျာဘာပြေချင်သေးလဲငှဲငှဲငှဲ

နွေဆူးလင်္ကာ Wednesday, January 20, 2010 9:32:00 PM  

နေပြည်တော်မှာ ရာဇဌာနီ လမ်းမကြီးနဲ့ ဘာသီရိ ညာသီရိဆိုပြီး မြို့တွေ ရှိတယ်ဗျ။

Anonymous,  Wednesday, January 20, 2010 9:40:00 PM  

“အိမ်သာတွေကို နိုင်ငံတကာအဆင့်မီအောင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လမ်းညွှန်ထားတာမို့၊ သူ့ခွင့်ပြုချက်မရှိ ဘဲ ပြင်လို့မရပါဘူး”

ဒါလေးတောင်မသိဘူးလား... ညံ့ချက်တော်..


မိုးမင်းကြီး

ဝက်ဝံလေး Wednesday, January 20, 2010 11:13:00 PM  

ဟဟဟ ပထမ တခု ပိုသဘောကျပါကြောင်း ဟောင်းးဟောင်းးးးးးး

အိုက်ခီလောက် Wednesday, January 20, 2010 11:41:00 PM  

အင်း နှစ်ခါ ပြန်ဖတ်ပြီး ပြန်ရီလိုက်တာပေါ့ အမားရာ
တစ်ခါ က ဒေါက်တို လွန်းစွေ ဆီက အဟတ်
ခုလည်း တစ်ခါ ဒေါက်ရှည် အမား ဆီက အဟတ်
နှစ်ခါ ရီတော့ နှစ်ခါ လှောင်သွားသလိုပေါ့ ဟဟ

ကိုလူထွေး Thursday, January 21, 2010 2:40:00 AM  

ငါကိုယ်တော်မြတ်အကြောင်းကို နာမည်ကြီးအောင် သတင်းလွှင့် ဖော်ပြပေးသော သမီးတော် ကိကိအား ကျောတရာ ရင်တရာ ပေးသနားတော်မူမည်...
အမိန့်ဒေါ် (ကြိုင်ကြိုင်)...

းဝ)

ခြေလှမ်းသစ် Thursday, January 21, 2010 2:46:00 AM  

ဖွားကိရေ .. အပေါ့သွား အလေးသွားတာတောင် မင်းတရားကြီးရဲ့ ခွင့်ပြုမိန့် ရမှ သွားရမယ်ထင်တယ် .. မထိန်းနိုင်တော့ရင်တော့ မင်းတရားကြီးကပဲ တာဝန်ယူ ပြီး သိမ်းထားပေးလိုက်မယ် ထင်တယ်ဗျာ ရေရှား နေလို့လေ ...

thawzin Thursday, January 21, 2010 4:54:00 AM  

ဟာသလေးတွေဆိုတော့လဲ ရီပြုံးစေနိုင်ပါတယ်ဗျာ။ ရယ်ပြုံးစေမိလို့ ကျေးဇူးတင်ပါတယ်။ လင့်ကိုကျွန်တော်ထက်လာကြည့်သေးတယ်။ ပြန်ချိတ်ထားတယ်သာပြောပြိး အပ်ပတိတ်မဖြစ်မှန်းသိတော့ မှားနေတယ်လို့တော့ထင်မိသား။ ဘာဖြစ်လို့လဲဆိုတော့ ဒိုင်းခံဖတ်ပေးတဲ့မမကြိးလာမဖတ်မမန့်တော့ သတိထားမိရတာပေါ့ဗျာ။

ကိုချစ်ဖေ Thursday, January 21, 2010 6:00:00 AM  

ဒီလိုလေ.ဒေါ်ကိရဲ့.မြန်မာပြည်ထောင်စုကြီးကို အနှစ်ငါးဆယ်လောက် အုပ်ချူပ်လာပြီးမှ တနေ့ထက်တနေ့ ပိုဆိုးလာတယ် ဆိုတာ
သူများတွေလဲသိ တပ်ချူပ်ကြီးကိုယ်တော်တိုင်လဲသိ ဆိုတော့ နောင်တချိန် အများသူငါ ပြော
လာခဲ့ရင် ခေတ်မီကြောင်း ဖွံဖြိုးတိုးတက်ကြောင်း တပ်ချူပ်ကြီးနဲ့ တပည့်လက်သားတွေ နေတဲ့
နေပြည်တော်ကြီးကိုတော့ လက်ညိုးထိုးပြနိုင်အောင် လုပ်နေတာပါ အခြား ကမ္ဘာမှာ နာမည်
ကြီး မြို့တော်ကြီးတွေနဲ့ မတူအောင် ဥမင်လှိုင်ခေါင်းတွေတောင် ပါသေး နောင်တချိန် မြေ
အောက်ရထားတွေ ဘာတွေအတွက်တောင် ကြိုလုပ်နေတာလေဗျာ ဒေါ်ကိတို့က လဲ တပ်ချူပ်
ကြီးတို့ လင်မယားဆို ပြောကို ပြောချင် နေတာ အရမ်းသိသာတယ် နောက် အနှစ်ငါးဆယ်
လောက်ထပ်စောင့်ကြည့်ပါဦးလား.ဟင်း..

Anonymous,  Thursday, January 21, 2010 11:59:00 AM  

မမကိရေ
ရီသွားတယ်နော်။ :)
ခင်တဲ့
ပူးတေ

ahphyulay Thursday, January 21, 2010 9:08:00 PM  

အမရေ...
ကျွန်တော်လည်း ဆက်သွယ်မှု ဧရိယာ အပြင် ဖက်ရောက်
နေလို့  များများ နောက်ကျ သွားတယ်ဗျ။
အနာ ဂတ်ရွှေ ပြည်တော်မှာ ဗိုလ်ထိုင်တွေ ပေါ်များနေတာ
အပစ်လား ဗျ။
ခေတ်မှီ နိုင်ငံတော်ပါ ဆိုနေ။
မီးများ ၂၄ နာရီ ပြန်လာရင် ခလေးတွေ ပြင်းတော့ မှာ၊
မအော်ရတော့ လို့ လေ။

busymozzee Thursday, January 21, 2010 10:59:00 PM  

ကိရေ အဘပေးထားတဲ့ ကျောတရာနဲ့ ရင်တရာ ဘယ်နားတတ်ထားလဲ..... :P

အိမ် Friday, January 22, 2010 6:01:00 PM  

ကိကီရေ တော်ကြာ ရွာပြန်ရင် ကွိကွီသွားလို့ အဟေးဟေး... ကားပြာကြီးနဲ့ ကြီးပွားနေဦးမယ်နော်

Nge Naing Sunday, January 24, 2010 12:06:00 PM  

ဆားချက်ထားတာ တ၀က်ပါပေမဲ့ ဆားချက်ထားတာရော မချက်ထားတာပါ ကောင်းတော့တော်တော် ကောင်းတယ် kiki ရေ..

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP