အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Feb 8, 2010

ကမ္ဘာကျော် အဆိုအမိန့်  များ နှင့် ပေါက်ကရ အတွေးများ ....

ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများရဲ့  အတွေး အရေး အဆို အမိန့် များ ကို ဖတ်ကြည့် မိရင်း ၊ကမ္ဘာ မကျော် ဖွားကိ က ပေါက်ကရ တွေးကြည့်မိတယ် ၊ သူတို့ မှန်သလား ကိုယ်မှားသလား လို့  ၊ ဘယ်လိုပဲ ဖြစ်ဖြစ် လိုရာဆွဲတွေးလေ့ရှိတဲ့ အကျင့် ၊ ခေါင်းမာတတ်တဲ့ အကျင့် က သေရာပါ ဖျောက်မရ ဆိုသလို ရှိနေတာ မို့  တွေးမိတွေးရာ တွေကို ရေးမိရေးရာ ရေးချလိုက်မိတယ် ။ အမှားပါက ပြင်ဖတ်ကြပါ ။ ( ကိုယ်မှန်တယ်ထင်လို့ ရေးထားတာတွေ ဖြစ်တဲ့ အတွက် ၊ ကိုယ့်အမှားတွေကို ထောက်ပြရန် မလိုပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ် ) ။


အဒေါဖ့်ဟစ်တလာ က ပြောခဲ့ တယ် “သင်ဟာ တကယ်လို့ နိုင်ခဲ့ ရင် ဘာမှ ရှင်းပြနေစရာ မလိုဘူး ။ ဒါပေမဲ့  ရှုံးသွားခဲ့ ရင် တော့ ရှင်းပြဖို့ တောင် ဒီနေရာမှာ ရှိမနေသင့် တော့ဘူး ” တဲ့  ။
ဒါကြောင့်ပဲနေမှာ ..သူ့ တပည့်ကျော် ကိုယ်တို့ ရဲ့  ဘဘကြီး က ဘယ်လိုမှ အရှုံးမပေးတာ ၊ ဘာကိုမှ လည်းရှင်းမပြတော့တာပေါ့ ။ အပြိုင် အဆိုင်မဲ့  အနိုင်တွေနဲ့ ချည်းပါပဲလေ။




အီဗရာဟင် လင်ကွန်းက ပြောခဲ့တယ် ။ “လူတိုင်းကို ယုံကြည်ရင် အန္တရာယ်များတယ် ။ ဘယ်သူ့ ကိုမှ မယုံကြည်ရင် အလွန် အန္တရာယ်များ တယ်” တဲ့ ။
ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မှ မယုံရ လို့  ရှေးလူကြီးများကလည်း ပြောခဲ့ကြသေးတယ် ။
အင်း ဒီလိုသာဆို ခက်ချေပြီ ။ တလောကလုံး ဘယ်သူမှ မယုံကြည်ရပါလား ။
ဒါကြောင့် ဒီလူကြီး ဒီလို လုပ်တာ နေမှာ ပဲ ။ ကျော် နှစ်ကျော် တို့ ဒုက္ခ နဲ့ လှလှ တွေ့ ရရှာပြီ။

ဤနေရာမှ ရယူသော ပုံလေးပါ ။ ကိုဟန်လေး ရေးဆွဲ ထားတာပါ


“ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့  လူတိုင်းစဉ်းစားကြတယ် ။ ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်ဖို့  မစဉ်းစား ကြဘူး ” တဲ့  လီယို တောစတွိုင်း က ပြောခဲ့ တာပဲ ။
ဒို့  ဘဘကြီး လည်း ဒီစကားကို မှတ်သား လိုက်နာ ပုံရတယ် ။ သူ့ ကိုယ်သူ ဘယ်တော့ မှ ပြောင်းလဲ မှာ မဟုတ်ဖူး ။


အိုင်းစတိန်းကပြောခဲ့တာ “ အကယ်၍ လူတယောက်ဟာ သူ့ ဘဝ တလျှောက်လုံးမှာ ဘယ်သောအခါမျှ အမှား တခု မလုပ်ခဲ့ ဟူထင်ပါက ထိုသူမှာ သူ့ ဘဝတလျှောက်လုံး၊ မည်သည့် အရာ အသစ် ကိုမျှ ကြိုးပန်းလုပ်ဆောင် ခဲ့ခြင်း မရှိ ဟု မည်၏ ”
မမှားသော ရှေ့ နေ ၊ မသေသောဆေးသမား ။ လူဆိုတာ မှားကြမှာပဲလေ ။ များများလုပ်သူ များများ မှားမယ်ပေါ့ ။ဘာမှမလုပ်သူ ဘာမှ မမှားဘူးပေါ့ ။
အမှားတွေချည်း ရွေးလုပ်နေသူဆို အမှားတရံ များစွာ နဲ့  အမှန်တရားဆိုတာ မရှိတော့ ပေဘူးပေါ့ ။ သူလည်းလေ လောကီသားပေမို့  ၊ များများကြီးလုပ်နေလို့  များများပဲ မှားရတာပါ ။ ခွင့်လွှတ်သင့်ပါတယ် ။


ချားလ်စ်ဒစ်ကင် ကပြော ခဲ့တယ် ။ “ ယုံကြည်မှု ၊ခင်မင်ဆက်ဆံမှု ၊ ကတိ ၊ အသည်းနှလုံး ၊ ဒီ ၄ မျိုးကို မကွဲပျက်စေ နဲ့  ၊ ဘာလို့ လည်းဆိုတော့ ဒီ အရာ ၄ မျိုး ကွဲပျက်တဲ့အခါ မှာ ဘာ အသံမှ မမြည်ပေမဲ့  အတော်လေးနာကျင်စေလို့ ပါ ” တဲ့ ။
အို ၊ ကိုယ်မနာ ရင် ပီးတာပဲလေ ။ သူ့ ဟာ သူ ဘာသံ မြည် မြည်ပေါ့ ။ ဒီအရာ ၄ ခုက ဗိုက်ပြည့်စေတာမှ မဟုတ်တာ ၊
ဒီတော့ ဒီတော့ ကိုယ့်ဆွေမျိုးသားချင်းတတွေ စားရ ဝါးရ ဝတ်ဆင်ရရင် ဘယ် ယုံကြည်မှု ၊ ခင်မင်ဆက်ဆံမှု ၊ ကတိ ၊ အသည်းနှလုံး တွေမှ အရေးမကြီးလှပေဘူး ။ ( ချားလ်စ် အတွေးက နုပါသေးတယ် ။ တို့ တတွေ ဘဘကြီး အိပ်နေသလောက်တောင် မရှိပါလား ကွယ် )


ဝီလီယံ ရှိတ်စပီးယား ပြောခဲ့ တဲ့  အောင်မြင်မှု အတွက် အချက် ၃ ချက် ..“ သူများထက် ပိုသိရမည် ။ သူများထက် ပိုလုပ်ရမည် ။ သူများလောက် မျှော်လင့်မှု မထားရ ” တဲ့ ။
ဘဘကြီးလည်း သူများတွေထက် ပိုသိပါတယ် ။ သူများတွေထက် ပို(ဖိ) လုပ် ပါတယ် ။ သူ နဲ့ သူ့ လူတွေ စားဖို့  ဝါး ဖို့။့ သိပ်မျှော်လင့် မထားပါဘူး ။ နေရာ ဖယ်ပေးဖို့  ။


မာသာထရီဆာ က ပြောခဲ့ တယ် “ အကယ်၍သင်ဟာ လူများအတွက် တရားမျှတရေးကိုသာ လုပ်ဆောင်နေရလျှင် ထိုသူများအား ချစ်ရန် အချိန်ရှိမည် မဟုတ်ပါ” တဲ့ ။
ဒါကြောင့်ဖြစ်မယ် ဘဘကြီးခမြာ သူ့  ပြည်သူတွေကို ချစ်ရန် အချိန်လုံးဝ မရှိခဲ့တာပေါ့ ။ဒါသူ့ အပြစ်မဟုတ်ရှာပါဘုး ။ ရှေ့ ကလူတွေပြောသွားခဲ့ကြတဲ့ အတိုင်း လုပ်နေရှာသားပဲ လေ ။

ဒီနေ့ တော့ ဒီလောက်ပဲ လိုရာဆွဲပြီး ပေါက်ကရတွေ တွေးလိုက်ပါတယ် ။ ရှေ့ ဆက်တွေး ရင် ရွာသာကြီး နဲ့ ပိုနီးလာမှာမို့  ။း)

16 comments:

လသာည Tuesday, February 09, 2010 12:58:00 AM  

အဆိုအားလုံးကို ကြိုက်တယ်။ လီယို တောစတွိုင်းရဲ့အဆိုကို အကြိုက်ဆုံးပဲ.. အိုင်စတိုင်းပြောတာကိုလည်း ကြိုက်တယ်။ တို့က ခဏခဏမှားမှားနေလို့လေ :D

Ko Min Htet Tuesday, February 09, 2010 4:40:00 AM  

သားသားကတော့ အဆိုအားလုံးထဲမှာ ဖွါးကိရဲ့အဆိုကို အကြိုက်ဆုံးပဲ။

”ကိုယ်မှန်တယ်ထင်လို့ ရေးထားတာတွေ ဖြစ်တဲ့ အတွက် ၊ ကိုယ့်အမှားတွေကို ထောက်ပြရန် မလိုပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်”

တော်လိုက်တဲ့ ဖွါးကိ၊ ဒါမှ သားသားရဲ့ ဖွါးကိ။

ခြေလှမ်းသစ် Tuesday, February 09, 2010 9:57:00 AM  

ဖွားကိရဲ့ အထောက်အပို့လေးတွေက တယ်ကောင်းသကိုးဗျ ... ဘာကြောင့် အမှန်လေးတွေ ချည်း သုံးသပ်ပြနေရတာလဲဗျ .....

ရွှေရတုမှတ်တမ်း Tuesday, February 09, 2010 10:07:00 AM  

ရှေးထုံးကိုမပယ်နဲ့ဆိုလို့..မပယ်ရတာ..
နားလည်သဘောပေါက်ပေးပါ

ပုံ

ဘဘရွှေ

အိုက်ခီလောက် Tuesday, February 09, 2010 10:33:00 AM  

အမား ပုံလေးတွေ မမြင်ဖူးလို့ ကြည့်သွားတယ် ဒါပဲ
စကားလုံးတွေတော့မှတ်တော့ပါဘူးလေ
မေ့မယ့်တူတူ တစ်ခါဖတ်ပြီးမေ့လိုက်တော့မယ် အဟီး

အိမ် Tuesday, February 09, 2010 4:36:00 PM  

တန်ဖိုးရှိလိုက်တာဗျာ.... အတွေးလေးလဲ ကြိုက်တယ်... ဟိဟိ ပြန်ရင်တော့ သတိထားဗျို့ တော်ကြာ မျိုးကြီးဆိုထားသလို အိုးဟို့... ဒီကစောင့်နေသူ ဆိုပြီး လေဆိပ်မှာ လာစောင့်နေဦးမယ်.. ဟားဟား

တောင်ပေါ်သား Tuesday, February 09, 2010 4:37:00 PM  

ဖွားကီ မှတ်သွားတယ် ကိုယ့်အထင်နဲ့ကိုယ် မှတ်တယ်ဗျာ ဘာဖြစ်လဲ ဟွန်းးးးးးးးးးး လိုရာဆွဲတွေးဦးမှး)


လေးစားလျက်
တောင်ပေါ်သား

ahphyulay Tuesday, February 09, 2010 7:15:00 PM  

မမကီရေ့ 
ကောင်းလိုက်တဲ့  နှုင်းယှဉ် ချက်လေး။
သူလဲ ကျော်ကြား တဲ့  အထဲမှာပါပြီး ကွယ်လွန်သွားရင်
တောင် ကျော်ကြား နေအုံးမဲ့  သူပါပဲ။
ဒါပေမဲ့  ကွယ်လွန်ရင် သူ့ ကို ဘယ်မှာ ထားကြမလဲဟင် ။
အကျော်ကြားဆုံး ပုဂိုလ် ကြီးဖြစ်တဲ့  အတွက် ကျွန်တော်တို့ 
လို အမှိုင်ပုံ ကြီးထဲမှာ သူ့ ကို ထားဘို့  တန်ပါ့  မလား။
အခုတောင် ဒီလောက် ခိုက်နေရင် .......
အင်း သိပ်ကောင်းတယ် မမကီ ။

ကိုချစ်ဖေ Tuesday, February 09, 2010 7:23:00 PM  

ဘဘ၀န်ကြီးချူပ်ဦးသိန်းစိန် နာဂစ်တုန်းက လပ္ပတ္တာမှာပြောခဲ့တဲ့ မိန့်ခွန်းဆိုလဲ မှတ်သားလောက်စရာလေ ဒေါ်ကိ ထည့်ရေးသင့်တာပေါ့..
“ ဟဲဟဲ..ခင်ဗျားတို့ ခုဘာလိုတယ်ဆိုတာသိသွားပြီ ထမင်းစားပန်းကန် မတ်ခွက် ဒါတွေလိုမယ်
ကျနော်ပြန်လိုက်ဦးမယ်” ဆိုတာလေ.ဟိ.

အောင်သာငယ် Tuesday, February 09, 2010 7:32:00 PM  

မယ်ကိရေ...
ဆရာလုပ်တာတော့ မဟုတ်ဘူး...
If you judge people, you have no time to love them. ရဲ့ ဆိုလိုရင်းက
“ အကယ်၍သင်ဟာ လူများအတွက် တရားမျှတရေးကိုသာ လုပ်ဆောင်နေရလျှင် ထိုသူများအား ချစ်ရန် အချိန်ရှိမည် မဟုတ်ပါ” လို့ အဓိပ္ပါယ် မရဘူး ထင်တယ်...

“လူများကို သင်က တန်ဖိုးဖြတ်နေလျင် ထိုလူများကို ချစ်ခင်ဖို့ရန် သင့်မှာ အချိန်ရှိတော့မည် မဟုတ်ပါ” လို့ ဆိုလိုတာလို့ ထင်ပါတယ်...

အကိုငယ်ကြီး

ဂျေဂျူဝိုင် Tuesday, February 09, 2010 9:18:00 PM  

အမ ကိကိ စာသားတွေ အားလုံးကို ကြိုက်တယ်။ မမကိကိ ကြိုက်လို့ ဟစ်တလာရဲ့ စကားကို အပေါ် တင်ထားတယ်လို့ ထင်တယ်။ ကျွန်တော်လည်း ကြိုက်တယ်ဗျာ။

Nge Naing Wednesday, February 10, 2010 12:16:00 PM  

ကိကိရေ အဆိုမိန့်လေးတွေ လေ့လာသွားတယ်။ Tag ထားတာလည်း မမေ့နဲ့နော့်။

အင်ကြင်းသန့် Wednesday, February 10, 2010 10:51:00 PM  

ကဲကဲ...ဒေါ်ကိကိ
ရွာသာကြီးရောက်ပြီ...ဆင်းတော့ :D

မမကိ ချစ်လို့စတာစိတ်ဆိုးနဲ့နော်

ချစ်ညလေး

Angel Shaper Thursday, February 11, 2010 9:12:00 PM  

ဖွားကီရေ....
သာမီးကြီးတော့ အမှန်တရားလေးတွေ အားပေးသွားတယ်။ သိပ်သဘောကျတယ်နော်။

ကိုလူထွေး Saturday, February 13, 2010 5:09:00 PM  

စာဖတ်သူတွေကိုပဲ ဆုံးမဖို့ ကြိုးစာနေတယ်...

ကိုယ့်ကိုကိုယ်ရော ဆုံးမဖို့ စဉ်းစားပြီးပြီလား ဖွားကိ...

းဝ)

ဘွားကိ့ ရဲ့ ကွိ့,  Monday, March 01, 2010 3:30:00 AM  

ဘွားကိ့ တို့ အဆိုကတော့ ကမ္ဘာ့ ထိပ်တန်းဝင် အဆိုတစ်ခု ထဲမှာ ပါသွားပြန်ပြီပေါ့ ဘွားကိ့ တို့ လုပ်ချလိုက်ပုံများ တွေးမှန် လွန်းတယ် ......:D

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP