အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Jan 21, 2010

အမှတ်တရ အလွမ်းပုံရိပ်များ .. (၁)

ခုတလော အကြောင်း ကြောင်းတွေကြောင့် စာရေးဖို့ စိတ် သိပ်မရှိတဲ့အတွက် ပို့ စ်အသစ်လည်း မတင်နိုင်ပါ ။ အစတည်းက ယဉ်သကို လို့ဆိုရမဲ့ ၂၀၁၀ ခုနှစ် ရဲ့  နှစ်ဦးပိုင်းမှာ စိတ်မရွှင်စရာတွေနဲ့ နှုတ်မဆက်ချင်တာမို့  ရွာအပြန် အလွမ်းပုံရိပ် ကလေးများကို ပဲ အမှတ်တရ ရေးလိုက်မိပါတယ် ။ ရွာမှာ နေခဲ့ရတဲ့  တပါတ်ဆိုတဲ့ အချိန်တိုတိုလေးမှာ အပျော်ခရီး သက်သက် မဟုတ်ခဲ့တာကြောင့်  ပျော်စရာ အကြောင်းများနဲ့ သိပ်မသက်ဆိုင်လှတဲ့ အကြောင်းအရာတွေသာ ပိုများနေပါလိမ့်မယ် ။ နားလည်ပေးကြ စေလိုပါတယ် ။



အမိမြေကြီးပေါ်ရောက်ရောက်ချင်း ခရီးဦးကြိုပြုနေကြတဲ့ လေယာဉ်ပျံကြီးများ တန်းစီ စောင့်ဆိုင်းနေကြလေရဲ့  ။ဆရာ မြစ်ကျိုးအင်း ရဲ့  ဘလော့ဂါ အငြိမ့်ထဲက တေးသွားလေး ပြန်ငြီးမိလိုက်တယ် ။ ဒါတို့ ပြေ ဒါတို့ မြေ တို့ မပိုင်တဲ့ လေ..(ပျံ ) ။ ဒီလေယာဉ်ကြီးတွေ ဘယ်သူပိုင်သလည်း ဆိုတာ ၊ အားလုံးသိကြမယ် ။ ဒါကြောင့် ထင်ပါရဲ့  ၂၀၁၀ လွတ်လပ်ရေးနေ့ မှာ တိုင်းပြည်ဂုဏ်ဆောင် သီရိပျံချီဘွဲ့ ကြီး ချီးမြှင့်ခြင်းခံ ခဲ့ရသူ တယောက်ဖြစ်လာတယ် ။(မမသီရိ သတိထားနေပါ .. ပြန်လာရင် အချီခံနေရမှာစိုးပါတယ် ) ။ဒီ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဘွဲ့ ကြီးအကြောင်း သိချင်ရင် ဒီမှာ ဆက်ကြည့် လို့ ရပါတယ်


တခုသော အာရုံတက်မှာ ဒီလို ဆွမ်းလောင်းကြသူများ နှင့်အတူ လှူခဲ့ရတဲ့ ကုသိုလ်လေးအတွက် ချမ်းမြေ့  ပျော်ရွှင်မိခဲ့ရတယ် ။ မမြင်ရတာ အတော်ကြာလှပြီဖြစ်တဲ့ ဒီမြင်ကွင်းလေးမှာ ရင်ထဲ စွဲစေမိပါတယ် ။အေးချမ်းသာယာလှတဲ့  ဒီဇင်ဘာနံနက်ခင်းတခုပဲပေါ့ ။


ဒီဇင်ဘာနံနက်ခင်း နေမထွက်မီ ကန်ဘောင်ပေါ်မှာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားသူများ ရှိကြတယ် ။ ဟို ခပ်လှမ်းလှမ်းမှာတော့ ဆရာ ဘဲဥ တယောက် မလှုပ်ရှားနိုင် ငုတ်တုတ်ထိုင်လို့ ပေါ့။စောစောစီးစီးဆိုတော့ ခမျာမှာ လဖက်ရည် မသောက်ရရှာသေး တဲ့ အတွက် ထိုင်မှိုင်နေတာတော့ ဟုတ်ဟန် မတူပါ ။ ရွှေပြည်ရွာ အမှတ်တံဆိပ် ကြွတ်ကြွတ် အိတ်များ ကလည်း နေရာအနှံ့  ပျံ့ ကျဲ လို့ ရယ် ။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု က သူတို့ နဲ့ လားလားမျှမဆိုင် သလိုများ သဘောထားနေကြတာလား ရွှေရွာသားများရယ် ။


ဆောင်းတွင်းရဲ့  နေလုံးပူပူကြီး မထွက်မှီ မြင်ရတဲ့ အင်းယားအလှ ။ ဟိုးအဝေးမှာ မှုံပျပျ နဲ့  ရွှေတိဂုံစေတီတော်ကြီး ကို လှမ်းမျှော် ပူဇော်ခဲ့ရတာ လည်း ကြည်နူးစရာ ပါပဲ ။ ချွေးထွက်များမှ သွေးထွက်နည်းအောင် လျှောက်ရ ပြေးရ ဝိတ်လည်းမကျ နဲ့  ၊ စိတ်ဓါတ်သာ ကျ သွားခဲ့တယ် ။ အားကစားလုပ်တယ် ဆိုရာဝယ် နဲနဲ လှုပ်ပြီး များများတုတ်တော့ ဝိတ်မကျတာ မလွန်ပါဘူး ထင်ပါတယ် ။


ရွှေတိဂုံစေတီတော်ကြီးကိုလည်း မနက်စောစော ဖူးခဲ့ ရတယ် ။ အဝေးက မှုံပျပျ ရခြင်း အကြောင်းရင်းက စေတီတော်ကြီးရဲ့  ခြေရင်း အောက်အရစ်မှာ ငြမ်းတွေဆင်ပြီး ရွှေသားအတိပြီးတဲ့  ရွှေပြားအချပ်များကို ပြန်လည် ပြုပြင်ရေး လုပ်နေတာကြောင့် ဖြစ်ပါမယ် ၊( ဘုရားပြီး ငြမ်းဖျက်ဆိုတော့ ငြမ်းမဖျက်တာကြာတဲ့ အကြောင်းကို တွေးယူနိုင်ပါတယ် )


ကမ္ဘာတလွှားမှာ မြန်မာပြည်မှာသာ တွေ့ မြင်ရမဲ့  ကြည်နူးဘွယ်ရာ မြင်ကွင်းလေး တခုပါ ။ စေတီတော်ကြီးသန့် ရှင်းရေးအတွက် အသင်းအဖွဲ့ အလိုက် တံမျက်လှည်းပြီး ကုသိုလ်ယူ နေကြသူများ အား လေးစားမိပါတယ် ။ သာဓုခေါ်မိပါတယ် ။ရွှေတွေ ငွေတွေ ပုံအောပြီးလှူမှ ကုသိုလ်ရတာ မဟုတ်ပါဘူး ။ စိတ်အားထက်သန် လုပ်အားအမှန်နဲ့  ဖြူဖြူစင်စင် လုပ်အားအလှူ ကလည်း စိတ်ထားတတ်ရင် မြတ်ပါတယ် ။ ဒီလို တက်ညီလက်ညီနဲ့  လှည်းကျင်း လိုက် ကြတော့ အမှိုက်တွေ တခဏအတွင်းရှင်းလင်းနိုင်ပါလားလို့  တွေးမိလိုက်တယ် ။ အင်းလေ .. အမှိုက်တွေ ..အမှိုက်တွေ က ရှင်းတဲ့ သူတွေထက်များနေကြတော့လည်း ...ခက်တာပါပဲ ။
ကြံ့  နဲ့ ဖွတ် တွေ လည်း ၊ ဒီင်္လို မျိုး လုပ်ပေးကြရင် ရွာသားများ ကျေးဇူးတင်ကြမစိုးလို့  မလုပ်ကြတာ ဖြစ်ပါမယ် ။ဒါပေမဲ့ ခုဆို ၂၀၁၀ အတွက် ၊ တစ်လကို ငွေ ကျပ်တစ်ရာ နှုန်းနဲ့ ပဲ ပြန်ဆပ်ရမဲ့  သိန်း ၇၀ တန် ၊ တန်ဘိုးနည်းအိမ်ယာ စီမံကိန်း နဲ့ ရွှေရွာသားတွေ နေဖို့  ခါတော်မှီ အိမ်ယာတွေ ဆောက်ပေးနေကြတယ် လို့ လည်းသိရတယ် ။ ခုချက်ချင်း အလုံးအရင်းလိုက် ပေးချေစရာ မလိုပဲ နောင်နှစ်ပေါင်းများစွာ .. နှစ်ပေါင်း ၆၀၀မျှ ကြာ တဲ့အထိ ဖြေးဖြေးချင်း ပြန်ဆပ်ရမှာ ဆိုတော့ ရွာသားတွေ ပျော်ကြမယ် ထင်ပါရဲ့ ။း) ။ ဖွားကိ ဂဏန်းသချာင်္မှာ အလွန်ညံ့ ပါတယ် ။ ဒါကြောင့် ကူညီပြီးတွက်ပေးကြပါအုံး ။ ဘယ်နှစ် နှစ်ကြာမှ အရစ်ကျ ဆပ်တဲ့ အကြွေးကျေနိုင် မလည်း ဆိုတာ ပါ ။ လူတယောက်ရဲ့  သက်တမ်းဟာ ဘယ်လောက်ကြာကြာရှိမှာမို့ လည်း လို့ တောင် မစဉ်းစားရဲလောက်အောင်ပါပဲ ။ ဘိုးသက်ရှည် ဘွားသက်ရှည် တို့ နေကြတဲ့  ရွှေတိုင်းပြည်မို့  ၆၅ နှစ်တို့ ၊ ၁၀၄ နှစ်တို့  ချ ကြတာလည်း မထူးခြားတော့ဘူးလို့  တွေးယူလိုက်ပါတယ် ။

ဪ .. ဘုရားဖူးရင်းနဲ့ လည်း ဒီအတွေးဂယက်က ရိုက်ခတ်နေရသေးတယ် ။ မောဟ တွေ မောဟတွေ ပဲလို့ အတွေးစကို အမြန်ဖြတ် လိုက်ရပါတယ် ။ နောက်မှပဲ ....

22 comments:

Anonymous,  Thursday, January 21, 2010 10:59:00 PM  

ငယ်ငယ်တုန်းက ဘာဖြစ်ဖြစ် နာမည်နောက်ကနေ အမြီးတွေအများကြီးလိုချင်ခဲ့တာ.. အဲဒီလို သိရိ ဘာညာဘာညာတွေပါလိုချင်ခဲ့တာပေါ့..။
မသိခင်အချိန်ကပေါ့လေ.. နားလည်လာတဲ့အချိန်ကျတော့... အဲဒီဘွဲ့ဆိုတာမျိုးက စေတနာမပါပဲ..သူတို့လိုတဲ့နေရာကို ကိုယ့်အကျိုးမျှော်ကိုးပီးလှူလိုက်ရင် ရပါလားဆိုတဲ့ အသိတရားနဲ့ ဝေါင်ဝေါင်ရှေးလိုက်ပါတယ်။

တကယ်လိုနေတဲ့နေရာတွေ လိုအပ်နေတဲ့နေရာတွေမှာပဲ အကျိုးရှိရှိအသုံးချချင်တယ်။ အဲဒီ မဟုတ်ကဟုတ်ကဘွဲ့ ကိုယူပီးမျက်နှာပြောင်မတိုက်ရဲဘူး။


ဘွားကိရဲ့ ရီစရာလေးတွေရေးပါဦး ခွေးပုံပြင်တွေ မျောက်ပုံပြင်တွေပေါ့..။

မိုးမင်းကြီး

busymozzee Thursday, January 21, 2010 11:01:00 PM  

လိမ်ပျံကြီးတွေ ရပ်ထားတာများ.. ခန့်မှခန့်.... အဟွတ်

ဝက်ဝံလေး Friday, January 22, 2010 12:06:00 AM  

ဟိဟိ မကိရေ ဖတ်သွားတယ် ရွှေတဂုံဘုရား အရောင်မှိန်သွားတာတော့ ကျေနပ်ဘူးရယ် ဟွင့်

Craton Friday, January 22, 2010 12:06:00 AM  

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အိုက်ခီလောက် Friday, January 22, 2010 12:21:00 AM  

ပြန်လာမန့် မယ် အခဲမကျေသေးဘူး အဟွန်း သေချာဖတ်ပြီး အခဲမကျေမယ့်ဟာလေးတွေကိုလိုက်ရှာလိုက်အုန်းမယ် ဟတ်ဟတ်

ညရဲ့ကောင်းကင် Friday, January 22, 2010 12:30:00 AM  

ဒါတို့ ပြေ ဒါတို့ မြေ တို့ မပိုင်တဲ့ လေ..(ပျံ )

ဟောဗျာ ရေးလည်းရေးတတ်ပါပေတယ်...

အိမ်အပြန်တပတ်က အတော်ပျော်ခဲ့မှာပဲနော်...

အိုက်ခီလောက် Friday, January 22, 2010 12:31:00 AM  

အော် အော်ရွှေပြည်ကြီးပြန်သွားတာ ကုသိုလ်တွေတော်တော်ပွားခဲ့ရတယ်ပေါ့လေ အမား
မြင်သမျှတွေ့ သမျှတွေက ပြောချင်စရာတွေချည်းပဲမဟုတ်လား အမား
နှစ်ရှည် စီမံကိန်းနဲ့ အမားကလည်း
မဆပ်နိုင်ရင် ရှိတာကိုပြန်သိမ်း မလို့ ပေါ့ဟ အမားကလည်း အ လိုက်တာ ဟွန်း
ဘဲစားဘဲချေ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလေ နင့်ကလည်း ဒါလေးတောင် မရိပ်မိဘူးလား
ဘယ်ကအချောင်ပေးမှာမို့ လို့ လည်း ဟ နင့်ကလည်း တုံးလိုက်တာ ငါ့လို့ အမူးသမားတောင်သိတယ်
ဟဟ

ကိုအောင်(ပျူနိုင်ငံ) Friday, January 22, 2010 4:28:00 AM  

အိမ်ပြန်ခရီးကို ဖတ်ပြီး ဓါတ်ပုံတွေကို ကြည့်သွားပါတယ်၊
ဓါတ်ပုံတွေကြည့်ရင်း အရမ်းကို လွမ်းမိပါတယ်။

ရွှေရတုမှတ်တမ်း Friday, January 22, 2010 5:31:00 AM  

ကီရိပြန်ချည်ဘွဲ့ရခဲ့သေးလား

thawzin Friday, January 22, 2010 6:30:00 AM  

မြန်မာပြည်တောင် ပြန်ရောက်သွားသေးသပေါ့။
မြန်မာပြည်ကြီးတိုးတက်တယ်လိုမြင်မိဖူးလား
လူတွေတော့ ကျိပ်ကျိပ်တိုးနေတာပဲ
ရန်ကုန်ရောက်ရင် ဘက်စ်ကားစီးရမှာ ဓါတ်အကျဆုံးပဲ
ဝိတ်မကျဘူးဆိုတော့ ဖတ်တီးဘုတ်ကြီးပေါ့
ဝိတ်ချချင်ရင် စိတ်ဆင်းရဲအောင်နေပေါ့ဗျာ
ဒါဆို စိတ်ပိန်ပြီးလူပါပိန်နိုင်မယ်ထင်တယ်နော့

Waing Friday, January 22, 2010 10:33:00 AM  

အမိမြေရဲ့လွမ်းစရာ ရှုခင်းတွေပဲ မကိရေ
ဝိုင်းလည်း ပြန်ချင်သေးရဲ့

amk Friday, January 22, 2010 12:07:00 PM  

ကျွန်တော့်တို့  လဲ ဒီဇင်ဘာပြန်တုန်းက နံနက်တိုင်း အင်းယား ကန်ဘောင်ပေါ်မှာ လမ်းသွားလျောက်သေးတယ် အန်တီကီကီ နဲ့ မဆုံလိုက်၇ဘူး ဟိုချောချော နဲ့  အန်တီလား မသိ? :P

ကြယ်ပြာ Friday, January 22, 2010 1:31:00 PM  

မကိရေ ... ကြယ်ပြာလဲ ခဏပြန်ချင်သေးတယ် .... ဒီမှာ မီးအမြဲလာတော့ ပျင်းတယ် .. .မြန်မာပြည်မှာဆိုရင် အလုပ်ကို အချိန်ဆွဲလို့မရဘူးရယ် ... မီးလာချိန်ဆိုတာနဲ့ကို တက်ကြွနေရတာ ရေတင်ဖို့တို့ မီးပူတိုက်ဖို့တို့ပေါ့ .... ရွှေတိဂုံမှာ ကြယ်ပြာတို့လည်း သူငယ်ချင်းတွေနဲ့အဲ့လိုကုသိုလ်ပြုဖူးတယ် ... အရမ်းကြည်နူးဖို့ကောင်းတယ် ....ဘာပဲဖြစ်ဖြစ် အစ်မပို့စ်လေးက အလွမ်းတော့နည်းနည်းသက်သာသွားတယ် ...

မငုံ,  Friday, January 22, 2010 3:42:00 PM  

ဘွား..ပြန်သွားပြီ အလွမ်းတွေ သယ်လာတယ်ပေါ့လေ။ ဘွားရေ..မြေးလဲ ပြန်ရတော့မယ်။ ဟိဟိ ကြွားလိုက်တာ :))

အိမ် Friday, January 22, 2010 5:55:00 PM  

လွမ်းရမှာလား ဘာလားတောင် ဘယ်လိုပြောရမှန်း မသိတော့ဘူးဗျာ...

ahphyulay Friday, January 22, 2010 7:02:00 PM  

မြန်မာ ပြည်မှာ လူဖြစ်လိုက်ရတာ ဗုဒ္ဒဘာသာ ဝင်တစ်ယောက်
အဖြစ် ရလိုက်လို့  ဖြစ်ရကျိုး နပ်ခဲ့ ပေမဲ့  မနပ်ခဲ့ ရ တာ
ကတော့  ယူနီဖောင်း အုပ်ချုပ်ရေးအောက်မှာ ညီးငွေ့ 
နေအောင် မုန်းနေအောင်ကို အဆက်ဆက် နေခဲ့ ရလို့ ပါပဲ။
တစ်မူးရရင် တစ်ပဲ လှုတတ်တဲ့  ချစ်စရာ အလွန်ကောင်း
သော တိုင်းပြည် ကြီးက အခုတော့  ညစ်စရာ အလွန်
ကောင်းနေရပါပြီ။
အင်း...ရေးရင်းနဲ့  မဆိုင်တာတွေ ပါကုန်ပြီ၊ ဆောရီး..။

နှင်းနဲ့မာယာ Friday, January 22, 2010 8:28:00 PM  

ကိရေ
လွမ်းနေတာကြာပေါ့..
ခုတလော တော်တော်မအားဘူးဖြစ်နေတယ်လေ...
ရန်ကုန်က အမှတ်တရလေးတွေ လာငေးသွားတယ်နော်...

နှင်း

အနမ်း Saturday, January 23, 2010 12:51:00 AM  

အမယ် ဘယ်တုန်းကဘယ်လိုရိုက်သွားပါလိမ့်။ တယ်လည်း လက်သွက်ပါလားဟရို့။ ကိုယ်တောင်မသိလိုက်ဖူး။
ဖန်ဖန် ကျံကျံတွေကလည်း ရေးသေး။ (ဂိ)

ကိုချစ်ဖေ Sunday, January 24, 2010 2:16:00 AM  

အော..မကိလဲ လွမ်းရှာရော့သကိုး...
မကိလိုပဲ လွမ်းရအောင် လူအများကြီးကို လုပ်ပေးနေတာတဲ့
ကျေးဇူးတင်သင့်ပါတယ်ဗျာ.
အစစ အမြဲလွမ်းလွမ်းနေရတာလဲ မြန်မာပြည်သားတွေရဲ့ အထာပေါ့..

Nge Naing Sunday, January 24, 2010 12:02:00 PM  

လွမ်းစရာဆိုလို့ ဖတ်ကြည့်လိုက်တာ ကြည်နူးစရာမြင်ကွင်းတွေကို တွေ့ရလို့ ကျေးဇူးတင်ပါတယ်။ kiki မြန်မာပြည် သွားမှန်းသိတောင် မသိဘူး။

လသာည Sunday, January 24, 2010 6:35:00 PM  

ကိရေ..

ဓါတ်ပုံတွေကြည့်ပြီး လွမ်းသွားတယ်။ အမှတ်တရ တင်ပေးတာ ကျေးဇူးတအားတင်တာပဲ...

ဓါးထက်ထက်,  Wednesday, January 27, 2010 12:40:00 AM  

မကိကိုသင်ချာတွက်ပေးမယ် (သင်လေချာလေ) သူတို့ က (ရ)သိန်းတန် အိမ်ကို တလ(၁၀၀) ကျပ်နှုန်းပေးသွင်းပြီး စေတနာသန့် သန့့်နဲ့ နေခွင့်ပေးတာဗျ ကျနော်တွက်ကြည့် တော့  နှစ်ပေါင်း (၅၈၃နှစ်နဲ့ ၎လဆပ်မှ)အဲဒီအိမ်ဘိုး ပေးသွင်းလို့  ပြီးမှာဖြစ်တယ် ဆိုလိုတဲ့ သဘောကတော့  လူတယောက်ဟာ သူတို့ တွက်ထားတဲ့ သက်တန်းအရ (၅၈)နှစ် နေရမယ်ဆိုပါတော့  ဒါဆို၇င် လူတဦးရဲ့ မျိုးရိုးစဉ်ဆက် (၁၀)ဆက် ပေးဆက်ရပါမယ် ဒါကိုညီမျှခြင်းထိုးလိုက်ရင်ဆွေ (ရ''ဆက်မျိုး ရ"ဆက်)မဟုတ်ဘဲ ဆွေ(၁၀ဆက်မျိုး၁၀ဆက်) သူတို့ ကိုမဲပေးရ မဲ့ သဘောလုံးဝသက်ရောက်တာပေါ့  ကဲရှင်းပါတယ်နော် သင်ချာဆြာကြီး ဓါးထက်ထက်

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP